ကိုရီးယား ရေညှိထမင်းလိပ်

1

ကိုရီးယား ရေညှိထမင်းလိပ်
(Rolled Rice with Nori Seaweed-Kimbap)
.............................................................
ကိုရီးယား ရေညှိထမင်းလိပ်မှာ ရေညှိ၊ အသီးအရွက်နဲ့ အသား
စုံလင်စွာပါ၀င်တာကြောင့် ကိုရီးယားရေညှိ ထမင်းလိပ်ကိုစားတာနဲ့
ဗီတာမင်ဓာတ်အား အတော်များများ ရရှိနိုင်ပါတယ်။ ဟင်းနဲ့ထမင်းကို
သပ်သပ်ရပ်ရပ် လှလှလေးတွဲစားလို့ရအောင် တီထွင်ထားတဲ့
ကိုရီးယားရေညှိထမင်းလိပ်ကို ပျော်ပွဲစားပဲသွားသွား အိမ်မှာပဲ
အပျင်းပြေလုပ်စား အဆင်ပြေလွယ်ကူတာကြောင့် လုပ်စားကြည့်လိုက်နော်… ။

ပါ၀င်ပစ္စည်းများ
...................
• ထမင်းချက်ပြီးသား - ပန်းကန်လုံး ၃ လုံး
(ရှမ်းဆန်ဆို ပိုကောင်းပါတယ်၊ ဒါမှမဟုတ်လဲ ရိုးရိုးဆန်အပျော့သုံးလည်းရပါတယ်
)

ထမင်းကိုနယ်ရန် ပစ္စည်းများ
.......................................
• ရှလကာရည် - ၃ ဇွန်း
• သကြားရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပစ္စည်းများအားလုံးကို အိုးထဲထည့်ပြီး ကျိုထားပါ။ မနယ်ခင် အအေးခံထားပါ။
• ရေညှိဖတ် - ၅ ဖတ် (ကင်ပြီးသား ကို၀ယ်ပါ)
• သခွားသီး - ၁ လုံး
(အချောင်းရှည်လေး တွေလှီးထားပါ။အစေ့များဖယ်ပါ)
• မုန်လာဥနီ - ၁ လုံး
(အခွံခွာပြီး ခြစ်နဲ့ချစ်ပါ အချောင်းလေးတွေရအောင်)
• ချိစ် - စားပွဲဇွန်း ၃ ဇွန်း
(မထည့်လည်းရပါတယ်)
• ကြက်ဥ - ၂ လုံး
(ကြက်သားမှုန့်အနည်းငယ်ထည့်ခေါက်ထားပါ။)
• ကြက်အူချောင်း - ၃ ချောင်း
(ပြုတ်ပြီးသား အချောင်းအသေးလေးတွေလှီးထားပါ)
• မရောနိစ် - စားပွဲဇွန်း ၅ ဇွန်း
• နှမ်းဆီ - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
................
၁။ ဒယ်အိုးထဲသို့ နှမ်းဆီထည့်ပြီး မီးမျှင်မျှင်လေးနဲ့
မုန်လာဥနီကို အနည်းငယ်နူးရုံလေး ဆီပူနဲ့လှိမ့်ပေးပါ။

၂။ ကြက်ဥကို လေးတောင့်ဒယ်အိုးထဲ ထည့်ကြော်ပါ။
ပြီးလျှင် အအေးခံပြီး အချောင်းလေးတွေလှီးထားပါ။

၃။ ထမင်းကို ထမင်းနယ်ရန် ပစ္စည်းများနဲ့နယ်ပါ။ ထမင်းစီးလာပါလိမ့်မယ်။

၄။ ထမင်းလိပ်ရန် ဝါးရင်းလိပ်လေးလိုပါတယ်။
ဝါးရင်းလိပ်လေးကိုခင်းပြီး ရေညှိဖတ်တင်ပါ။
ပြီးလျှင် နယ်ထားသောထမင်းကို ဖြန့်လိုက်ပါ။

၅။ ပြီးမှ အစာများအားလုံးကို ထမင်းလိပ်အလယ်လောက်
နေရာမှတင်ပြီး မရောနိစ်ကို အပေါ်ဆုံးမှတင်ပါ။
ပြီးလျှင် ကိုယ့်ဘက်ကနေ စ၍လိပ်ပါ။ ကျစ်ကျစ်လေး လိပ်ပေးပါ။

၆။ ထမင်းလိပ်တစ်လိပ်ကို ၈ ပိုင်းလောက်ရပါတယ်။
လှီးမယ့်ဓားကို ရေစိုအ၀တ်လေးနဲ့ ပွတ်သပ်ပေးပါ။
ကြိုက်နှစ်သက်ရာ ပုံစံမျိုးလေး ပြင်ပြီးစားသုံးနိုင်ပါတယ်။

...crd..................................
Syi Lwin Foods Garden
.................................... See less

Credit : Facebook Shares

Ingredients

Directions