ကိုရီးယား ဘူလ်ဂိုဂီ အလွယ်တကူ ချက်နည်း

1

“[소불고기, So-bulgogi] ကိုရီးယား ဘူလ်ဂိုဂီ အလွယ်တကူ ချက်နည်း”

ဒီတစ်ခါမှာတော့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ဟင်းလျာတစ်ခုဖြစ်တဲ့ ကိုရီးယား ဘူလ်ဂိုဂီ ကို ဈေးကြီးပေးပြီး ဆိုင်မှာ သွားစားစရာမလိုဘဲ အိမ်မှာ အလွယိတကူ ချက်ပြုတ်နိုင်တဲ့ နည်းကို ပြောပြသွားမှာ ဖြစ်ပါတယ်.....

ပါဝင်ပစ္စည်းများကတော့ စပြီး အသင့်ပြင်ပါမယ်နော်
ပါဝင်ပစ္စည်း
အမဲသား ၅၀၀ဂရမ်
ကြက်သွန် ၊မုန်လာဥနီ ၊ ကြက်သွန်မြိတ် ၊
(ကျန်တဲ့ ပါဝင်ပစ္စည်းတွေကို မိမိကြိုက်သလို ထည့်လို့ရပါတယ်)
အမဲသားဘူလ်ဂိုဂီအတွက် အနှစ် ပြုလုပ်နည်း : ပဲငံပြာရည် ၁၀ဇွန်း ၊ Oligo ၅ဇွန်း ၊ သကြား ၅ဇွန်း ၊ ဆန်အရက် ၃ဇွန်း ၊ နှမ်းဆှ ၁ဇွန်း ၊ ကြက်သွန်ဖြူထောင်း ၂ဇွန်း၊ ငရုတ်ကောင်း အနည်းငယ်၊ ပန်းသီး ၄ပုံ၁ပုံ ၊ ကြက်သွန် တစ်ခြမ်း
အတိုင်းအဆအတွက် ထမင်းစားဇွန်း နဲ့ စက္ကူခွက်ကို သုံးပါ။
ကျွန်တော်ကတော့ အသား ၁ ကီလိုလောက် ချက်တာမို့ ၁ကီလိုလို့ ရေးထားပါတယ်။ ၅၀၀ဂရမ် အတွက် ပြင်ထားတဲ့ အနှစ်နဲ့လည်း အဆင်ပြေပါတယ်။
အသားတွေကို တစ်ထပ်ခြင်း ပြန်ခွါပေးပါ။ မီးဖိုချောင်သုံး တစ်ရှူးနဲပ သွေးတွေကို သုတ်ပေးရပါမယ်။ ဒါမှ ညီနံ့ပျောက်မှာပါ
ပြီးရင် သင်တင့်တဲ့ အရွယ်လောက် လှီးပါ
အသားတွေက ပါးရင် ပိုကောင်းပေမယ့် ကျွန်တော့် အသားကတော့ နည်းနည်းထူနေပါတယ်

