ကိုက်လန်ခရုဆီ လုပ်နည်း

1

၁။ ကိုက်လန် - ၁ စီး

၂။ ကြက်သွန်ဖြူကြော် (ကြက်သွန်ဖြူဆီချက်ထဲမှ) - ထမင်းစားဇွန်း ၂ ဇွန်း

၃။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်းခွဲ

၄။ ပဲငံပြာရည်အကျဲ (အကြည်) - လက်ဖက်ရည်ဇွန်း တ ဝက်

၅။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၆။ ကော်မှုန့်- လက်ဖက်ရည်ဇွန်း လေးပုံတပုံ

၇။ ပဲငံပြာရည်အပျစ် (အနောက်) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

၈။ ရေ - ထမင်းစားဇွန်း ၅ ဇွန်း

(ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

========
ပြုလုပ်နည်း
========

၁။ ကိုက်လန်အရိုးရဲ့အရင်းပိုင်းများကို အနည်းငယ်ဖျက်ပြီး ရေဆေးထားပါ။

၂။ အိုးကြီးကြီး တလုံးထဲမှာ ရေများများထည့်ပြီး ပွက်လာအောင်တည်ပါ။ ရေပွက်လာလျှင် ရေဆေးထားသော
ကိုက်လန်များကို ၃ မိနစ်ထည့်ပြုတ်ပါ။ (အချိန်အကြာကြီးပြုတ်လျှင် စားမကောင်းပါဘူး။)

၃။ ၃ မိနစ်ခန့်ပြုတ်ထားသော ကိုက်လန်များကို ဆယ်ပြီးလျှင် ရေအေးအေးထည့်ထားသော ဇလုံထဲကိုခဏထည့်ပြီး ပြန်ဆပယ်ပါ။ (အိမ်မှာပဲစားမည်ဆိုလျှင် ရေအေးထဲမစိမ်ပဲ တခါတည်းပန်းကန်ထဲထည့်ထားပါ။ ရေအေးထဲစိမ်တာက ဆိုင်တွေကလို စိမ်းစိမ်းလေးဖြစ်နေဖို့ပါ။)

၄။ ထို့နောက် ပန်းကန်ပြားထဲကိုထည့်ထားပါ။

၅။ ဒယ်အိုးအသေးထဲကို ရေထမင်းစားဇွန်း ၅ဇွန်း၊ ခရုဆီ၊ ပဲငံပြာရည်အကျဲ (အကြည်)၊ ပဲငံပြာရည်အပျစ်(အနောက်)၊ သကြား၊ ကော်မှုန့်တို့ကိုထည့်ရျ် ကော်မှုန့်ပျော်သွားအောင် မွှေပါ။ ထို့နောက်မီးဖိုပေါ်တွင် ပွက်လာသည်အထိထားပါ။

၆။ အရည်များပွက်လျှင် ကိုက်လန်ထည့်ထားသော ပန်းကန်ထဲကိုဆမ်းလိုက်ပါ။ ပြီးလျှင် အပေါ်မှ ကြက်သွန်ဖြူကြော်များကိုဖြန့်ထည့်ပါ။

၇။ အနံ့မွှေးမွှေးနှင့် စားလို့အလွန်ကောင်းသော ကိုက်လန်ခရုဆီကိုသုံးဆောင်နိုင်ပါပြီရှင်။

Credit : Facebook Shares

Ingredients

Directions