ကိုရီးယား ဝက်နံရိုးပေါင်း

1

“ ဝက်သား Galbi Jiim(ဂါလ်ဘီကျင်းမ်) (or)
ကိုရီးယား ဝက်နံရိုးပေါင်း “

ဒီတစ်ခေါက်မှာ လူကြီးမင်းတို့အတွက် မနေ့ကနဲ့ မတူတဲ့ ဂါလ်ဘီ တစ်မျိုးဖြစ်တဲ့ ဝက်သား ဂါလ်ဘီ (ဝက်နံရိုးပေါင်း) ချက်ပြုတ်နည်းကို ရိုးရှင်း လွယ်ကူအောင် ပြောပြသွားမှာ ဖြစ်ပါတယ်...
ပမာဏချိန်ဆတဲ့အခါ ထမင်းစားဇွန်းနဲ့ စက္ကူခွက်ကိုသာသုံးပါမယ်…

ဝက်နံရိုး ၁ကီလို ၊ အာလူး ၁လုံး ၊ မုန်လာဥနီ ၃ပုံ၁ပုံ ခြမ်း၊ ကြက်သွန်မြိတ် ၁စည်း ၊ မှိုဘုရင်(Oyster Mushroom) ၁ပွင့် ၊ တော့ပူကီ ဆန်ချောင်း အနည်းငယ် ၊ ကြာဇံ ၊ Oligo ၁ဇွန်း ၊ ငရုတ်ကောင်း ၊ ဇီးသီးခြောက် ၊ ငရုတ်ကောင်းစေ့ ၊
ပျဉ်တော်သိမ်ရွက် ၊

ပန်းသီး ၁လုံး ၊ ကြက်သွန်နီ ၁လုံး ၊ ကြိတ်ထားတဲ့ သစ်တော်သီးအရည် ၁ဗူး ၊ ဟင်းသီးဟင်းရွက် Juice၂၀၀ml
(ကြက်သွန်မြိတ် ၊ မုန်လာဥ ၊ ရေညှိ တို့ပါဝင်သော Juice) ၊
ပဲငံပြာရည် (အပြစ်) ၁၀၀ ml ၊ ကြက်သွန်ဖြူ (နုပ်နုပ်စင်း
) ၂ဇွန်း ၊ ဇီးသီးခြောက် ၃ဇွန်း ၊ သကြား ၁ဇွန်း

၁. အသားအရင်ဆေးမယ်…
၁ကီလိုလောက် ပမာဏရှိတယ် အသားဆိုတော့ လူကြီး ၂ယောက် ကလေး၂ယောက်စာလောက်ဆို လုံလောက်တဲ့ ပမာဏဖြစ်ပါတယ်...။ ဝယ်လာကတည်းက ကိုင်ပြီး ဆေးပြီးသား ဆိုတော့ သိပ်ဘာမှ လုပ်စရာမလိုပါဘူး..။
တစ်ခါတည်း အရင် သွေးတွေကို ဆေးကြောဖို့ လုပ်ရပါမယ် ။ ချက်ရတာ သိပ်တော့ မခက်ခဲလှပါဘူး ။ ပြင်ဆင်ရတဲ့ အချိန်လေး အနည်းငယ်ကြာတာပဲ ရှိတာကြောင့် အနည်းငယ် ခက်ခဲတယ် ထင်ရတာပေါ့လေ ။ သွေးတွေ ပြောင်အောင် ဆေးရတယ် ပြီးရင် အနှစ်ကလုပ်ရသေးတဲ့ အချိန်တွေကြောင်း အချိန်တော့ နည်းနည်း ယူရပါမယ် ။ သွေးတွေပြောင်အောင် ၂နာရီလောက် ရေလဲလဲ ပေးပြီးမှ ဆေးရပါမယ်..
.
၂. အသီးအရွက်တွေ ပြင်ဆင်မယ်..
ဒီနေရာမှာ ပထမဆုံး ပြင်ရမှာက Vegetables Juiceပဲ ဖြစ်ပါတယ်… အနှစ်အတွက် အဓိက အခြေခံလည်း ဖြစ်ပါတယ်..။ ရိုးရိုးရေထက် Vegetable Juiceကို သုံးမယ်ဆိုရင် အသားရဲ့ နူးညံ့မှုနဲ့ အရသာရှိမှုကို ၂ဆ ပိုခံစားနိုင်မှာ ဖြစ်ပါတယ်…
ကဲဒါဆို ဒီJuice ၅၀၀mlလောက်ထဲမှာ ကြက်သွန်နီ ၁ခြမ်း ၊ကြက်သွန်မြိန် ၁ပင် ၊ မုန်လာဥ တစ်စိတ် ၊ ရေညှိ ၃~၄ ချပ် ထည့်ပြီး မီးအသင့်အတင့်နဲ့ ၅မိနစ်လောက် ပြုတိပါမယ်… ပြုတ်ထားတဲ့ အရည်တွေကို အအေးခံပြီး ရလာတဲ့ အရည်၂၀၀ mlကိုပဲ သုံးမှာပါ.. ကျန်တဲ့ အရည်တွေကိုလည်း လွှင့်မပစ်ပဲနဲ့ နံရိုးပေါင်းလို့ အရည်နည်းတယ် ထင်တဲ့ခါ ထပ်ထည့်လို့ရတာပေါ့လေ...