ပုံမှန်ဆို ၁ကီလိုထဲ ထည့်တဲ့ ပမာဏဖြစ်တဲ့ ပဲငံပြာရည်အချို ၁ခွက် သကြား ၁/၂ခွက် ၊ ပျားရည် ၁/၂ခွက် နဲ့ ဆန်အရက် ၆ဇွန်း ၊ နှမ်းဆီ ၂ဇွန်း ၊ ကြက်သွန်ဖြူထောင်း ၃ဇွန်း ၊ငရုတ်ကောင်း တို့ကို ထည့်ပြီး အနှစ် လုပ်ပါ
ကျွန်တော်ကတော့ ပဲငံပြာရည် အချိုကိုပဲ သုံးထားပါတယ်။ ပဲငံပြာရည်မှာ အချို/ အနောက် ကိုလိုက်ပြီး အငန် ကွာနိုင်တဲ့ အတွက် ပဲငံပြာရည်ကို လိုက်ပြီး ပမာဏကို မိမိပါးစပ်နဲ့ ကိုက်အောင် ချင့်ချိန်ရပါမယ်
ပဲငံပြာရည်: သကြား + oligo ၁:၁ထည့်ပြီး ချိုချိုငံငံ အရသာလေးကို ဖန်တီးနိုင်ပါတယ်။ မိမိအကြိုက်ကို လိုက်ပြီး သကြားကို ချင့်ချိန်ထည့်လို့ရပါတယ်
ကြက်သွန်နီ ၁လုံးနဲ့ ပန်းသီး တစ်ခြမ်းကို လှီးပြီးရင် ကြိတ်စက်ထဲကို ကြိတ်လိုက်ပါ။
ပန်းသီးကို ကြိတ်ထည့်လိုက်တဲ့အခါ အဖတ်တွေ ကြေသွားပြီး အနှစ်ရဲ့ အရသာထဲ စိမ့်ဝင်သွားတဲ့ အတွက် ပိုမို အရသာရှိတဲ့ အမဲသားဘူလ်ဂိုဂီကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်
ဘူလ်ဂိုဂီ အနှစ်ထဲမှာ ပန်းသီးနဲ့ ကြက်သွန်နီကို သေချာ မွေထည့်ပြီးရင် သကြားကို ပျော်တဲ့ထိ ထည့်မွေပေးရပါမယ်
အသားထဲကို အနှစ်တွေ ထည့်ပြီး သေချာမွေပါ။ သွေးတွေကို သုတ်တဲ့ချိန်တုန်းက တစ်လွှာချင်း ခွဲခိုင်းခဲ့ပေမယ့် အဲ့ချိန်မှာ မခွဲခဲ့ရရင် အနှစ်နယ်ပြီးမှပဲ တစ်လွှာခြင်း ပြန်ခွဲရင် ပိုကောင်းတယ် ။ဒါမှ တစ်လွှာချင်းမှာ အရသာဝင်နိုင်အောင်ပါ။
ချက်ချင်းစားတာထက် စာရင် အနှစ်ကို သေချာနယ်ပြီး 3နာရီလောက် ရေခဲသေတ္တာထဲမှာ ထားပြီး မှ ချက်စားရင် ပိုကောင်းပါတယ်။ကျွန်တော်ကတော့ တစ်ရက်လောက် ထည့်ပြီးမှ ကြော်စားတာပါ။
တခြားပါဝင် ပစ္စည်းတွေကတော့ ရေခဲသေတ္တာထဲမှာ ရှိတဲ့ ပစ္စည်းတွေ ထည့်လို့ရပါတယ်။ ကျွန်တော်ကတော့ ကြက်သွန်မြိတ် ၊ ကြက်သွန်နီ ၊ အပ်မှို တို့ကို ထည့်ခဲ့ပါတယ်။ အရောင်လေးလှသွားအောင် မုန်လာဥနီလေးကိုပါ လှီးထည့်လိုက်ပါသေးတယ်။ ကြက်သွန်မြိတ်ကို ၄စင်တီ ရှည်ရှည်လေး လှီးပြီး ကြက်သွန်နီကိုတော့ ပါးပါးလှီးပါ။ အပ်မှိုကိုတော့ မွှာပြီးရင် ရေနဲ့ စင်ကြယ်စွာ ဆေးကြောပါ။
အိုးကျယ်ကျယ်ထဲကို အအေးခံထားတဲ့ အသားတွေကို
ထည့်ပါ။ကြက်သွန်မြိတ် ကြက်သွန်နီ အပ်မှိုတို့ပ် ထည့်ကြော်ပါမယ်။ ခေါက်ဆွဲကြိုက်တဲ့ သူတွေကတော့ ခေါက်ဆွဲပါ ထည့်ကြော်လို့ရပါမယ်။ ကျွန်တော်ကတော့ ပုံမှန် ထည့်စားပေမယ့် ဒီတစ်ခါတော့ မထည့်တော့ပါဘူး။

တစ်လွှာချင်း ထည့်ကြော်ရင် ပိုကောင်းပါတယ်

အပ်မှိုလေးပါ ထည့်လိုက်တော့ အရသာက ရှယ်ဂွတ် ~~
အသီးအရွက်တွေက ကို့အကြိုက်ကို လိုက်ပြီး ထည့်လို့ရပါတယ်။ကဲ ကိုရီးယား ဘူလ်ဂိုဂီကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ~~~~

Credit : Facebook Shares

Ingredients

Directions