ကိုရီးယားစတိုင် ကြက်သား မရိုနီစ်ထမင်း

1

“[치킨마요덮밥,Rice topped with chicken and mayonnaise sauce]ကိုရီးယားစတိုင် ကြက်သား မရိုနီစ် ထမင်း”

Menuလေးကတော့ အရမ်းကိုလွယ်သလို ပါဝင်ပစ္စည်းတွေကလည်း အရမ်းကို ရိုးရှင်းပြီး အရသာရှိတဲ့ Recipeတစ်မျိုးကိုပြောပြပေးမှာ ဖြစ်ပါတယ်..
ကြည့်လိုက်ကြရအောင်နော်..

ပါဝင်ပစ္စည်းဆိုလို ထွေထွေထူးထူး မရှိတာကို ဘာကြောင့် ဒီလောက် အရသာရှိနေမှန်းကို မသိတော့ပါဘူး... ဘာထွေးထွေထူးထူး ပစ္စည်းမှ မပါဘဲ ချက်နိုင်တာကြောင့် အရမ်းကို လွယ်ကူရိုးရှင်းပါတယ် ။ ကင်မ်ချီ လေး သို့မဟုတ် မုန်လာဥဝါလေးနဲ့သာ တစ်ချွတ်ချွတ် တူးတူး စားလိုက်ရရင် တကယ့်ကို အရသာရှိလိုက်တဲ့ ဖြစ်ခြင်းပါပဲ!!!

ကျွန်မတို့တော့ အရင်နေ့က မှာစားတုန်းက တမင်ချန်ထားတဲ့ ကြက်ကြော်တစ်ခြမ်းကို နောက်နေ့ကျ ကြက်သားမရို့နိစ် ထမင်း လုပ်စားပလိုက်တာပါပ..

ပါဝင်ပစ္စည်းများကတော့...
ကြက်သားကြော် ၂~၃ပိုင်း ၊ ထမင်း ၁ပန်းကန် ၊ ကြက်ဥ ၄လုံး ၊ Mayonnaise ၊ ကြက်သွန်နီ တစ်ခြမ်း ....

ဆော့စ်အတွက်တော့ ...
ပဲငံပြာရည် ၄ဇွန်း ၊ သကြား ၁ဇွန်း ၊ ရေ ခွက် ၁ ဝက် ၊ ငရုတ်ကောင်း အနည်းငယ် ....

ထမင်းစားဇွန်းကို သုံးပြီး ချိန်ဆထားပါတယ်..

ပြုလုပ်နည်း
အသားလေးတွေကို တစ်ခါစားလောက် အဆင်ပြေမယ့် အရွယ်လောက် နွှင်ပြီး တစ်ခဏ အပူပေး ကင်ပေးပါ။ Microwave သုံးလည်း အဆင်ပြေပေမယ့် ကြွပ်ရွစေချင်လို့ အိုးပြားမှာ ဆီမပါဘဲ ကင်ပေရခြင်း ဖြစ်ပါတယ်..
ပြီးရင် ကြက်ဥကြော်ပါမယ် ။ကျွန်မက ၄လုံး ကြော်ပါတယ် ... ကြက်ဥကို သက်သက် ခလောက် ပြီး ကြော်မနေတော့ဘဲ တစ်ခါတည်း ဖောက်ထည့်ပြီး မွှေကြော်ပစ်လိုက်ပါတယ် .. အရောင်လှချင်တယ်ဆိုရင် ခလောက်ပြီးမှ ကြော်ပေါ့နော်..ဒါပေမယ့် ကြော်လည်း အရသာရှိပါတယ်.!!
အမြင်နဲ့တင် အရသာရှိမယ့်ပုံ ပေါ်နေပါပြီ..ကြက်ဥထဲကို သကြား နဲ့ ဆား ၊ ငရုတ်ကောင်းတို့ အနည်းငယ် ဖြူးပေးပါမယ် ။ ဒီနေရာမှာ slice cheese သို့မဟုတ် Pizza cheese လေးကိုပါ ပါးပါးလေး ထည့်ကြော်စားရင် စိမ့်သက်သက်လေးနဲ့ ပိုအရသာရှိပေါ့နော်...

