ကိုရီးယား ပဲငပိ ဟင်းရည်

1

“[된장찌개, Doenjang-jjigae, Soybean paste stew] ကိုရီးယား ပဲငပိ ဟင်းရည် ချက်စားကြမယ်!!!”

ဒီတစ်ခါမှာတော့ ကိုရီးယား နိုင်ငံရဲ့ နာမည်ကြီး ဟင်းလျာတစ်ခုဖြစ်တဲ့ “ဒွယ်ကျန်းဂျီဂယ်” လို့ ခေါ်တဲ့ ပဲငပိ ဟင်းရည် ချက်နည်းလေးကို လွယ်ကူရိုးရှင်းစွာ ပြောပြပေးမှာ ဖြစ်ပါတယ်....
ပါဝင်ပစ္စည်းများ
ဇွန်း=ထမင်းစားဇွန်း
ပဲငပိ ၁ဇွန်း(ထမင်းစားဇွန်း) ၆၀ဂရမ်၊ ရေ ၃ခွက်၊ ကြက်သွန်ဖြူထောင်း ဝ.၅ဇွန်း၊ ငါနီတူး ၁၀ကောင်၊ သခွါးဖရုံ ၁/၃ ခြမ်း၊ ကြက်သွန်နီ ၁ခြမ်း၊ ကိုရီးယား နတာရီမှိုဘုရင် ၁ခွက်၊ကြက်သွန်မြိတ် ၂/၃ခွက် ၊ ငရုတ်သီးစိမ်းတောင့်ရှည် ၁တောင့်၊ ငရုတ်သီး အနီ အနည်းငယ်၊ ပဲပြား တခြမ်း(ငရုတ်သီးမှုန့်အနည်းငယ်)..စသည်တို့ပဲ ဖြစ်ပါတယ်

ပဲငပိ ဟင်းရည်ထဲမှာ ငါးနီတူးလေးတွေကို ကျွန်တော်တို့ ကိုယ်တိုင် နွှာပြီး ထည့်မှာ ဖြစ်ပါတယ်။ ဟင်းရည်ထဲကို ထည့်ပြီး ပြုတ်မှာ ဖြစ်တဲ့အတွက် အရိုးတွေ နွှာရမှာ ဖြစ်ပါတယ်။ အရင်ဆုံး ငါးရဲ့ ခေါင်းနဲ့ အတွင်းကလီစာတွေကို ထုတ်ပစ်ပြီး တစ်ဝက်ချိုးလိုက်ပါ၊အတွင်းမှာ ရှိတဲ့ အရိုး ၊ ဆူးတွေပါ အကုန်ထုတ်ပြီး သုံးပိုင်း ပိုင်းလိုက်ပါ။အတွင်းမှာ ရှိတဲ့ အရိုး ၊ ဆူးတွေပါ အကုန်ထုတ်ပြီး သုံးပိုင်း ပိုင်းလိုက်ပါ။
ဒီလို အကုန်နွှာပြီးမှ ထည့်တော့ စားရတာလည်း အဆင်ပြေသလို အရည်လေးလည်း အရမ်း အရသာရှိပါတယ်။ ရေကို အသင့်တင့် ထည့်ရင် ကောင်းပေမယ့် ပုံမှန်ဆိုရင်တော့ ရေပမာဏက ၇၅၀မီလီ လောက် ဝင်ရပါတယ်၊ ကျွန်တော်ကတော့ များတယ်ထင်လို့ ၆၅၀မီလီ ခွက်နဲ့ ၃ခွက် ထည့်ပါတယ်။ အိုးထဲထည့်ပြီး မီးနည်းနည်းဖြင့် တည်ထားလိုက်ပါ
ဒီကြားထဲမှာ တခြား ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပါမယ်။
မှို ကို နှစ်ပိုင်းပိုင်းပြီး ပြင်ဆင်ပါမယ်။ကြက်သွန်နီကို တစ်ဝက်လှီးထားပါမယ်။သခွါးဖရုံကိုလည်း စားတဲ့အခါ အဆင်ပြေအောင် ကြက်သွန်နီနဲ့ ရွယ်တူ ထူထူလေး လှီးပေးရင် ကောင်းပါတယ်
တစ်ဝက်ခြမ်းပြီးရင် ၃စိတ်ဆီ ထူထူလေး ပြန်စိတ်ပေးရင် ထည့်တဲ့ အခါ အရသာအဆင်ပြေပါတယ်။ ဒီလို သိပ်မကြိုက်ရင်တော့ ပါးပါးလေး လှီးတာပဲ ကောင်းပါတယ်
ငရုတ်သီးကတော့ ငရုတ်သီးစိမ်း ၁တောင့် ၊ ငရုတ်သီးနီ တစ်ဝက် ထည့်ပါတယ်။ ကျွန်တော်ကတော့ ကလေးတွေနဲ့ စားတာမလို့ အဲ့လောက်ပဲ ထည့်တာပါ ။ထပ်ထည့်ချင်လည်းရပါတယ်။ အရမ်း ပါးပါး မလှီးဘဲ ထူထူလေးတွေပါ လှီးထည့်ပါတယိ။ကြက်သွန်မြိတ် ကိုလည်း ငရုတ်သီးနဲ့ တူညီတဲ့ အရွယ်လောက်ပဲ လှီးပါ။ပဲပြားကတော့ တစ်ခြမ်းလောက်ကို စိပ်ပြီး ပြင်ဆင်ထားပါတယ်
ပါဝင်ပစ္စည်းတွေကို အဆင်သင့်ပြင်ပြီးပါပြီ။

