ကိုရီးယား အာလူးကြော်

1

“[감자 볶음,GamJa-Bokkeum]ကိုရီးယား အာလူးကြော်”

ကိုရီးယားနိုင်ငံရဲ့ စာဖိုမှူးကြီး ဘတ်ဂျွန်းဝမ်ရဲ့ အရံဟင်းလျာ တစ်မျိုးဖြစ်တဲ့ အာလူးကြော် ချက်နည်းလေးကို ပြောပြပေးမှာ ဖြစ်ပါတယ်..

အာလူး (အလတ်ဆိုဒ်) ၂လုံး ၊ မုန်လာဥနီ ၁/၆စိတ် ၊ ကြက်သွန်နီ ၁ခြမ်း ၊ ဆား ၊ rice cooking wine (ဆန်အရက်) ၁ဇွန်း ၊ ငရုတ်ကောင်း...
အာလူးအလတ်ဆိုဒ် ၂လုံးလောက်သုံးပါမယ် ။
တစ်ပန်ကန်စာလောက်တော့ရပါတယ် ။

ပြုလုပ်နည်း
အာလူးအောက်ပိုင်းကို အရင် လှီးထုတ်ပါ။
လှီးနည်းကို ပြောပြမယ်နော်။ အရင်းပိုင်းကနေ စပြီး
အဝိုင်းလှီးသွားပြီး အဝိုင်းအားလုံးကို အချောင်းလေးတွေ ပြန်လှီးလိုက်တာပါပဲ..
အဝိုင်းလှီးတဲ့ အခါ အရမ်း မထူမပါး သင့်တင့်သလောက် ပဲ လှီးပါမယ် ။ အချောင်းပြန် လှီးတဲ့ အခါလည်း သင့်တင့်သလောက်ပဲ လှီးတာ ကောင်းပါတယ် ။ ဒါမှ ကျက်တဲ့ အချိန် သင့်တင့်ပြီး အဆင်ပြေမှာပါ ။
အချိုအရသာလေး ဝင်မှ အရသာလေးပိုကောင်းမှာလေ။ ဒါကြောင့် ကြက်သွန်နီလေးရဲ့ အချိုအရသာလေးကို ထည့်ပေးရမှာ ဖြစ်ပါတယ် ။ သူ့ကိုလည်း ဝိုင်းဝိုင်းလှီးပေးထားပါ။
မုန်လာဥနီကိုလည်း အချောင်းချောင်းလေးတွေ လှီးကါ ။ အသီးအနံ့ဆိုတာ ထူထူလှီးလည်း
ကျက်ပေမယ့် အချိန်ကြာတာပေမယ့်
ဖြစ်နိုင်ရင် ပါးပါးသာ လှီးပေးပါ။
ဒါဆိုရင် စကြော်လိုက်ကြရအောင်နော်!!
အိုးပြားထဲကို ဆီများများ ထည့်သုတ်ထားပါ။ (အိုးကို နေရာအနံ့ ဆီရောက်အောင် လုပ်ပေးပါ ။မဟုတ်ရင် ကပ်ကုန်ပါလိမ့်မယ်) ဆရာဘတ်ရဲ့ အာလူးကြော်ဟင်းလျာရဲ့
ပထမဆုံးtipကတော့ ပွက်ပွက်ဆူနေနဲ့ ရေထဲမှာ အာလူးထည့်ပြီး အနည်းငယ် ပြုတ်ပေးရတာပါ။
။ပွက်ပွက်ဆူနေတဲ့ ရေထဲကို ဆား ဝ.၅ဇွန်းလောက် ထည့်ပြီး အာလူးကို ခဏ ပြုတ်ပေးပါ။ ဒါမှ အာလူးထဲလည်း အရသာလေး ဝင်ပြီး ကြော်တဲ့အခါ အရမ်းအရသာရှိတာပါ။
နောက်တစ်ခု ဂရုစိုက်ရမှာက ပြုတ်တဲ့အခါ အကြာကြီး ပြုတ်လို့ မဖြစ်တာကိုပါ ။ အဲ့တာကြောင့် ခဏပဲ ပြုတ်ပေးရပါမယ် ။ ပြုတ်ပြီးရင် ရေစစ်ချပေးရပါမယ် ။ဆီအိုးထဲကို
အရင်ဆုံး မုန်လာဥနီ နဲ့ ကြက်သွန်နီကို အရင်စထည့်ပါမယ် ။မုန်လာဥနီ နဲ့ ကြက်သွန်ဖြူက အနည်းငယ် ကျက်ပြီဆိုရင်

ပြုတ်ထားတဲ့ အာလူးတွေကို ထည့်ပါမယ် ။ ဒီနေရာမှာ pointတစ်ခုက မတူး မကပ်အောင် ဆက်တိုက် မွှေပေးနေရပါမယ်နော်။ ပြုတ်ပြီးသားမလို့ အကြာကြီး ကြော်စရာမလိုတော့ပါဘူး။ ကြော်နေတုန်း တစ်ဖက်လောက် မြည်းကြည့်ပြီး လိုတာရှိရင်တော့ ဆားထည့်ပေါ့နော်။ ... ကျွန်မတို့အိမ်ကတော့ ဆားဝ.၂~ဝ.၃ဇွန်းလောက် ထည့်ပြီး ဆန်အရက် ၁ဇွန်းလောက် ထည့်ပါတယ်။အရသာမြည်းပြီးရင်
ပန်းကန်လေးမှာ ထည့်ပြီး ဆရာဘတ် ပြောတဲ့အတိုင်း ကြက်သွန်မြိတ်လေးနဲ့ ငရုတ်သီးစိမ်းလေး ထည့်စားလည်း ပိုအရသာရှိတာပေါ့နော့်။ ကျွန်မကတော့ ရှုပ်လို့ မထည့်တော့ဘူး။ အဲ့အစာ parsley မှုန့်ရှိတာနဲ့ အဲ့တာလေး
နည်းနည်းဖြူးပေးလိုက်ပါတယ်

Credit : Facebook Shares

Ingredients

Directions