၃. သစ်သီး Juice အတွက် အသင့်ပြင်မယ်…
ရေခဲသေတ္တာထဲမှာ ရှိတဲ့ ပန်းသီး တစ်လုံးနဲ့ ကြက်သွန်နီ တစ်ခြမ်း ၊ ပြီးတော့ ကျွန်မ အမြဲ သုံးလေ့ရှိတဲ့ သစ်တော်သီး အရည် ၁ဗူး တို့ အားလုံကို Blenderထဲ ထည့်ပြီး ကြိတ်လိုက်ပါတယ်...

ထွက်လာတဲ့ သစ်သီးအဖတ် နဲ့ အရည်ကို ဇကာ သို့ မဟုတ် ပိတ်စ တစ်ခုထဲ ထည့်ပြီး အရည်သတ်သတ် အဖတ်သတ်သတ် ကွဲထုတ်လိုက်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဖတ်တွေကို အနှစ်ထဲ ထည့်တဲ့ အခါ သိပ်အဆင်မပြေတာ မလို့ ကျွန်မကတော့ အရည်ကိုပဲ သုံးပါတယ်.

၄. ဝက်နံရိုးပေါင်း အနှစ် ပြုလုပ်ရပါတော့မယ်..
ဒီနေရာမှာ ဆော့စ်စ လုပ်ကြရအောင်..
ခုနက လုပ်ထားတဲ့ သစ်သီး အရည် ၅၀၀mlထဲကို ပြုတ်ပြီး အအေးခံထားတဲ့ Vegetables Juice 200ml ကို ထည့်ပါမယ်
ပဲငံပြာရည် (အပြစ်) ၁၀၀ ml ၊ ကြက်သွန်ဖြူ (နုပ်နုပ်စင်း) ၂ဇွန်း ၊ ဇီးသီးJuice ၃ဇွန်း ၊ သကြား ၁ဇွန်း တို့ကို ထည့်ပြီး
သကြားတွေ ပျော်တဲ့ထိ မွှေပါမယ်….
ဒါဟာ ဝက်နံရိုးပေါင်းရဲ့ အသက်ဖြစ်တဲ့ ဆော့စ်ပဲ ဖြစ်ပါတယ်.. ပေါင်းပြီးတဲ့ နောက် မြည်းကြည့်ပြီ လိုရင်လိုသလို အသုံးပြုရမယ့် ဟာပါပဲ.. ကျွန်မကတော့ ပြီးပြည့်စုံနေတဲ့ ဆော့စ်ထဲကို (corn syrup အစားထိုး )oligo ကို ထည့်လိုက်ပါသေးတယ်..

