ကိုရီးယား ပဲခေါက်ဆွဲ

1

ကိုရီးယား ပဲခေါက်ဆွဲ (၂ ပွဲစာ)

ကိုရီးယားပဲခေါက်ဆွဲနည်းကို မေးတဲ့သူများပေမယ့် အခုမှရေးဖြစ်တော့တယ်။ တကယ်ကတော့ ပဲခေါက်ဆွဲလုပ်နည်းကလွယ်ကူပါတယ်။ ကိုရီးယားပဲခေါက်ဆွဲကတော့ ချိုချိုလေးနဲ့စားလို့ကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါ၀င်သောပစ္စည်းများ
၁။ ဂျုံခေါက်ဆွဲအစို - ၂၀ သား (သို့) ၁၃ အောင်ဆ
၂။ ပဲငပိအချိုအနှစ် (black bean paste) - ထမင်းစားဇွန်း ၅ ဇွန်း (အနှစ်ကို အလွယ်တကူ၀ယ်လို့မရလျှင် ပဲငပိအချို ထမင်းစားဇွန်း ၅ ဇွန်းကို ကြိတ်ထားပါ။)
၃။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း
၄။ ခရုဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၅။ ဟင်းချက်ဝိုင် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၆။ ကြက်သား (သို့) ၀က်သား - ၅ ကျပ်သား
၇။ အာလူး - ၁ လုံး
၈။ ကြက်သွန်နီ - ၁ ဥ
၉။ မုန်လာဥနီ - ၁ ဥ
၁၀။ ကော်မှုန့်(သို့) ပြောင်းဖူးမှုန့်-ထမင်းစားဇွန်း ၁ ဇွန်း
၁၁။ ဆီ - ထမင်းစားဇွန်း ၃ ဇွန်း
၁၂။ ရေ -240 ml
(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )

ပြုလုပ်နည်း
၁။ အသား၊ အာလူး၊ ကြက်သွန်နီ၊ မုန်လာဥနီများကို အတုံးအသေးလေးတွေတုံးထားပါ။ အသားတုံးကို ဆားနည်းနည်း (ပါတယ်ဆိုရုံ) ၊ ဟင်းချက်ဆန်ဝိုင်ဖြင့် နယ်ထားပါ။ ကော်မှုန့်ကို ရေနည်းနည်းနဲ့ပျော်အောင်ဖျော်ထားပါ။
၂။ ဂျုံခေါက်ဆွဲအစိုကို ရေနွေးဖျောထားပါ။ မာလျှင် အနည်းငယ်ပြုတ်ရ်ျ ရေစစ်ထားပါ။
၃။ ဒယ်အိုးတခုထဲကို ဆီထမင်းစားဇွန်း ၁ ဇွန်းထည့်အပူပေး ၊ ဆီပူလာလျှင် အသားများကို ထည့်ကြော်ပါ။ အသားများကျက်လာလျှင် မုန်လာဥနီ နှင့် အာလူးကိုထည့်ကြော်ပါ။ ရေနည်းနည်းထည့်ပါ။ မုန်လာဥနီနှင့် အာလူးအိလာလျှင် ကြက်သွန်နီထည့်ကြော်ပါ။ ၂ မိနစ်လောက်နေလျှင် မီးပိတ်ထားလိုက်ပါ။
၄။ အခြားအိုးတခုတွင် ဆီထမင်းစားဇွန်း ၂ ဇွန်းကိုထည့်အပူပေးပါ။ ဆီပူလာလျှင် ပဲငပိအချိုကိုမွှေးလာအောင်ဆီသတ်ပါ။ သကြားနှင့် ခရုဆီထည့်ပါ။ ထို့နောက်မီးဖိုပေါ်ကချပါ။
၅။ ဆီသတ်ထားသော ပဲငပိများကို အသားနှင့် အသီးအနှံ့ကြော်ထားတဲ့အထဲထည့်ပါ။ ပဲငပိအိုးထဲကို ရေ ထည့်ကျင်းပြီး အသီးအနှံ့့ဒယ်အိုးထဲသို့လောင်းထည့်ပါ။ ၄ မိနစ်လောက်တည်ပြီးလျှင် ဖျော်ထားသော ကော်မှုန့်အရည်များကို လောင်းထည့်ပါ။ ပွက်ပြီး ပျစ်လာလျှင် အပေါ့အငံမြည်းရ်ျ မီးဖိုပေါ်မှချပါ။
၆။ ပဲခေါက်ဆွဲ စားရန် အတွက် ဂျုံခေါက်ဆွဲကို အရင်ထည့်၊ ပဲအနှစ်ရည်များကို အပေါ်ကထည့်ပြီး နယ်ရ်ျ သုံးဆောင်နိုင်ပါသည်။ (သခွားသီးအမျှင်လေးများနှင့်လဲတွဲရ်ျသုံးဆောင်နိုင်ပါသည်။)

Credit : Facebook Shares

Ingredients

Directions