ကိုရီးယားစတိုင်လ် တော့ပုကီအချို (Sauce Ddukbokki)

1

• ကိုရီးယားစတိုင်လ် တော့ပုကီအချို (Sauce Ddukbokki)

ကိုရီးယားဇာတ်ကားကြည့်သူတိုင်းသိတဲ့ တော့ပုကီ ပြုလုပ်နည်းကို တင်ဆက်ချင်ပါတယ်။ အချိုပြုလုပ်ထားတာမို့ ပဲငံပြာရည်အရသာနဲ့ ထူးခြားတဲ့ တော့ပုကီအချိုကိုအတူ ချက်ရအောင် . . .။

ပါဝင်ပစ္စည်းများ
----------------
၁။ ဆန်ချောင်း - ၁ ချောင်းနှင့် တစ်ဝက်
၂။ ကြက်သား - ၃ ကျပ်သား (နုပ်နုပ်စဉ်း)
၃။ မုန်လာဥနီ - ၁ ချောင်းနှင့် တစ်ဝက် (ပါးပါးလှီး)
၄။ ပဲစိမ်း - ၂ ချောင်း (ပါးပါးလှီး)
၅။ ပြောင်းဖူးအသေး - ၂ ချောင်း (ပါးပါးလှီး)
၆။ ပဲငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
၇။ ရေ - စားပွဲဇွန်း ၂ ဇွန်း
၈။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၉။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၀။ ဆီ - စားပွဲဇွန်း ၁ ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ
----------------
၁။ ပထမဦးစွာ ဆန်ချောင်းများကို ပွက်ပွက်ဆူနေသော
ရေနွေးထဲတွင် (၃)မိနစ်ခန့်ပြုတ်ထားပေးပါ။
မုန်လာဥနီ၊ ပဲစိမ်းနှင့် ပြောင်းဖူးအသေးတို့ကို
ရေနွေးထဲတွင် (၁)မိနစ်ခန့်ဖြောပေးပါ။

၂။ ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍
ကြက်သားများကို ကျက်သည်အထိ လှိမ့်၍ကြော်ပေးပါ။

၃။ ပြုတ်ထားသော ဆန်ချောင်းများနှင့်
ဟင်းသီးဟင်းရွက်များကို ထည့်ပါ။ ပဲငံပြာရည်၊
ရေ၊ သကြားနှင့် ကြက်သားမှုန့်တို့ကိုထည့်၍ မွှေပေးပါ။

၄။ အရသာထူးခြားသော Soy Sauce တော့ပုကီအချို ရရှိပါပြီ။

•crd. ချယ်ရီ

Credit : Facebook Shares

Ingredients

Directions