ကိုရီးယား ကြာဇံသုပ်

1

“ ကိုရီးယား ကြာဇံသုပ် ”

၅မိနစ် ကြာဇံသုပ်
(၂ယောက် ~ ၃ယောက်စာ )
(ဇွန်းသေး ၁ဇွန်း =၅ml ၊ ဇွန်းကြီး ၁ဇွန်း = ၁၅ml ၊ ၁ခွက် = ၂၀၀ml)
ကြာဇံ ၂၀၀ဂရမ် ၊ အမဲသား ၁၀၀ ဂရမ် ၊ ကြက်သွန်နီ ၁/၃စိတ် ၊ ကြက်သွန်မြိတ် ၅ ပင် ၊ မုန်လာဥ ၃၀ဂရမ် ၊ ရေမုန်ညှင်း ၄ပင် ၊ ငရုတ်သီးစိမ်းတောင့်ကြီး ၁တောင့် ၊ ငရုတ်ပွ အနည်းငယ် ၊ရေ၁၀၀ml
▶️ ကြာဇံသုပ် အနှစ်(၁/၂ခွက် )
ကြာညှိ့ ၃ဇွန်းကြီး ၊ သကြား ဇွန်းကြီး၂ဇွန်း ၊ Mirim ဇွန်းကြီး ၁ဇွန်း ၊ ခရုဆီ ဇွန်းသေး ၁ဇွန်း ၊ နှမ်းဆီ ဇွန်းကြီး ၁/၂ဇွန်း ၊
▶️အသားအတွက် အနှစ်
ကြာဇံ အနှစ် ဇွန်းကြီး ၁ဇွန်း ၊ ကြက်သွန်ဖြူ အနှစ် ၁/၂ဇွန်းသေး ၊ ငရုတ်ကောင်း အနည်းငယ်

ကြာဇံကို ၁နာရီလောက် ကြိုပြီး စိမ်ထားပါ..

တစ်ရက်လောက်ကြိုပြီး စိမ်ထားပြီးမှ ရေခဲသေတ္တာထဲ သိမ်းထားလည်း ရတယ်.ရေထဲ စိမ်ထားပြီူ ရေခဲသေတ္တာထဲမှာ တစ်ပတ်လောက် ထားထားလည်း ရပါတယ်.. ဒါပေမယ့် ရေကိုတော့ တစ်ရက်တစ်ခါတော့ လဲပေးရမှာပေါ့

ရေခဲသေတ္တာထဲ ထုတ်ထားတဲ့ အသီးအရွက်တွေကို လှီးမယ်
မနေ့က အိမ်နားက ဈေးကနေ ဝယ်လာတဲ့ ထိုင်ဝမ်မုန်ညှင်း ၁စည်း (ဟင်းနုနွယ် အစား ထိုင်ဝမ်မုန်ညှင်းဝယ်လာတာပါ )
ရှိသမျှ ကြာဇံအနှစ်အတွက် ဟင်းခတ်အမွှေးအကြိုင်တွေ အကုန် နယ်ပေးမယ်~~
အမဲသားကိုတော့ သွေးတွေ ဖယ်ပြီး တောက်တောက်ဆင်းမယ်.. ပြီးရင် အပေါ်က ကြာဇံ အနှစ်ထဲက ဇွန်းကြီး တစ်ဇွန်းလောက် ထည့်ပြီး ၊ ကြက်သွန်ဖြူ(နုပ်နုပ်စင်း) ၊ ငရုတ်ကောင်း နည်းနည်း ထည့်ပြီး အရသာရှိအောင် ပြင်ဆင်ပါမယ်
ဒယ်အိုးပြားထဲကို ဆီ အနည်းငယ်နဲ့ အသား ထည့်ပြီး မီးပြင်းပြင်းနဲ့ ကြော်ပါမယ်.. ပြီးရင် ပန်းကန်တစ်လုံးထဲ ခဏ ထည့်ထားပါမယ်
အသားကြော်ထားတဲ့ အိုးထဲကိုပဲ ကြာဇံ အနှစ် ၊ရေ ၁၀၀ml ၊ စိမ်ထားတဲ့ ကြာဇံတို့ကိုထည့်ပြီး ၂မိနစ်လောက် ပြုတ်ပါမယ်
မုန်လာဥနီ ၊ ကြက်သွန်နီ တို့ကို ထည့်ပြီး ၁မိနစ်လောက် ကြာတဲ့အခါ မုန်ညှင်းနဲ့ ငရုတ်ပွတို့ကိုပါ ထည့်ပြီး ၁မိနစ်လောက် ထက် ကြော်ပါမယ်
ကြော်ထားတဲ့ အသား ၊ နှမ်း ၊ နှမ်းဆီ အနည်းငယ်တို့ကို ပါ ထပ် ထည့်ပြီး မွှေပေးလိုက်ရင် ပြီးပြီ!!!

အမဲသားအစား ဝက်သား ကို သုံးလည်း အရသာကတော့ ရှယ်ဂွတ်ပါပဲ..
အသီးအရွက်တွေကို ကြော်တဲ့ခါ ဆီတွေ များမနေလို့ အရမ်းကိုသေသပ်တဲ့ ဟင်းတစ်ခွက်လို့လည်း ပြောလို့ရပါသေးတယ်...အချိုမကြိုက်ရင် သကြားကိုသာ လျှော့ထည့်ဖို့ မမေ့ပါနဲ့နော်..

Credit : Facebook Shares

Ingredients

Directions