၅. အသားကို စ ပြုတ်ပါတော့မယ်..
အရိုးတွေ ပါနေတဲ့ အသားတွေကို တစ်ခါတည်း သုံးလိုက်တာထက် အရင်ဆုံး ပြုတ်ပြီးမှ လုပ်တာ ပိုအရသာရှိပြီး ညှီနံ့မထွက်မှာ ဖြစ်ပါတယ်..
အိုးထဲကို အသားတွေ မြုပ်လောက်တဲ့ ရေပမာဏထည့်ပြီး ပြုတ်ထားပါမယ်...ရေပွက်ပြီဆိုရင် ပါဝင်ပစ္စည်းတွေနဲ့ အတူ ပျဉ်းတော်သိမ်ရွက် ၊ ငရုတ်ကောင်းစေ့ ၊ ဆန်အရက် သို့မဟုတ် Soju တို့ကို ထည့်ပြီး ၁၀မိနစ်လောက် ပွက်ပွက်ဆူအောင် ပြုတ်ထားပါမယ်…
ပါဝင်ပစ္စည်းတွေကိုတော့ အိမ်မှာ ရှိတဲ့ ဟာတွေသာ ထည့်လိုက်ပါ..
ငရုတ်ကောင်းစေ့ နဲ့ ပျဉ်တော်သိမ်ရွက်တို့ မရှိလို့ မထည့်လည်း အဆင်ပြေပါတယ်
ဒီလိုနဲ့ ပွက်ပြီဆိုရင် ပွက်ပွက်ဆူတဲ့အခါ အမြုပ်တွေ တက်လာမှာ ဖြစ်ပါတယ်..အဲ့ဒါက အညစ်အကြေးတွေနဲ့ သွေးလက်ကျန်တွေ ဖြစ်ပါတယ် ..
အဲ့တော့ ပထမဆုံး ပြုတ်တဲ့ အရည် အကုန်သွန်ပြစ်ပြီးမှ တစ်ခုချင်းတစ်ခုချငိး ရေဆေးပြီး အဆီတွေနဲ့ သွေးအကြွင်းအကျန်တွေကို ဖယ်ပြီး ရေစစ်ချပါမယ်..
၆. သိပ်ထားမယ်
အရသာရှိအောင် လုပ်ရမယ့် Tipထဲက တစ်ခုပါပဲ…
ခုနက ကြိုတင်ပြင်ဆင်ထားတဲ့ အနှစ်ထဲကို ပြုတ်ထားတဲ့ အသားတွေ ထည့်ပြီး သေချာနယ်ပြီး အနည်းဆုံး ၃နာရီလောက် သိပ်ထားရပါမယ်..
ထည့်ကြော်မယ့် အိုးထဲမှာ တစ်ခါတည်း ကြို သိပ်ထားလိုက်မယ်ဆို ချက်တဲ့အခါ အဲ့အိုးကို မီးဖိုပေါ်တင်ပြီး ချက်လိုက်ရုံပါပဲ
၇.ဒီကြားထဲမှာ ထည့်ချက်မယ့် ပစ္စည်းလေးတွေ ပြင်ဆင်ရအောင်နော်…
ကျွန်မအိမ်က အရမ်းကြိုက်တဲ့ မာလာဟင်းကြာဇံ ကိုလည်း ရေထဲမှာ ကြိုစိမ်ထားလိုက်ပါတယ်.. (ကြာဇံကို မထည့်ခင် ရေဆူဆူထဲကို ၄~၅မိနစ်လောက် ဖျော်ပြီးမှ ထည့်ရင် အကျက်မြန်ပါတယ်)
ပုံထဲမှာ မပါပေမယ့် တော့ပူကီ ဆန်ချောင်း ကိုလည်း ၁ချောင်းလောက်ထည့်ဖို့ ပြင်ဆင်ထားပါတယ်။ ကြက်သွန်မြိန် ၁ပင် ၊ အာလူး ၁လုံး ၊ မုန်လာဥနီ ၁/၃ စိတ် ၊ မှိုဘုရင် (King Oyster Mushroom) ၁ ပွင့် တို့ကိုလည်း အဆင်ပြေသလို လှီးထားပါမယ်..
အာလူးနဲ့ မုန်လာဥနီကို ထူထူလှီးထားရင် အလွယ်တကူ မကြေနိုင်လို့ ချက်ရတာ တော်တော် အဆင်ပြေပါတယ်
၈.ပြုတ်တော့မယ်..
ခုနက အနှစ်နဲ့ သိပ်ထားတဲ့ အသားတွေကို စပြုတ်ါတော့မယ်…
ချက်ရမယ့် အချိန်ကတော့ မိနစ်၄၀လောက် အနည်းဆုံး ကြာပါမယ်.. အရင်ဆုံး မီးပြင်းပြင်း ပေါ်ကို ခုနက အသား အိုးကို တင်ပြီး ပွက်ပြီ ဆိုတဲ့ခါ မီးနည်းနည်း လျှော့ချပြီး အနှစ်တွေ စိမ့်ဝင်နိုင်အောင် မိနစ်၂၀လောက် အဖုံးပိတ်ပြီး တည်ထားလိုက်ပါ..ခုနက ပြင်ဆင်ထားတဲ့ ဟင်းရွက်ပစ္စည်းတွေဖြစ်တဲ့ အာလူး ၊ မုန်လာဥနီ နဲ့ မှိုဘုရင်တို့ကို အားလုံး အတူတူ ထည့်ပြီး မီးအသင့်အတင့်နဲ့ပဲ ဆက်တည်ထားရပါမယ်…
အနည်းဆုံး ၁၅မိနစ်လောက် ကြာတဲ့ထိ တည်ထားးပါမယ်...
အရည်တွေ ပွက်လို့ အာလူးလည်း ကျက်ပြီဆိုရင် ကြက်သွန်မြိတ်ကို ထည့်ပြီး ဆက်တည်ပါမယ်
မာလာဟင်းကြာဇံ နဲ့ ဆန်ချောင်းလည်း ထပ်ထည့်ပြီး ဆက်တည်ရပါဦးမယ်…
ဒီအချိန်မှာ ကြာဇံ နဲ့ ဆန်ချောင်း ကျက်နိုင်လောက်တဲ့ အချိန်လောက်ထိ ခဏလောက်ပဲ ဆက်တည်ရပါမယ်…
ကြာဇံတို့လည်း ကျက်ပြီ အရည်လည်း တစ်ဖြေးဖြေး နည်းသွားပြီ ဆိုရင် ခုနက ကျန်သေးတဲ့ Vegetables Juice လေး ထပ်ထည့်ပြီး တည်ထားရပါဦးမယ်..နောက်ဆုံး အနေနဲ့ မြည့်ကြည့်ပြီးလို့ ပေါ့တယ်ထင်ရင် မိမိစိတ်ကြိုက် ဟင်းခတ်အရသာတို့ကို ထပ်ထည့်လို့ရပါတယ်..
ကဲ ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ ဝက်နံရိုးပေါင်း ရပြီပဲ ဖြစ်ပါတယ်….

Credit : Facebook Shares

Ingredients

Directions