ကိုရီးယား ကြက်သားစတူး ချက်နည်း

1

[닭도리탕, Dak-bokkeum-tang or Dak-bokkeum-tang, Braised spicy chicken] ကိုရီးယား ကြက်သားစတူး ချက်နည်း”

Korean အစားအစာကြိုက်နှစ်သက်တဲ့ K-food loversလေးတွေအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး စာဖိုမှူးကြီး ဘတ်ဂျွန်ဝမ်ရဲ့ ဟင်းလျာဖြစ်တဲ့
ကိုရီးယား ကြက်သားစတူးချက်နည်းကို မျှဝေပေးသွားမှာ
ဖြစ်ပါတယ်

ဖတ်ပြီးရင် အိမ်မှာ တစ်ခါလောက် ကိုရီးယားဆန်ကြည့်ကြပါဦးနော်

ပါဝင်ပစ္စည်းများ
ကြက်သား ၁ကောင်၊ အားလူး ၃လုံး၊ ကြက်သွန် ၁လုံး၊ ခါကြက်ဥ ၁/၃လုံး၊ မှိုဘုရင်၊ ကြက်သွန်မြိတ်၂ချောင်း၊ငရုတ်သီး အစိမ်း ၃တောင့်၊ ငရုတ်သီးအနီ ၂တောင့်၊ ငရုတ်သီးအမှုန့် ၁/၂ခွက် ၊ငံပြာရည် ၄/၅ခွက်(၁၄၄မီလီလီတာ)၊သကြား စားပွဲတင်ဇွန်း၃ဇွန်း(၃၆ဂရမ်)၊ ကြက်သွန်နီ နုပ်နုပ်ဆင်း စားပွဲတင်ဇွန်း ၁ဇွန်း(၁၅ဂရမ်)၊ငရုတ်ကောင်း ဝ.၃ဇွန်း၊ရေ ၅၄၀မီလီလီတာ၊

