ကိုရီယား အမဲသားကင်

1

ကိုရီယား အမဲသားကင်

ကိုရီယား အမဲသားကင်လေးကို Ssamjang ဆော့အစပ်လေးနဲ့ တွဲစားရင် အရသာ အရမ်းကောင်းမွန်ပါတယ်။ အမဲသားကင်က ဝိုင်နီနဲ့ တွဲသောက်ဖို့လည်း အလွန်လိုက်ဖက်ပါတယ်။ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

အမဲသား – ၄၅၀ ဂရမ် (ခပ်ပါးပါးလှီးပေးပါ)
ဆလတ်ရွက် – ၁စည်း (ရေစင်အောင် ဆေးထားပါ)
broccoli ဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီသီး (အလှဆင်ရန်)

နုပ်ထားရန် ပါဝင်ပစ္စည်းများ

သစ်တော်သီး – ၁လုံး (ပါးပါးလှီးထားပါ)
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

Ssamjangဆော့တွင် ပါဝင်ပစ္စည်းများ

ပဲငပိ – စားပွဲတင်ဇွန်း ၄ဇွန်း (ဇွန်းဖြင့် ခြေထားပေးပါ)
ကိုရီယား ငရုတ်သီးအနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
ပျားရည် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
နှမ်း – လက်ဖက်ရည်ဇွန်း ၂ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ကင်နည်း

၁။ နုပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော (သစ်တော်သီး၊ ကြက်သွန်နီ)တို့ကို ကြိတ်စက်(blender) ဖြင့် ကြေညက်အောက် ကြိတ်ပေးပါ။

၂။ ပြီနောက် ဇလုံတစ်ခုထဲ (အမဲသား၊ ကြိတ်ထားသော သစ်တော်သီး၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ သကြား၊ ပျားရည်၊ ဆန်ဝိုင်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ကြက်သွန်မြိတ်) တို့ကို ထည့်လိုက်ပါ။

၃။ နုပ်ရန်ပါဝင်ပစ္စည်း အားလုံးကို သမအောင် ရောနုယ်ပြီ ရေခဲသေတ္တာအောက်ထပ်တွင် အနည်းဆုံး နာရီဝက်ခန့် နုပ်ထားပေးပါ။ တညသိပ်ပြီ နုပ်ထားနိုင်က အကောင်းဆုံးဖြစ်သည်။

၄။ ပြီမှ မီးကင်ပြားကို ဆီအနည်းငယ်သုတ်ပြီ အမဲသားများကို ကျက်သည်အထိ တဖက် ၅-၆ မိနစ်နှုန်းဖြင့် ကင်ပေးပါ။ ကင်ပြီလျှင် နှမ်း၊ ကြက်သွန်မြိတ် ဖြူးပေးပါ။

၅။ အမဲသားကင်ရပြီဆိုလျှင် အကင်နဲ့ တွဲစားဖို့ ဆော့ကို ပြုလုပ်ပါမည်။

၆။ Ssamjang ဆော့ပြုလုပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော (ပဲငပိ၊ ငရုတ်သီးအနှစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ပျားရည်၊ နှမ်းဆီ၊ နှမ်း)တို့ကို သမအောင် ရောမွှေလိုက်ပါ။

ရ။ အရသာကောင်းမွန်သော အမဲသားကင်ကို ssamjang ဆော့၊ ဆလတ်ရွက်တို့ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…

မှတ်ချက် ။ ။ အလှဆင်ရန် ဂေါ်ဖီစိမ်းကို ရေနွေးပြုတ်ပြီ ရေအေး ပြန်စိမ်ပါ။ ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ ငရုတ်ကောင်းမှုန့် ဖြူးပေးပါ။ စတော်ဘယ်ရီသီးကို ထပ်ခြမ်းခြမ်းပေးပါ။

#crd.wutyee See less

Credit : Facebook Shares

Ingredients

Directions