ကိုရီးယား သခွါးသီး မုန်လာဥသုပ်

1

“ကိုရီးယား သခွါးသီး မုန်လာဥသုပ်”
.
“[오이무생채 ,Oi-Musaengchae,Korean Cucumber Radish Salad]”
.
ဒီတစ်ခါ Recipeလေးကတော့ ချဉ်ငန်စပ်ကြိုက်သူတွေ နှစ်သက်မယ့် ချဉ်ငန်စပ် အရသာနဲ့ ကိုရီးယား သခွါးသီး မုန်လာဥ အသုပ်လေးပဲ ဖြစ်ပါတယ်..

မုန်လာဥ ၂လုံး ၊ ကြက်သွန်မြိတ် (အကြီးစား) ပါးပါးလှီး ၊ သခွါးသီး တစ်ခြမ်း ..

အနှစ်ပြုလုပ်ရန် ပါဝင်ပစ္စည်း...
ငရုတ်သီးမှုန့် (အနု) ၁/၃ဇွန်း ၊ ငရုတ်သီးမှုန့် (အကြမ်း) ၁/၃ဇွန်း ၊ငံပြာရည် ၁/၄ဇွန်း ၊ သကြား ၁/၃ဇွန်း ၊ မက်မန်းဝိုင် ၁ဇွန်း ၊ ကြက်သွန်ဖြူနုပ်နုပ် ၁ဇွန်း ၊ နှန်း အနည်းငယ်....

[ကြက်သွန်ဖြူနုပ်နုပ် နဲ့ မက်မန်းဝိုင် နဲ့ တစ်ခြားပစ္စည်းတွေကို လူကြီးထမင်းစားဇွန်း နဲ့ တိုင်းထည့်ကါမယ် ၊ မက်မန်းဝိုင်အစား ရှာလကာရည်လည်း သုံးလို့ရပါတယ် ။ ငရုတ်သီးမှုန့် (အကြမ်း )ရှာမရရင် ဒီတိုင်းရိုးရိုး ငရုတ်သီးမှုန့်ပဲ ထပ်ထည့်ပေးလိုက်ပါ]
သခွါးသီးပဲ သုပ်သုပ် မုန်လာဥပဲ သုပ်သုပ် အရမ်းများလေ အရသာပိုကောင်းလေပဲ ဆိုတာသိလား??ဒီတိုင်း တစ်ခါတည်းစားမယ့် ပမာဏဖြစ်ဖြစ် တစ်ရက်နှစ်ရက်စားလောက်ဖြစ်ဖြစ် ကြိုတင်ပြုလုပ်ထားလို့ရပါတယ် ။
အရင်ဆုံး မုန်လာဥကို အချောင်းချောင်းလေးတွေ လှီးထားပါ ။မုန်လာဥကို အချောင်း မလှီးလည်းရပါတယ်။ သခွါးသီးကိုတော့ လခြမ်းပုံစံလှီးပါမယ် ။ လခြမ်းပုံမှ ဖြစ်မယ်လို့တော့လည်း မဟုတ်ပါဘူး အဆင်ပြေသလိုပေ့ါ... ဝိုင်းဝိုင်းလှီးလည်း ရတာပါပဲ..အရင်ဆုံး မုန်လာဥထဲကို ငရုတ်သီး မှုန့် ထည့်ပါ။အရင်ဆုံးတော့ ငရုတ်သီးမှုန့်က မုန်လာဥမှာ ကပ်နေသလိုပဲ ခံစားရပေမယ့် နည်းနည်းကြာရင်တော့ တစ်သားတည်း နှစ်မြှုပ်သွားမှာပါ..

ဒါပြီးရင် ကျန်တဲ့ ပစ္စည်းတွေကို ထည့်ပါမယ် ။ အနှစ်တွေအထိပါ အကုန်ထည့်ပေးပါမယ်။ပြီးရင် အားရပါးရ နယ်ပေးလိုက်ရင် ရပါပြီ... ဘယ်လိုလဲ မခက်ဘူးမလား...
ကျွန်မကတော့ မက်မန်းဝိုင်ကို ထည့်တာကြောင့် ချဉ်တဲ့ အရသာထွက်ပါတယ် ။မက်မန်းဝိုင်မရှိရင် ရှာလကာရည် အစားထိုးပေးပါ။ ရှာလကာရည်ကတော့ ၂ဆလောက် ပိုချဉ်တာမို့ မက်မန်းဝိုင် အတိုင်းအဆထက် တစ်ဝက်လောက် လျော့ထည့်ပေါ့နော်..
ကျွန်မက သခွါးသီးကို ဆားမစိမ်ဘဲ ထည့်ထားမို့ ပေါ့မယ် ထင်တဲ့ သူများကတော့ ဆားထပ်ထည့်လို့ရပါတယ် ။
နှမ်းလေး အနည်းငယ် ဖြူးလိုက်ရင်တော့ ပြီးပြည့်စုံသွားပါပြီ... ကျွန်မကတော့ အချဉ်ထဲကို နှမ်းဆီထည့်ရတာ မကြိုက်လို့ မထည့်တော့ပါဘူး။ နှမ်းဆီထည့်ချင်တဲ့ သူများကတော့ ထည့်နိူင်ပါတယ်။
ကဲ ပန်းကန်လှလှလေးထဲ ထည့်ပြီးရင် အရသညရှိစွာ စားသုံးဖို့ပဲ ကျန်တော့တာပါ... ပိုချဉ်တာ ကြိုက်ကြတယ်ဆိုရင်တော့ မက်မန်းဝိုင်ကို ကျွန်မပြောတဲ့အတိုင်းအဆထက် ပိုထည့်ပေးကြပေါ့နော့်..
အိမ်မှာ သခွါးသီးမရှိဘူးဆိုလည်း သခွါးသီးမထည့်ဘဲ မုန်လာဥချည်းပဲ သုပ်စားလို့လည်းရတာပဲနော်...

Credit : Facebook Shares

Ingredients

Directions