ကိုရီးယား ဝက်သားကသလိပ်ကြော်

1

“ကိုရီးယား ဝက်သားကသလိပ်ကြော်”

ဒီတစ်ခါ တင်ဆက်ပေးမယ့် စားချင့်စဖွယ် ကိုရီးယား အစားအသောက်ကတော့ ဝက်သားပြားကသလိပ်ကြော်နည်းလေးပဲ ဖြစ်ပါတယ်..လွယ်ကူမြန်ဆန်စွာ ချက်စားဖို့
မျှဝေပေးလိုက်ပါတယ်နော်.....
ဒီလိုမျိုးစားချင့်စဖွယ် အရသာရှိပြီး အိမ်မှာတင် လွယ်လွယ်ကူကူ ချက်စားနိုင်မယ့် ဝက်သားပြားကတ်သလိပ်ကြော်နည်းကို ပြောပြပေးလိုက်ပါတယ်

ဝက်သား အတုံး တုံးပြီးသား ၁၇၀၀ဂရမ်
ကြက်သွန်ဖြူ ၂ခု ၊ ဂျင်း အနည်းငယ်၊ ဆား ဇွန်းသေး ၁ဇွန်း ၊ငရုတ်ကောင်း ဇွန်းသေး တစ်ဝက် ၊ ဂျုံ ၁ခွက်၊ ကြက်ဥ ၂လုံး၊ မုန့်ကြွပ်မှုန့် ၂~၃ခွက် ၊ ဆီ(ဟင်းသီးဟင်းရွက်ဆီ)

အတုံးတုံးထားတဲ့ အသားကို ဂျင်းနဲ့ ကြက်သွန်ဖြူ ဆား ငရုတ်ကောင်းတိုနဲ့ နယ်ပါမယ်။ပြီးရင် ဂျုံမှုန့်၊ ကြက်ဥ ၊ မုန့်ကြွပ်မှုန့်ကိုကို ပြင်ဆင်ပါမယ်
အသားထဲကို အရသာနယ်ပြီး ၁၀မိနစ်လောက် သိပ်ထားပါမယ်။ခုနက အသားတွေကို ဂျုံမှုန့် ➡️ကြက်ဥ➡️မုန့်ကြွပ်မုန့်တို့နဲ့ နှစ်ပါမယ်။ကပ်ပြီးရင် လင်ပန်းတစ်ခုထဲကို ရွေ့ပြီး ကွာမကျအောင် သေချာလေ နယ်ပေးတော့ ကြည့်ရတာ တော်တော်ကြီးသွားတယ်..
တစ်ခါတည်းကြီးကြီး လှီးထားလို့လား မသိဘူး
နယ်ရင် နယ်သလောက်ကို ကြီးလာတာပါ
နောက်ဆုံး လင်ပန်း တစ်ခုလုံး ပြည့်သွားပြီ
ဒီလိုနဲ့ပဲ လင်ပန်းထဲမှာ အသားလေးတုံးနဲ့တင် ပြည့်သွားပါပြီ

အိုးပြားထဲကို ဆီထည့်ပြီးလို့ ဆီပူလာရင် အသားကို ထည့်ပါမယ်..
ဆီရဲ့ ပမာဏကိုတော့ အသားတုံးရဲ့ အောက်ခြေ မြုပ်လောက်တဲ့ထိ ထည့်ပေးရင် ရပါတယ်။ လုံးဝ အတုံးလိုက်ကြီး မြှုပ်မသွားလည်း ဖြစ်ပါတယ်။
ဟိုဘက် ဒီဘက် ရွှေညိုရောင် သန်းတဲ့ထိ ကြော်ပြီးရင် ဆယ်ထားတဲ့ အသားတုံးတွေကို ဆီဆုပ် စက္ကူနဲ့ ဆီတွေ ဆုပ်ပါမယ်။အိုးထဲကို ဆား၊ Macaroni ထည့်ပြီး ၈မိနစ်လောက် ပြုတ်ပြီး နောက်ဆုံးမှာ လှီးထားတဲ့ မုန်လာဥနီကိုပါ ထည့်ပြီး ပြုတ်ပါ။
လင်ပန်းထဲကို ထည့်ပြီး ရေအေး ထဲမှာ ခဏစိမ်ပြီးတဲ့နောက် ရေစစ်ချပါမယ်။ မရော့နိစ်(Mayonnaise)၊ သကြား အနည်းငယ်၊ ငရုတ်ကောင်းတို့ကို နယ်လိုက်ရင် Macaroni salad ပြီးမြောက်ပါပြီ….ပန်းကန်ကြီးကြီးထဲကို အသားကြော် ထည့်ပြီး ဂေါ်ဖီထုပ် ပါးပါးနဲ့ Macaroni saladကို အသင့်အတင့်လောက်ထည့်ပြီး ဝယ်ထားတဲ့ (Donga sauce)အသားဆော့စ် ကို အသင့်အတင့်လောက် ထည့်ပါ။
**donga sauce ကိုလုပ်မလို့ လုပ်သေးပေမယ့် အရမ်းပူလို့ ဒီတစ်ခါတော့ ကျော်လိုက်ပါမယ်….!!!
ဒီတိုင်း ဝယ်ထားတဲ့ ဆော့စ်နဲ့သာ လုပ်လိုက်ပါတယ်
ဒီဝက်သားတုံးကြော်ဟာ ကိုယ်တိုင် လုပ်စားရင်
ပုံထဲမှာ မြင်ရတာထက် ပိုကြီးပါတယ်နော် S

Credit : Facebook Shares

Ingredients

Directions