ကိုရီးယား အမဲနံရိုးကင်

1

ကိုရီးယား အမဲနံရိုးကင် (Korean BBQ shrot ribs/ Galbi)

ကိုရီးယား အမဲနံရိုးကင်ကတော့ ကိုရီးယားအကင်တွေထဲမှာတော့ လူကြိုက်များတဲ့အကင်တမျိုးပါပဲ။ လုပ်နည်းကတော့ အခြားကိုရီးယားအသားကင်တွေနဲ့သိပ်မကွာပါဘူး။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ အမဲနံရိုး - ၄၀ သား (သို့) ၁ ပေါင်ခွဲ
၂။ ပဲငံပြာရည်အကြည် -ထမင်းစားဇွန်း ၃ ဇွန်း (သို့) ၄ ဇွန်း
၃။ သကြားအညို - ထမင်းစားဇွန်း ၂ ဇွန်း (သကြားအညိုမရှိရင် အဖြူထည့်လို့လဲရပါတယ်။)
၄။ နှမ်းဆီ- ထမင်းစားဇွန်း ၁ ဇွန်း
၅။ အချောင်းလိုက်လှီးထားသော ဂျင်း- အနည်းငယ်
၆။ ကြက်သွန်ဖြူ - ၃ မွှာ
၇။ ငရုတ်ကောင်း- လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၈။ ပန်းသီးဖျော်ရည် (သို့) နာနတ်သီးဖျော်ရည် - ထမင်းစားဇွန်း ၁၀ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ အမဲနံရိုးကို အချောင်းအရှည်လိုက်ခုတ်ထားပါ။ ကြက်သွန်ဖြူကို တောက်တောက်စဉ်းထားပါ။
၂။ ဇလုံတခုထဲကို အမဲနံရိုးထည့်၊ တောက်တောက်စဉ်းထားသော ကြက်သွန်ဖြူ၊ ဂျင်းအချောင်း၊ ပဲငံပြာရည်အကြည်၊ သကြားအညို၊ နှမ်းဆီ၊ငရုတ်ကောင်း၊ တရုတ်ဟင်းချက်ဝိုင်၊အသီးဖျော်ရည်တို့ကိုထည့်ရ်ျ အနည်းဆုံး ၄ နာရီနှပ်ထားပါ။ တညသိပ်နှပ်ထားရင် ပိုစားကောင်းပါတယ်။
၃။ အမဲနံရိုးများကိုကင်ရာမှာ မီးအရမ်းမပြင်းပါနဲ့။ မီးအရမ်းပြင်းရင် အတွင်းသားတွေမကျက်ပဲဖြစ်တတ်ပါတယ်။ ကင်နေတုန်းမှာ နှပ်ထားသောအရည်များကိုသုတ်ပေးပါ။ ဟိုဘက်ဒီဘက် ၂ ဖက်လုံးကျက်အောင်ကင်ပြီး ဆလပ်ရွက်လေးဖြင့် သုံးဆောင်နိုင်ပါပြီ။

Crd.Eisan See less

Credit : Facebook Shares

Ingredients

Directions