ကိုရီးယား ပဲပြားဟင်းရည်

1

“ကိုရီးယား ပဲပြားဟင်းရည်”

ဒီတစ်ခါ တော့ ကိုရီးယားနိုင်ငံ နာမည်ကြီး စာဖိုမှူး တစ်ဦး ဖြစ်တဲ့ ဘတ်ဂျွန်ဝမ်ရဲ့ လက်ရာကျော်ဟင်းလျာဖြစ်တဲ့ ကိုရီးယား ပဲပြား ဟင်းရည် ချက်နည်းကို ဝေမျှပေးမှာ ဖြစ်ပါတယ် ....

(၄ယောက်စာ)
ပဲပြား တစ်တုံး ၊ ကြက်သွန် နီ တစ်ခြမ်း၊

အနှစ် : ငရုတ်သီးမှုန့် ၂ဇွန်း ၊ ပဲငံပြာရည် (Guk-Gang-Jang) ၂ဇွန်း ၊ သကြား ၁/၂ဇွန်း ၊ ကြက်သွန်ဖြူ နုပ်နုပ်စင်း ၁ဇွန်း ၊ ဆားငန်ပုဇွန် အနည်းငယ် ၊ နှမ်းဆီ ၁ဇွန်း...
(မိမိစိတ်ကြိုက် ထည့်နိုင်သလို မထည့်လည်း ရတဲ့ optional ပစ္စည်းများ)
Periila အမှုန့် ၁/၂ဇွန်း ၊ ပဲငပိ ၁/၂၊ အပ်မှို ၊ ကြက်သွန်မြိတ် ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီး အနီ ...
(ထမင်းစားဇွန်းကို သုံးပါမယ် )

လှီးထားတဲ့ ကြက်သွန်ဖြူနဲ့ ကြက်သွန်မြိတ် တို့နဲ့ ဆီသတ်ပြီး အထူးစပရှယ် အရသာရှိအောင် ချက်ပါမယ် ။
အနှစ်သာကောင်းရင် အကုန်ကောင်းတယ် ဆိုပေမယ့် ကျွန်မကတော့ ပို အပင်ပန်းခံလိုက်ပါဦးမယ် ။ ဒီအဆင့်က ကျော်လို့လည်း ရပါတယ်ပေါ့နော်...
ကြက်သွန်ဖြူထဲကို ကြက်သွန်မြိတ် ထည့်ပြီး မွှေးနေအောင် ကျော်ပေးပါမယ် ။ ဆီ နဲ့ အတူ ကြော်ပေးရင်တော့ ဒီအဆင့်က ခက်ခဲတဲ့ အဆင့်တော့ မဟုတ်ပါဘူးနော်...
ပဲပြားကို စားဖို့ အဆင်ပြေမယ့် အရွယ်လောက် လှီးထားပါမယ် ။ ကျွန်မက အနှစ်အရသာ ဝင်အောင် ပါးပါး လှိးပါမယ် ။ ဒါမဲ့ အရမ်း ပါးရင်တော့ ပဲပြားကြေနိုင်ပါတယ်နော်။ သင့်တင့်သလောက် လှီးတာ အကောင်းဆုံးပါပဲ... ပြီးရင် တစ်ခုချင်းစီ အိုးထဲ ထည့်ပါမယ်
ပြီးရင် အရည် ထည့်ရမယ့် အလှည့်ကို ရောကိပါပြီ ။ အရည်ကို ဆန်ဆေးရည် အသုံးများပေမယိ့ ဒီတစ်ခါတော့ ငါးနီတူး ပြုတ်ရည်ကို ထည့်ပါတယ် ။ ဒ်မယ့် ဘာမှ မပြင်ဆင်ထားဘူးဆိုရင်တော့ ဆန်ဆေးရေသာ ထည့်လိုက်ပါ ။ ကျွန်မကတော့ ပဲပြား တစ်ဝက်လောက် မြုပ်တဲ့ထိ ထည့်ပြီး ပွက်ပွက်ဆူအောင် ပြုတ်ပါမယ် ။အပ်မှိုထည့်ပါမယ်နော်
တစ်စည်းချင်းဖြဲပြီး ထည့်လိုက်ပါမယ်
ခုနက အနှစ်ထဲ ထည့်ရမယ့် ဟာတွေ အကုန်ထည့်လိုက်ပါ ။ ကျွန်မတော့ ငရုတ်သီးမှုန့်ကို များများထည့်လိုက်ပါမယ် ။ ပဲငပိရောပဲ ပိုထည့်လိုက်တာ...
ပဲငပိ က အရသာကို ပိုပြင်းပြီး လေးစေတာကြောင့်
ပဲငပိက အဓိက ပစ္စည်းပစ္စနော်..
ဆရာဘတ်ရဲ့ ဟင်းလျာကို ကျွန်မ စိတ်ကြိုက် ထည့်လိုက်တာပေါ့နော်
မိနစ်၃၀လောက် ပြုတ်ထားလိုက်ရင် တစ်ဖြည်းဖြည်း အရည်ခမ်းသွားမှာပါ..... အရည်ရဲ့ အရောင်ကတော့ တကယ့်ကို အနုပညာမြောက်တဲ့ ပန်းချီတစ်ချပ်လို မစားရက်လောက်အောင် လှနေတာပါ... မိမိစိတ်ကြိုက် အရည်ရပြီဆိုရင် မီးပိတ်လိုက်လို့ရပါပြီ။
ပိုပြီး စပ်ဖို့ ငရုတ်သီး စိမ်းလေးပါ ထည့်ပါမယ် ။ ကျွန်မတို့ လင်မယားကတော့ အစပ်ဆို ဇွတ်ကြိုက်တာလေ.
.အစပ်ကလေ စားရင် စားသလောက် စားကောင်းတာပါပဲ...
ဒီနေရာမှာ တူနာငါး တစ်ဘူးခွဲလောက် ထည့်လိုက်ရင် ပိုကောင်းပါတယ် ။ ကျွန်မတို့ကတော့ ဒီနေရာမှာ အာလူးလည်း ထည့်စားရတာ ကြိုက်ပါတယိ ။ကြက်ဥလေးပါ ထည့်မွှေလိုက်ရင် ပိုဂွတ်ဂွတ် ....!!! ပြီးရင် ဘာထည့်ရင် ကောင်းဦးမလဲ???အရသာရှိတဲ့ ဟင်းတစ်ခွက် ရပါပြီ... မိုးရွာတဲ့ နေ့လေးဆို ပိုစားကောင်းမယ့် ဟင်းလေးပါပဲ.. S

Credit : Facebook Shares

Ingredients

Directions