ကိုရီးယား ကြက်ပေါင်သား ချိစ်ချက်နည်း

1

“[치즈닭갈비, Cheese Dak-galbi] ကိုရီးယား ကြက်ပေါင်သား ချိစ်ချက်နည်း”

ဒီတစ်ခါမှာတော့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် စာဖိုမှူး ဘတ်ဂျွန်ဝမ်ရဲ့ ဟင်းလျာထဲက တစ်မျိုးဖြစ်တဲ့ “ကြက်သားချိစ် ချက်နည်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်နော်

ပါဝင် ပစ္စည်းတွေကနေ စလိုက်ကြရအောင်နော်
အောက်ပါပစ္စည်းများကို အဆင်သင့်ပြင်ထားပါ
ကြကခြေထောက်ပိုင်းက အသား၄၀၀ဂရမ်၊ ပဲငံပြာရည် ၁/၂ခွက်၊ ငရုတ်သီးမှုန့် အကြမ်း၁/၂ခွက်၊ ငရုတ်သီးအနှစ ၁/၂ခွက်၊ သကြား ၁/၂ခွက်၊ ဆန်အရက် ၁/၂ခွက်၊ ကြကသွန်ဖြူထောင်း ၁/၂ခွက်၊ ငရုတ်ကောင်း အနည်းငယ်

ပြုလုပ်နည်း
ကြက်ရိုးချိစ် ချက်မယ်ဆိုရင် ကြက်ခြေထောက်အသား တစ်နည်းအားဖြင့် ပေါင်သားနဲ့မှ ကောင်းတာပါ
ပေါင်သားတွေကို သင်တင့်တဲ့ အရွယ်လောက်လှီးပြီးလျှင်ညှီနံ့ပျောက်ဖို့ နွားနို့ထဲကို ခဏ စိမ်ထားပြီးမှ ရေနဲ့
စင်ကြယ်စွာဆေးပါ
အာလူး ၁လုံး ထူထူလေးလှီးပြီး ကြက်သွန်မြိတ် လည်းလှီး ၊ကြက်သွန်နီ တစ်ခြမ်းလည်း လှီးထားပါ။ဂေါ်ဖီထုတ်ကိုတာ့ စားဖို့ အဆင်ပြေမယ့် အရွယ်လောက် လှီးပြီး ရေခဏလောက် စိမ်ပေးပါ ပြီးမှ နောက်တစ်ကြိမ် ရေဆေးချပါ
အနှစ်လုပ်ရတာတော့ အရမ်းကို လွယ်ကူပါတယ်
ပဲငံပြာရည်:ငရုတ်သီးမှုန့် အကြမ်း : ငရုတ်သီးအနှစ် : သကြား : ဆန်အရက် အချိုးကို ၁:၁:၁:၁:၁ အတိုင်း ထည့်ပေးရပါမယ်
ပြီးရင် ငရုတ်ကောင်းကို ၃ခေါက်လောက်ဖြူးလိုက်ပါ ။
ပြီရင်မဆလာ ၁/၃ဇွန်း၊နှမ်းဆီ ၁ဇွန်း ထည့်ပေးရပါမယ်။မဆလာ ထည့်လိုက်တော့ကြက်သား ညှီနံ့လည်း ပျောက်အောင်လုပ်ပြီးစားဖြစ်တာပေါ့
ကြက်ပေါင်သားတွေကို အနှစ်တစ်ဇွန်းလောက်ထည့်ပြီး နယ်ပါ။ပြီးရင် အိုးထဲကို ထည့်ကြော်လို့ ကျက်ပြီဆိုရင် ကျန်တဲ့ အသီးအနှံ့တွေ ထည့်လ်ုက်ပါ။ ခြောက်တယ်ထင်ရင်
ရေနည်းနည်းထည့်ကြော်ပါ။ ကျွန်တော်ကတော့ အသီးအရွက်ထဲက ထွက်တဲ့အရည်နဲ့တင် လုံလောက်တယ်ထင်လို့ ထပ်မထည့်ပါဘူး။အနှစ်တွေပါ တခါထည့်ထပ်ချက်ပါ။
နှမ်းရွက်လေးတွေပါညှပ်ထည့်လိုက်ပါ။လင်ပန်းကျယ်ထဲကို ကြော်ပြီးသား ကြက်သားတွေ ပြောင်းထည့်ပြီး ဘေးတစ်ဖက်မှာ ချိစ်ကို မိမိ စိတ်ကြိုက်ထည့်ပြီး မီးအနည်းငယ်နဲ့ ထပ် အပူပေးထားပါ။အိမ်မှာရှိတဲ့ ကြက်သွန်မြိတ်ကလေးပါ ထည့်လိုက်ရင် ဘတ်ဂျွန်ဝမ်ရဲ့ ကြက်သားဟင်း ပြည့်စုံပြီးမြောက်ပါပြီ~~~~~ကဲ ကိုရီးယားကြက်သားချိစ်ကို အရသာရှိစွာစားသုံးနိုင်ပါပြီ။
ဒီလိုအရသာရှိတဲ့ ဟင်းလျာလေးကို
တခါလောက် လုပ်စားဖြစ်အောင် လုပ်စားလိုက်ပါနော်

Credit : Facebook Shares

Ingredients

Directions