ငါးနီတူးတွေကို ထည့်ထားတဲ့ အရည်ကို မီးနည်းနည်းနဲ့
တည်ထားတာ ပွက်ပြီဆိုရင် အရင်ဆုံး ကြက်သွန်နီကနေ စထည့်ပါမယ်။ ကြက်သွန်နီ အရင်ထည့်မှသာ ငါနီတူးရဲ့ ညီနံ့ကို ပျယ်အောင် လုပ်ပေးနိုင်မှာပါ။
ဒီနေရာမှာ မှိုနဲ့ သခွါးဖရုံကို ထည့်ပြီး ပြုတ်ပါမယ်။
ကြက်သွန်ဖြူထောင်းပါ ဇွန်းတစ်ဝက်လောက်ထည့်ပါမယ်

ဒီမှာ ပဲငပိထည့်ပါမယ်။ ပဲငပိက ကိုသုံးတဲ့ အမျိုးအစား ကွာခြားနိုင်တာကြောင့် အရသာကတော့ ကွာနိုင်ပါတယ်။ ဒါကြောင့် ပမာဏကိုတော့ ချင့်ချိန်ပြီး ထည့်တာက ပိုအဆင်ပြေပါတယ်။ ကျွန်တော်ကတော့ ဆရာဘတ်ရဲ့နည်းအတိုင်း သုံးတာမလို့ ၁ဇွန်းပဲ ထည့်ပါတယ်။ ပြီးတော့၁ဇွန်းထည့်ပြီး ထပ်မြည့်ကြည့်တော့ ပေါ့နေတာနဲ့ ဝ.၃ဇွန်းကို ထပ်ထည့်လိုက်ပါတယ်။
ပမာဏကိုတော့ မိမိအကြိုက် လိုက်ပြီး ထည့်တာက ပိုအဆင်ပြေပါတယ်။ပြီးရင် ဇွန်းလေးနဲ့ သေချာမွေပေးရပါမယ်
အရည်တွေပွက်ပြီး ကြက်သွန်နဲ့ ဖရုံသီးတို့ သင့်တင့်သလောက် ကျက်ပြီဆိုရင် လှီးထားတဲ့ ကြက်သွန်မြိတ်နဲ့ ငရုတ်သီးတို့ကို ထည့်ပြီး နောက်တစ်ခါ ထပ်ပွက်ရင် ပဲပြားထည့်မယ် ။ပြီးလို့ ထပ်ပွက်ရင် မီးပိတ်လို့ရပါပြီ။ အကြာကြီး ပြုတ်မယ်ဆိုရင် ကြက်သွန်နဲ့ ငရုတ်သီးရဲ့ အရောင်တွေ မလှဘဲ ဖြစ်ကုန်ပါလိမ့်မယ်
အကယ်၍ ပိုပြီး စားချင့်စဖွယ်ကောင်းအောင် ကျောက်အိုးကို သုံးမယ်ဆိုရင် ပဲပြား မထည့်ခင်အထိပဲ တည်ထားပြီး အိုးကို မီးပေါ်က ချပြီးမှ ပဲပြားကိုထည့်ပါ။
ပြီးမှ ပွက်ပွက်ဆူတဲ့ ထိ ထပ်တည်ပြီးတဲ့ အခါမှ ထမင်းစားပွဲပေါ် တင်လို့ရပါပြီ။
နောက်ဆုံးမှာ ကို့အကြိုက်လိုက်ပြီး ငရုတ်သီးမှုန့်ကို အနည်းငယ် ထည့်ပါ။ ကျွန်တော့ ဟင်းထဲမှာတော့ ငရုတ်သီးအနှစ် ၊ ငရုတ်သီး အမှုန့် နည်းနည်းချင်းစီ ပဲထည့်ထားတော့ အနည်းငယ် ဘာလိုနေမှန်းမသိပါဘူး။ဒါနဲ့ ငရုတ်သီးမှုန့်အနည်းငယ် ထပ်ထည့်လိုက်ပါတယ်
ကဲ ပြီးပြည့်စုံသွားတဲ့ ပဲငပိဟင်းရည်လေး…..
တစ်ဇွန်းလောက် သောက်လိုက်ရင် ငါးနီတူးအသားလေးတွေပါ ပါလာတယ်။ အရိုးတွေပါ ထုတ်ထားတာတော့ စားတဲ့အခါ ဘာမှ ပူပင်နေစရာ မလိုတော့ပါဘူး။ ထမင်းလေးကို အရည်လေးနဲ့ နယ်ပြီး ကင်မ်ချီလေးပ် ထည့်ပြီး စားလိုက်ရင် ထမင်း တစ်ပန်းကန် ကတော့ အသာလေးပါပဲ…..
ပဲငပိဟင်းရည်လေး တစ်ခွက်နဲ့တင် တခြားဟင်းတွေပါ မလိုတော့လောက်အောင်ပြီးပြည့်စုံနေပါပြီ………. S

Credit : Facebook Shares

Ingredients

Directions