ကိုရီးယားစတိုင်လ် တူနာငါးကြော်

1

ကိုရီးယားစတိုင်လ် တူနာငါးကြော်

အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ တူနာငါးကို ဆန်းဆန်းလေးနဲ့ အရသာပိုရှိအောင် ကြော်စားလို့ရတဲ့ နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

တူနာငါးသေတ္တာ ၁ ဘူး
ကြက်ဥ အကြီး ၁ လုံး (ခလောက်လိုက်ပါ)
ကြက်သွန်မြိတ် ၃ ခု (နုတ်နုတ်စဉ်းပါ)
ကြက်သွန်နီ ၁ လုံး (နုတ်နုတ်စဉ်းပါ)
ငရုတ်ပွသီး အနည်းငယ် (နုတ်နုတ်စဉ်းပါ)
ဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား အနည်းငယ်
ငရုတ်ကောင်းမှုန့်အနည်းငယ်
မုန့်ကြွပ် အနည်းငယ် မွှပေးလိုက်ပါ (ထည့်ချင်မှထည့်ပါ)
ဆီ

ပြုလုပ်နည်း
အရင်ဆုံး တူနာငါးနဲ့ ပါဝင်ပစ္စည်းတွေကိုအတူတူ နယ်လိုက်ပါ။ ပြီးရင် အလုံးလေးတွေ လုံးထားလိုက်ပါ။
အဲဒီနောက် အပြင်ကနေ မုန့်ကြွပ်လေး အုပ်ပေးလိုက်ပါ။
အိုးကို အပူပေး ဆီ ထည့်လိုက်ပြီး ဆီပူလာပြီဆိုရင်တော့ တူနာငါးကို ထည့်ကြော်လိုက်လို့ရပါပြီ။
တစ်ဖက်တစ်ချက် သေချာကျက်သွားရင်
သုံးဆောင်လိုက်ပါ။
ဟင်းလိုစားစား၊ ဒီအတိုင်းစားစားအဆင်ပြေပါတယ်။

Credit : Facebook Shares

Ingredients

Directions