ပြီးရင် ကြက်သွန်နီ အနှစ်လုပ်ပါတော့မယ် ။ ကြက်သွန်နီ တစ်ခြမ်းကို ပါးပါးလှီးပါမယ် ။ ပြီးရင် ဆီးနည်းနည်းနဲ့ အရောင်ပြောင်းလာတဲ့အထိ ကြော်ပေးပါမယ် ။ပြီးရင် အပေါ်မှာ ပြောခဲ့တဲ့ ပါဝင်ပစ္စည်းများထည့်ထားသော ဆော့စ်ကိုပါ ထည့်ပြီး ပွက်ပွက်ဆူတဲ့ထိ တည်လိုက်ပါမယ် ။ ဒါဆိုရင်တော့ ကြက်သွန်နီ ဆော့စ်လုပ်တာလည်း ပြီးပြည့်စုံသွားပါပြီ... ဒီRecipe ရဲ့ အဓိက ကလည်း ဒီကြက်သွန်နီ ဆော့စ်ပါပဲ..

ဆော့စ်အဖြစ် ရေ ခွက်တစ်ခွက် နဲ့ သကြား ၊ ပဲငံပြာရည် ၊ ငရုတ်ကောင်း တို့ကို ထည့်ထားတဲ့ ပုံပဲဖြစ်ပါတယ် ။ ခပ်ပြင်းပြင်း မီးထဲမှာ ပွက်ပွက်ဆူအောင် ပြုတ်ပေးပါမယ် ။ ဒီ့ထက် ပမာဏပိုများများလုပ်လည်းရပါတယ်။
လုပ်ချင်တဲ့ အနေအထားရပြီဆိုတော့...ရပြီ!!! အမြင်ရော အရသာရော အနံ့ရော လုံးဝကို Perfectပါပဲ..!! ဒါဆိုရင်တော့ လမ်းခရီးတစ်ဝက်ကြော်ပြီလို့ ပြောလိုရပါတယ် ။ ကြက်သားအစား ဝက်သားပြား ၊တူနားငါ စသည်တို့ကိုလည်း ပြောင်းထည့်လို့ရပါသေးတယ်...

ပန်းကန်ပြားလေးထဲကို ထမင်းလေးထည့်ပါ၊ ထမင်းကို သိပ်မစေးကပ်တဲ့ ထမင်းကို သုံးတာ ကောင်းပါတယ်။ ပြီးရင် ထမင်းပေါ်မှာ ကြက်ဥလေးတွေကို တင်ပေးပါမယ် ။
ပြီးရင် ခုနက ပြုလုပ်ထားတဲ့ ကြက်သွန်နီ ဆော့စ်ကို အလယ်မှာ တင်လိုက်ပါမယ်

ပြီးရင် ကင်ထားတဲ့ ကြက်သားကြော်လေးကိုပါ တင်ပေးလိုက်ပါမယ် ... အရောင်ပိုလှချင်တယ်ဆိုရင်တော့ နှမ်းမွှေးရွက်ကလေးကိုပါ လှီးပြီး ထည့်ပေးလိုက်ပေါ့နော် ။ နံနံပင် ပူစီနံ စသည်တို့ကို တင်လည်းရပါတယိ ။ ဒါဆိုရင်တော့ ပိုပြီးစားချင်စရာကောင်းတာပေါ့လေ..နောက်ဆုံးမှာတော့ ကျွန်မတို့ အကြိုက်ဆုံး Mayonnaise အလှည့်ရောက်ပါပြီ
Mayonnaise ကို ကြွပ်ကြွပ်အိတ်တစ်အိတ်ထဲ ထည့်ပြီး အနားသတ်ကို ကပ်ကြေးနဲ့ သေးသေးလေး ဖောက်ပြီး လှလှလေး အပေါ်က ညှစ်ချလိုက်ပါ..

ဒါပြီးရင်တော့ လှလှပပ အရသာရှိစွာ စားသုံးနိုင်ပြီ ဖြစ်ပါတယ်.. S

Credit : Facebook Shares

Ingredients

Directions