ကိုင်းခရမ်းချဉ်သီး အညာချက်နည်း

1

ကိုင်းခရမ်းချဉ်သီးရဲ့ ထူးခြားချက်က အခြားခရမ်းချဉ်သီးတွေလို ပြောင်ချောချောမဟုတ်ဘဲ အနားတွန့်ကြီးတွေနဲ့မို့ သိသာပါတယ်။

ကိုင်းခရမ်းချဉ်သီးက အရောင်ရဲပြီး အခွံက ပါးပါတယ်။ ကိုင်းခရမ်းချဉ်သီးကို အထက်အညာဒေသတွေမှာ ယာတွေ၊ ကိုင်းတွေ စိုက်ပျိုးတဲ့ လုပ်ငန်းက ထွက်လို့ အချို့က ကိုင်းသီးလို့လည်း အလွယ်ခေါ်ကြပါတယ်။

ကိုင်းခရမ်းချဉ်သီးက အမည်နဲ့လိုက်အောင် အချဉ်ဓာတ်ပါတဲ့ မြန်မာမျိုး စစ်စစ်ဖြစ်တယ်လို့ သိရပါတယ်။

အထက်အညာဒေသတွေမှာ ခရမ်းချဉ်သီးကို ပိုပြီး နှစ်သက်ကြလို့ ဟင်းလျာတိုင်းလိုလို မပါမဖြစ်ဘဲ ဟင်းခတ်အဖြစ် အသုံး ပြုလေ့ရှိတာကို တွေ့ရပါတယ်။

***************
ပါဝင်ပစ္စည်းများ
***************

ကိုင်းခရမ်းချဉ်သီး - ၅၀ ကျပ်သား

ဆီ - ၇ ၁/၂ ကျပ်သား

ငါးခြောက် (ငါးကွမ်းရှပ်၊ ငါးရောင်) - ၅ ကျပ်သား

ငရုတ်သီးခြောက် - ၅ တောင့်

ကြက်သွန်နီ/ဖြူ - ၂/၁ လုံး

ငရုတ်သီးစိမ်း - ၁၀ တောင့်

မျှင်ငါးပိ - ကွမ်းသီး ၂ လုံးခန့်

ဆား၊ နနွင်းမှုန့် - သင့်ရုံ

************
ပြုလုပ်နည်း
************

၁။ ကိုင်းခရမ်းချဉ်သီးကို အညာပုံစံချက်တာက ခရမ်းချဉ်သီးအရသာသက်သက်ကို ပိုပြီးပေါ်လွင်တာမို့ အကြိုက်များကြပါတယ်။ ခရမ်းချဉ်သီးကို မလှီးဘဲ ဒယ်အိုးမှာ အသီးမြုပ်ရုံ ရေထည့်၍ ရေခန်းအောင်ပြုတ်ပြီး အခွံပါးလေးတွေကို ခွာထားပါ။

၂။ ငရုတ်သီးခြောက်၊ ကြက်သွန်နီ/ဖြူကို ထောင်းပါ။ ငါးခြောက်တုံးလေးများနှင့် ငရုတ်သီးစိမ်းတောင့်များကို ရေဆေးပြီး စစ်ထားပါ။

၃။ အားလုံးအသင့်ဖြစ်လျှင် ဒယ်အိုးထဲ နနွင်းမှုန့်၊ ငရုတ်သီးနှင့် ကြက်သွန်နီ/ဖြူ ထောင်းပြီးသားအရောကို ထည့်၍ ဆီသတ်ပါ။ အနံ့မွှေးလာပါက ငါးခြောက်တုံးလေးများနှင့်အတူ မျှင်ငါးပိနှင့် ခရမ်းချဉ်သီးတို့ကို ရောထည့်ပြီး အနှံ့မွှေပါ။

၄။ ခရမ်းချဉ်သီးများကြေ၍ အရည်ခန်းပြီး ဆီနာနာပြန်လာတဲ့အထိ စိတ်ရှည်ရှည်နဲ့ ချက်ရပါမယ်။ ဟင်းအိုးဆီပြန်လာပြီး ခရမ်းချဉ်သီးအနှစ်နဲ့ ဆီကွဲလာလျှင် အပေါ့အငန်မြည်း၍ အသင့်ပြင်ထားတဲ့ ငရုတ်သီးစိမ်းတောင့်ထက်ခြမ်းခွဲများ အုပ်ပြီး ဖိုမှချပါ။ အခြားအရန်ဟင်းမလိုအောင် ထမင်းမြိန်တဲ့ ကိုင်းခရမ်းချဉ်သီး အညာချက်ပါ။

စံလွင် (ငါးဦးစီး)

Credit : Facebook Shares

Ingredients

Directions