ကိုရီယား အမဲသား spicy စွပ်ပြုတ်

1

Yukgaejang (ယူ့ဂယ်ဂျန်း) ခေါ် ကိုရီယား အမဲသား spicy စွပ်ပြုတ်”

အခုမိတ်ဆက်ပေးမယ့် ကိုရီးယား အစားအသောက် တစ်မျိုးကတော့ Yukgaejang (ယူ့ဂယ်ဂျန်း)လို့ ခေါ်တဲ့ ကိုရီးယား အမဲသား Spicy စွပ်ပြုတ်တစ်မျိုးပဲ ဖြစ်ပါတယ် ....
ဒီPostလေးကို ဖတ်ပြီး အညွှန်းလေးတွေအတိုင်း လိုက်လုပ်စားမယ် ဆိုရင် လွယ်ကူပြီး အရသာရှိမယ့် ကိုရီးယား အစားအသောက်တစ်မျိုးကို စားသုံးနိုင်မှာ ဖြစ်ပါတယ်နော်...
ပါဝင်ပစ္စည်း
အမဲသား ၃၀၀ဂရမ်၊ ဒရင်ကောက်ပင် ၈၀ဂရမ် ၊ ပဲပင်ပေါက် ၁၂၀ဂရမ်၊ (Neu-ta-ri )Oyster မှို ၁၅၀ဂရမ်၊ ကြက်သွန်မြိတ် ၂ပင်၊ ငရုတ်သီးမှုန့် ထမင်းစားဇွန်း ၃ဇွန်း ၊ကြက်သွန်ဖြူ (ထောင်းထားတာ ဖြစ်ဖြစ် ကြိတ်ထားတာ ဖြစ်ဖြစ်) ဇွန်းကြီး ၁ဇွန်း၊ ရေ ၄ခွက် ၊ ဟင်းသီးဟင်းရွက်ဆီ ဇွန်းကြီး ၂ဇွန်း ၊နှမ်းဆီ ဇွန်းကြီး ၄ဇွန်း၊ ပဲငံပြာရည် (အကြည်) ဇွန်းကြီး ၄ဇွနိး၊ ဆား အနည်းငယ် ၊ ဂျင်းထောင်း ဇွန်းသေး တစ်ဝက်

အရင်ဆုံး ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပါမယ်၊
အမဲသားကို အရေခွံကို ပြောင်းပြန် အနေအထားနဲ့ လှီးမယ်။
Tip: အသားက ပါးမှသာ ကြော်ရတာလွယ်မှာမို့ အသားရွေးတဲ့ခါ သတိထားမှ ဖြစ်ပါမယ်။
ပြုတ်ထားတဲ့ ပဲပင်ပေါက်ကို ၄~၅စင်တီလောက် လှီးပြီး oyster မှိုကိုလည်း ဖြဲထားပေးပါ (အကြီးကြီး ဖြစ်မနေအောင်)။ပြုတ်ထားတဲ့ ဒရင်ကောက်ပင်ကို ၄~၅စင်တီလောက် လှီးပြီး oyster မှိုကိုလည်း ဖြဲထားပေးပါ (အကြီးကြီး ဖြစ်မနေအောင်)။
ကြက်သွန်မြိတ်ကို ဒေါင်လိုက် သင်တင့်တဲ့ အရွယိအစားရှည်ရှည်လေးတွေ လှီးထားပေးပါ။ အကုန် အသင့်ဖြစ်ပြီဆိုရင် အိုးထဲကို ဟင်းရွက်ဆီ နဲ့ နှမ်းဆီ ထည့်ပြီး ခုနက လှီးထားတဲ့ ကြက်သွန်မြိတ်ကို စထည့်ပါ
ကြက်သွန်မြိတ်က အနံ့ထွက်ပြီဆိုရင် အသားထည့်ပါ။
Tip:အသားကျက်တဲ့အခါ ကပ်မသွားအောင် တူအသုံးပြုပြီး မွေပေးပါ.
အသားရဲ့ အရောင် ပြောင်းလာပြီး တစ်ဝက်လောက် ကျက်ပြီဆိုရင် ငရုတ်သီးမှုန့်(အရောင်တင်မှုန့် )ထည့်ပေးပါ။
ငရုတ်သီး ဆီ ထွက်လာတဲ့အထိ ကြော်ရပါမယ်...
အကုန်လုံး အသင့်အတင့်ကြော်ပြီးတဲ့အခါ အပေါ်မှာ ပြောခဲ့တဲ့ ရေပမာဏ ထည့်ပါ.. မြှုပ်လောက်တဲ့ထိ ထည့်ပါ...

