ကိုရီးယားစတိုင်လ်ဝက်ဂုတ်သားနှပ်ကင်နှင့် ထမင်းလုံး

1

------------------------------------------------------------------
ပါဝင်ပစ္စည်းများ
ဝက်ဂုတ်သား - ၃၀ ကျပ်သား
ကြက်သွန်မြိတ် - ၁ စည်း
ကြက်သွန်နီ - ၁ လုံး
ချင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ - ၃ မြွှာ (နုပ်နုပ်စဉ်း)
ကိုရီးယား ငရုတ်နှစ် - စားပွဲဇွန်း ၃ ဇွန်း
ပဲငံပြာရည်အကြည် - ၂ ဇွန်း
သကြား - စားပွဲဇွန်း ၁ ဇွန်း
ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ရှလကာရည် - စားပွဲဇွန်း ၁ ဇွန်း
နှမ်းဆီ - စားပွဲဇွန်း ၁ ဇွန်း
နှမ်း - စားပွဲဇွန်း ၁ ဇွန်း
ဆလတ်ရွက် - ၂ စည်း
ကြက်သွန်ဖြူ - ၃ မြွှာ (ပါးပါးလှီး)
ငရုတ်ပွရှည် - ၂ တောင့်
ထမင်း - ၁ ပန်းကန်
ရေညှိ - ၁ ချပ်

ပြုလုပ်ပုံ
အသင့်တင့် အရွယ်လှီးထားသော ဝက်သားကို ကြက်သွန်နီပါးပါးလှီး၊ ကြက်သွန်မြိတ် လက်တစ်ဆစ် ခန့် ဖြတ်၍ ချင်း၊ ကြက်သွန်ဖြူ၊ ကိုရီးယားငရုတ်နှစ်၊ ပဲငံပြာရည်၊ သကြား၊ ငရုတ်ကောင်း၊ နှမ်းဆီ၊ ရှလကာ ရည်တို့ ထည့်၍ နှံ့စပ်အောင်နယ်ပြီး မိနစ် ၃၀ ခန့် နှပ်ပေးထားပါ။ ကြက်သွန်ဖြူ၊ ငရုတ်ပွတို့ကို အဝိုင်း လေးလှီးထားပြီး ဆလတ်ရွက်များကို ရေအေးအေး ဖြင့် စင်ကြယ်အောင် ဆေးထားကာ တွဲဖက်စားသုံးရန် အသင့်ပြင်ထားပါ။ ထမင်းကို နှမ်းဆီ အနည်းငယ် ဆားအနည်းငယ်ဖြင့် နယ်ပြီး ရေညှိအမျှင်လေးများ လှီးထားသည်ဖြင့် အလုံးလေးများ လုံးကာ အဆင် သင့်ပြင်ထားပါ။ နှပ်ထားသော ဝက်သားကို အိုးပူပူတွင် ဆီအနည်းငယ်ထည့်ကာ ကျက်သည်အထိ ကင်ပေးပါ။ ကင်ပြီးသည့်ဝက်သားအား နှမ်းလေးများ လှပအောင် ဖြူးပေးပါ။ အဆင်သင့်ပြင်ထားသော ရေညှိထမင်းလုံး အသီးရွက်များဖြင့် ကိုရီးယားဝက်
ဂုတ်သားနှပ်ကင်ကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
---------------------------
Crd.
မေဖြိုးသီ See less

Credit : Facebook Shares

Ingredients

Directions