ပြုလုပ်နည်း
အရင်ဆုံး ကြက်သားကို ဆေးပါမယ်။ဈေးမှာ အကုန်ခုတ်ခဲ့ပေမယ့် ပိုပြီးသန့်ရှင်းအောင် ဆေးရပါမယ်
အရိုးကြားထဲထိ အညစ်အကြေးတွေ ရှိတယ်လေ။ အဲ့ဒီကနေ အနံ့ထွက်နိုင်တာကြောင့် သန့်သန့်ရှင်းရှင်း ဆေးဖို့လိုအပ်ပါတယ်။ အပိုင်းပိုင်း လိုက်ရင် အရိုးလေးတွေလည်း အများကြီးရှိလာပါမယ်။ တစ်ခုချင်းတစ်ခုချင်း သေချာ ဆေးပေးပါ။
ပြီးရင် ကြက်ကို ရေနွေးထဲမှာ တစ်ခေါက်လောက် ပြုတ်ပါမယ်။ဒီလိုလုပ်မှ အနံ့တွေ ပျောက်မှာပါ။
ကြက်သားကို ရေနွေး အနည်းငယ် ပြုတ်ပြီးပြီ ပါ ။
ကြက်သားကို ထည့်ပြီး နည်းနည်းလေးကြက်ရုံလောက် ပြုတ်လိုက်ပါ(စက္ကန့်၂၀လောက်) အရေခွံထဲမှာ ရှိတဲ့ အဆီတွေနဲ့ မသန့်တာတွေ မြင်ရပါမယ်။
ပြီးရင် ကြက်သားကိုဆယ်ပြီး ရေအေးထဲ ဆေးပြီးပြီဆိုရင်
ကြက်ကို အသင့်ပြင်တာကတော့ ပြီးပါပြီ ။ ကြက်ခြေထောက်ကိုတော့ အရသာ စိမ့်ဝင်နိုင်အောင် အရေခွံတွေ ဖယ်လိုက်တာ ကောင်းပါတယ်။ပြီးရင် အသီးအနှံတွေ ပြင်ဆင်ကြရအောင်~
အာလူးကိုတော့ ပါးပါးလှီးရင် ပိုကောင်းပါတယ်~
ကျွန်တော်ကတော့ အာလူးအသီး၃လုံး ပဲ ဆိုတော့ တစ်လုံးကို တစ်ခြမ်း စီပဲ လှီးလိုက်ပါတော့တယ်
ကြက်သွန်က ကြက်ရဲ့ညှီနံ့တွေကို ဖျောက်ပေးလို့ အလုံးကြီးကြီးတစ်လုံးလောက် သုံးမယ်ဆိုရင် ရပါပြီ။မုန်လာဥနီကတော့ အကြီးကြီးဆိုရင် မစားဖြစ်တာကြောင့် ပါးပါးပဲ လှီးပါ။မှိုကိုလည်း သင့်တော်တဲ့ အတုံးလေးတွေပဲ လှီးပါ။
ကြက်သွန်မြိတ်ကိုလည်း ရှည်ရှည်ပါးပါးလှီးပြီး ငရုတ်သီးကိုလည်း စောင်းစောင်းလေးတွေ လှီးပြီး အသင့်ပြင်ထားပါ။
ပြီးရင်တော့ အနှစ်လည်း ပြင်ဆင်ရမယ်လေ။တကယ်တော့ အနှစ်လုပ်ရတာ တကယ်လွယ်ပါတယ်။ပဲငံပြာရည် ၊ငရုတ်သီးမှုန့်၊ သကြား၊ နုပ်နုပ်ဆင်းကြက်သွန်ဖြူ၊ငရုတ်ကောင်း~~
ဒါတွေ အကုန်လုံး အိမ်မှာ ရှိတာပဲမလား~
ပုံမှန်ဆိုရင်တော့ ငရုတ်သီးမှုန်အထူ ၄၀ဂရမ်၊ ငရုတ်သီးအနု ၆ဂရမ်ပါပဲ။
ကျွန်တော့်တို့အိမ်မှာတော့ တစ်ခုပဲရှိလို့ ဒီတိုင်း ငရုတ်သီးမှုန့်နဲ့ပဲ လုပ်လိုက်ပါတယ်
ကဲ.. ဒါဆိုရင် ဒယ်အိုးကြီးကြီးတစ်လုံး ယူလိုက်ပါ။ကြက်သား၊အာလူး၊ကြက်သွန်နဲ့ ရေကို ၅၄၀မီလီလီတာ ထည့်ပြီး ပြုတ်လိုက်ပါ။အိုးအရွယိအစားကို လိုက်ပြီး ရေပမာဏက ကွာခြားနိုင်ပေမယ့် ကြက်ရေမြုပ်သွားတဲ့ အထိလောက်ပေါ့~လုံးဝ မြုပ်သွားရင် ပြုတ်ထားလိုက်ပါ နည်းနည်းကြာနိုင်တာမလို့ …..
ဒီနေရာမှာ သကြားပါ တူတူ ထည့်ပေးပါ။
သကြားကို အရင်ဆုံး ထည့်ရင် ချိုတဲ့အရသာလေးပါ
ဝင်သွားမှာပါ~~~~ဒီအခြေအနေနဲ့ အာလူးလေး အနည်းငယ် ကျက်တဲ့အထိ ပြုတ်ထားပါ။တူလေးနဲ့ နည်းနည်းလေး မွှေကြည့်လည်း အဆင်ပြေပါတယ်။အာလူးက တစ်ဝက်လောက် ကျက်ပြီဆိုရင် မှိုနဲ့ ခါကြက်ဥ လည်း ထည့်ပြီး ၁၀မိနစ်လောက် ဆက်ပြုတ်ထားပါ
ငရုတ်သီးမှုန်လည်း ထည့်ပြီး သေချာမွှေပေးပါ
ငရုတ်သီးအမှုန့်ကို ထည့်ပြီးရင်းနဲ့ ကြက်သားနဲ့ အရည်က သေချာ လိုက်ဖက်နေပြီဆိုရင် ငံပြာရည်လည်း ထည့်လိုက်ပါ

ကြက်သွန်ဖြူကတော့ အရမ်းအကြာကြီးပြုတ်လေ အနံကထွက်လေမလို့ ငံပြာရည်ထည့်ပြီး ကြက်သွန်ဖြူ ထည့်ပါ။ ငရုတ်ကောင်းကိုလည်း ၃~၄ခါလောက် ဖြူးပေးပါ။
ပြီးရင် နောက်ဆုံးမှာ ကြက်သွန်မြိတ်နဲ့ ငရုတ်သီးတောင့်ကို ထည့်ပြီး မွှေပေးရင် ရပါပြီ

ကျန်တာက ကြက်သွန်နီကို ကျေတဲ့အထိ မွေပေးရင်တော့ ပြီးပြီ။။ဘတ်ဂျွန်ဝမ်(ကိုရီးယား နာမည်ကျော် စာဖိုမှူးကြီး) ရဲ့ ကြက်သားစတူး ပြီးမြှောက်ပါပြီ

ကဲ တစ်ခါလောက် ကိုရီးယားဆန်ဆန် ကြက်သားစတူးလေး လုပ်စားကြည့်ကြပါဦးနော်

Credit : Facebook Shares

Ingredients

Directions