သင်ထားတဲ့ ဒရင်ကောင်ပင် နဲ့ Oysterမှိုတို့ကို ခုနက ဟင်းရည် ပွက်လာတာနဲ့ ထည့်ပါ..
ကြက်သွန်ဖြူထောင်းနဲ့ ဂျင်းထောင်း တို့ကိုလည်း တစ်ခါတည်းထည့်လိုက်ပါ
အကုန်ထည့်ပြီးလို့ ပွက်ပွက်ဆူတဲ့ခါကျရင် ပဲငံပြာရည် နဲ့ ဆား ကို မိမိစိတ်ကြိုက် အရသာအတိုင်း ထည့်ပါ...

နောက်ဆုံး ပဲပင်ပေါက် ထည့်ပြီးတဲ့နောက် ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ကျက်တဲ့အထိ တည်ထားရင် ခုချက်နေတဲ့ Yukgaejang(ယူ့ဂယ်ဂျန်း) ပြီးမြောက်ပါပြီ….
*အကြိုက်ကို လိုက်ပြီး ကြက်ဥလေးပါ ထည့်လို့ရပါသေးတယ်….ပူပူနွေနွေးဖြစ်တုန်း ပန်းကန်လုံးကြီးကြီး တစ်လုံးထဲ ထည့်လိုက်ရင် တစ်မိသားစုလုံး အားရပါးရ စားလို့ရနိုင်လောက်တဲ့ ပမာဏတော့ ရှိပါတယ်…
နူးညံ့ပြီး ခပ်စိမ့်စိမ့် ဒီအရသာလေး မှာ ကြွပ်ကြွပ်ဆပ်ဆပ် ပဲပင်ပေါက်လေးအထိ တကယ့်ကို အနုပညာ မြောက်တဲ့ ဟင်းတစ်ခွက်ပါပဲ…...
အသားကို ပြုတ်ထားထက် ကြော်လိုက်တော့ ပြင်ဆင်ရတဲ့ အချိန်လည်း ပိုမြန်သွားတာပေါ့...အဲ့ဒီတော့ စားရတဲ့ သူရော် ချက်ရတဲ့သူရော ပိုအဆင်ပြေတာပေါ့လေ..
ဘယ်လောက် စားလို့ကောင်းတဲ့ အစားအစာဖြစ်ဖြစ် ချက်ရပြုတ်ရ ခက်ရင် ပင်ပန်းတယ်လေ…
Yukgaejang(ယူ့ဂယ်ဂျန်း) ကတော့ ပြင်ဆင်ရတာလည်း လွယ်တယ် စားလို့ကလည်း ကောင်းဆိုတော့ ပြောစရာ မလိုတော့ဘူးပေါ့နော်….
ရာသီဥတု ပူတဲ့အခါ လန်းဆန်းတာလေးပဲ စားချင်တာ သဘာဝပေမယ့် တမင်သက်သက် ပူပူနွေးနွေး စားစရာလေး ချက်စားတော့လေး တစ်ပတ်တာ ကုန်ဆုံးသွားတဲ့ Energyတွေ ပြန်တက်လာသလိုပါပဲ… ဈေးကြိုဝယ်ထားမယ်
အသားလည်း ပြုတ်စရာမလိုဘူး .. ပါဝင်ပစ္စည်းတွေပါ အသင့်ပြင်ဆင်ထားမယ်ဆိုရင် အရမ်း ကို လွယ်လွယ်ကူကူ ချက်နိုင်တဲ့ ဟင်းတစ်ခွက် ဖြစ်တာမို့ ဒီပိတ်ရက်မှာ လက်လွတ် မခံဘဲ အမြန်ဆုံး ချက်စားလိုက်တော့နော်…

Credit : Facebook Shares

Ingredients

Directions