ကရင်ကြက်သားသုပ်နည်း
ခြံကြက်(ဗမာကြက်)....၁ခြမ်းနှင့်ခေါင်း၊ခြေထောက်
ငရုတ်သီးစိမ်းတောင့်နီ..၁၀ တောင့်ခန့်
ကြက်သွန်ဖြူ ..............၇ တက်
ကြက်သွန်နီကြီးကြီး.......၂ လုံး
စပါးလင်.....................၂ချောင်း
စိမ်းစားငါးပိ.................၁ဇွန်းခန့်
ငါးငံပြာရည်
ဟင်းခတ်မှုန့်၊ ကြက်သားမှုန့်
သံပုရာရည်
ပထမဆုံးကြက်သားကိုအရွယ်တော်အသုံးလေးတွေသုံးပါ။
အိုးတစ်လုံးမှာကြက်သား၊စပါးလင်တစ်ချောင်း၊ ချင်းတစ်တက်ကိုဓါးပြားရိုက်ပြီးဆား၊ ကြက်သားမှုန့်(သို့)ဟင်းခတ်မှုန့်ထည့်ကာ ရေခမ်းပြီးနှု းနေအောင်ပြုတ်ပါ။
ကြက်သားနူးလျှင်ဆယ်ယူပြီးစစ်ထားပါ။
အရိုးတွေကိုမီးရှိန်အေးအေးမှာဆက်ပြုတ်ထားပါ။
=================
(ဟင်းရည်အတွက်အသုံးပြုရန်)
=================
ထိုအချိန်မှာပဲအခွံမခွာရသေးတဲ့ကြက်သွန်နီကို ပြာပူထဲထိုးထည့်ပြီးမီးဖုတ်ပါ။
စိမ်းစားငါးပိကိုလည်းဇွန်းပြာလေးမှာကပ်ပြီးမီးကင်ပါ။
ကြက်သွန်ဖြူ နဲ့ငရုတ်သီးစိမ်းတောင့်နီတွေကိုဝါးချောင်းလေးမှာထိုးပြီးကင်ပါ(သို့)လှော်ပါ။
မီးကင်၊မီးဖုတ်ထားတဲ့အရာအားလုံးနှင့်စပါးလင်တစ်ချောင်းကိုပါးပါးလှီးပြီးညှက်နေအောင်ရောထောင်းပါ။
ပြုတ်ထားတဲ့ကြက်သားကို အရသာစိမ့်ဝင်စေလောက်အောင်သာနွှာပေးပါ။
ဇလုံတစ်ခုအတွင်းမှာထောင်းထားတဲ့အရောနှင့်နွှာထားတဲ့ကြက်သားမျှင်တွေကိုထည့်ပါ။
ငါးငံပြာရည်၊သံပုရာရည်၊ ဟင်းခတ်မှုန့်၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းတို့ထည့်ပြီးသမသွားအောင်ခပ်ဖွဖွလေးနယ်ပါ။
နှစ်သက်ပါကပဲဆီမွှေးလေးအနည်းငယ်ထည့်ပြီးရောမွှေပေးပါ။
မိမိနှစ်သက်ရာလတ်ဆတ်သောအရွက်စုံ၊ ဟင်းရည်ပူပူလေးဖြင့်တွဲဖက်သုံးဆောင်ပါ။
မှတ်ချက်။ ငရုတ်ခြောက်တောင့်ကိုလဲအသုံးပြုနိူင်ပါတယ်။
Credit : Facebook Shares
Ingredients
Directions