ကိုရီးယား ကြက်အူချောင်းကြော် လုပ်စားကြမယ်

1

ကိုရီးယား လမ်းဘေးမုန့်ဆိုင်တွေမှာ တွေ့ရများတဲ့ သွားရည်စာတစ်မျိုးကို ပြောပါဆိုရင် ကြက်အူချောင်း ပေါင်မုန့်ကြွပ်ကပ်ကြော် (corn dog) လို့ပဲ ဖြေရမှာပါ။ ကိုရီးယားမှာ လူကြိုက်များတဲ့

အစားအစာ တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီပိတ်ရက် အိမ်မှာ မိသားစုနဲ့ စမ်းပြီး လုပ်စားကြည့်နိုင်ဖို့ ခုလို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ – ကြက်အူချောင်း (sausages) ၁ ထုပ်၊ ဂျုံမှုန့် ၁ ခွက်၊ ပြောင်းဖူးမှုန့် ၁ ခွက်၊ ဆား၊ သကြား၊ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကြက်ဥ ၁ လုံး၊ နွားနို့ ၁ ခွက်၊ ဆီ၊ ပေါင်မုန့်ကြွပ်မှုန့်နဲ့ ဝါးတူချောင်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း အဆင့်ဆင့်ကို ကြည့်ရအောင်။

၁။ ပန်းကန်လုံးတစ်လုံးထဲမှာ ပြောင်းဖူးမှုန့်၊ ဂျုံမှုန့် ၊ဆား ၊ သကြားနဲ့ မုန့်ဖုတ်ဆော်ဒါတို့ကို ရောပါ။ ကြက်ဥနဲ့ နွားနို့ရောထည့်ပြီး မွှေပါ။ မုန့်နှစ်တွေကို ဖန်ခွက်ရှည် တစ်ခုထဲမှာ ထည့်ပါ။

၂။ အကြော်အိုးကို ဆီပူ ပေးထားပါ။ ကြက်အူချောင်းကို တစ်ဝက်စီ ဖြတ်ပြီး ဝါးတူထိုးပါ။ ကြက်အူချောင်းတစ်ချောင်းစီကို မုန့်နှစ်ထဲ ထည့်စိမ်ပါ။ ပေါင်မုန့်ကြွပ်မှုန့်ထဲ ထည့်ပြီး ကပ်ပါ။

၃။ ကြက်အူချောင်း အချောင်းလိုက်ကို ဆီပူထဲ နှစ်မိနစ်လောက် ရွှေရောင်သန်းလာအောင် ထည့်ကြော်ပါ။ အနေတော်ဖြစ်တဲ့အခါ ဆယ်ယူပြီး ဆီစစ်စက္ကူနဲ့ စစ်ထားပါ။

အခုဆိုရင်တော့ အရသာမွှေးပြီး အပြင်ဘက် မုန့်အကာသားကို ကြွပ်ကြွပ်လေးဖြစ်အောင် ကြော်ထားတဲ့ corn dog ရပါပြီ။ ခရမ်းချဉ်သီးဆော့စ် (Ketchup) နဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါတယ်။

Unicode

Credit : Facebook Shares

Ingredients

Directions