ကိုရီးယားဟင်းရွက်ဆန်ပြုတ် (အစပ်)

1

Maeun Yachae Jug
(ကိုရီးယားဟင်းရွက်ဆန်ပြုတ် (အစပ်))
.........................................................
မိုးအေးအေး (သို့) ရာသီဥတုaက လေအေးလေးနဲ့ ကိုယ့်ကို
ချမ်းချင်သလိုဖြစ်စေတဲ့ညမှာ ဒီလိုစပ်စပ်လေး ဆန်ပြုတ်လေးက အသင့်တော်ဆုံးပဲ။ ကျန်းမာရေးနဲ့ညီညွတ်သော အသီးအရွက်တွေနဲ့တင်မက ခန္ဓာကိုယ်ကို နွေးထွေးစေတဲ့ ကိုရီးယားငရုတ်ဆီအနှစ် (Gochu-Jang) နဲ့ တွဲသုံးပြီး
ချက်ထားတာမို့ "Yin Yan" လို့ ကိုရီးယားတွေပြောနေတဲ့ အပူနဲ့အအေးကို ခန္ဓာကိုယ်အတွင်းမျှတအောင် ဖန်တီးပေးနိုင်ပါတယ်။ လွယ်လွယ်လေးနဲ့ ချက်လို့ရအောင်လည်း ချက်ပြပေးထားပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေးလည်း သုံးဆောင်နိုင်ရုံမက သက်သတ်လွတ်သွားတွေအတွက် အကောင်းဆုံးဆန်ပြုတ်တစ်ခွက်ပါ။ ဆောင်းရာသီ၊ မိုးရာသီနဲ့ လေစိမ်းတိုက်တဲ့ ခပ်အေးအေးညမှာ ချက်ပြုတ်ဖို့ အသင့်တော်ဆုံးဖြစ်ပြီး စားကောင်းလို့ စိတ်ကျေနပ်ရင်
အပြုံးလေးတစ်ပွင့်ပေးခဲ့ပါ။

လိုအပ်သောပစ္စည်းများ
................................
• ဆန်(ရှမ်းဆန်ဆိုပိုကောင်းတယ်) - ၈ အောင်စ ကော်ဖီခွက်တစ်ခွက်
• ဂျပန်မှို (Shitake Mushroom)ရှီတာကီ - ၅ ပွင့်
(အစောင်း ပါးပါးလှီးထားပါ)
• နပါးဂေါ်ဖီရွက် (Napa Cabbage) - ၂ ရွက် (အစောင်းလှီးထားပါ)
• မုန်လာဥနီ (Carrot) - ၂ ချောင်း (အပြားလိုက်လှီးထားပါ)
• ဇူကီးနီ (Zucchini) - ၁ ချောင်း(အပြားလိုက်လှီးထားပါ)
• ကြက်သွန်မြိတ် (Green Onion) - ၂ ချောင်း(သေးသေးခုတ်ထားပါ)
• ကြက်စွပ်ပြုတ်ရည် (Chicken Broth) - ၈အောင်စ ကော်ဖီခွက်နှစ်ခွက်
• ကိုရီးယား ငရုတ်ဆီ အပျစ် (Gochu-Jang) - စားပွဲဇွန်း ၃ ဇွန်း
• ခရမ်းချဉ်သီးဆော့စ် (Tomato Ketchup) - စားပွဲဇွန်း ၂ ဇွန်း

ချက်ပြုတ်နည်း
.....................
၁။ အိုးတစ်အိုးမှာ ရေငါးခွက် (၈အောင်စကော်ဖီခွက်)နဲ့ ဆန်တစ်ခွက်ကို ရောကျိုပါ။
၂။ ၁၅ မိနစ်လောက် ကြာရင် ပွက်ပွက်ဆူလာပါလိမ့်မယ်။
၃။ ကြားချိန်မှာ နည်းနည်းမွှေပေးပါ။
၄။ ပွက်ပွက်ဆူလာရင် အိုးဖုံးကို ဖွင့်ထားပြီး မကြာခဏ မွှေပေးပါ။
၅။ ၁၀ မိနစ်လောက်ကြာရင် မုန်လာဥနီနဲ့ နပါးဂေါ်ဖီရွက်ကို ထည့်ပြီးမွှေပါ။
မကြာခဏမွှေပါ။
၆။ နောက်ထပ် ၁၀မိနစ်လောက်ကြာရင် မီးဖိုကိုပိတ်ပါ။
၇။ ဆန်ပြုတ်ဟာ ပျစ်နေပြီး နေနည်းနည်းပဲ ရှိပါမယ်။
၈။ နောက်ထပ် အိုးတစ်အိုးမှာ ကြက်စွပ်ပြုတ်ရည် ၂ခွက်ကိုထည့်ပြီး အပူပေးပါ။
၉။ ဆူလာရင် ဂျပန်မှိုပွင့်ကိုထည့်ပါ။
၁၀။ ၂ မိနစ်ကြာပြီးလျှင် ဇူကီးနီကိုထည့်ပါ။ မွှေပါ။
၁၁။ နောက်ထပ် ၃မိနစ်ကြာပြီးရင် ကိုရီးယား ငရုတ်ဆီအပျစ်နဲ့ ခရမ်းချဉ်သီး ဆော့စ် ကိုထည့်ပြီး သမအောင်မွှေပါ။
၁၂။ အပူရှိန်လျှော့ပြီး မကြာခဏမွှေပေးပါ။
၁၃။ ၂ မိနစ်၊ ၃မိနစ်ကြာပြီးရင် ချက်ပြီးသားဆန်ပြုတ်နွေးနွေးကို ရောထည့်ပြီး သမ အောင် အဆက်မပြတ်မွှေပေးပါ။
၁၄။ အပူရှိန်နည်းနည်းလေးနဲ့ နောက်ထပ် ၅ မိနစ်လောက်ချက်ပြီးရင် အဆင်သင့် သုံးဆောင်နိုင်ပါပြီ။
၁၅။ ခုတ်ထစ်ထားတဲ့ ကြက်သွန်မြိတ်လေးတွေကို ဆန်ပြုတ်ပေါ်မှာဖြူးပြီးလည်း သုံး ဆောင်နိုင်ပါတယ်။
ကျွန်တော်စီစဉ်ပေးထားတဲ့အတိုင်း ပြင်ဆင်ရင်တော့ ကိုရီးယားစားသောက် ဆိုင်မှာ စားသုံးနေရသလို ခံစားရမှာ
အမှန်ပါ။

Credit : Facebook Shares

Ingredients

Directions