ကမ္ဘောဒီးယားစတိုင်လ် ဟင်းရွက်ကြော်

1

ကမ္ဘောဒီးယားစတိုင်လ် ဟင်းရွက်ကြော်
**************************

ထမင်းနဲ့ တွဲဖက်စားဖို့ ကောင်းတဲ့
ကမ္ဘောဒီးယားစတိုင်လ် ဟင်းရွက်ကြော်လေးပါ။
မျှစ်၊ မုန်လာဥနီ၊ ပဲသီး ဟင်းရွက်အစုံလည်း ပါဝင်ပြီး
အုန်းနို့ရနံ့လေးနဲ့မို့ စားကောင်းတဲ့
သက်သတ်လွတ် ဟင်းလျာ တစ်မျိုးပါ။
ချက်နည်းကို ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ
၁။ မုန်လာဥနီ - ၂ ဥ (အရှည်လှီးပါ)
၂။ မျှစ် - ၂ တုံး (အရှည်လှီးပါ)
၃။ ပဲသီးရှည် - ၁စည်း
(အရှည်ပိုင်းဖြတ်ပေးပါ)
၄။ ဟင်းရွက်ဆီ - စားပွဲဇွန်း ၂ဇွန်း
၅။ ကြက်သွန်နီ - ၁လုံး (နုပ်နုပ်စဉ်းပါ)
၆။ စပါးလင် - ၁ ပင်
(အရင်းကို ပါးပါးလှီးပြီး နုပ်နုပ်စဉ်းပါ)
၇။ ချင်း - လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ
(နုပ်နုပ်စဉ်းပါ)
၈။ ငရုတ်သီးစိမ်း - ၃တောင့် (ထက်ခြမ်းခြမ်းပါ)
၉။ သံပရာသီး - ၁လုံး (အစေ့ထုတ်ပါ)
၁၀။ ပဲငံပြာရည် (အကြည်) - လက်ဖက်ရည်ဇွန်း ၂ဇွန်း
၁၁။ ဗီနီကာ - စားပွဲဇွန်း ၁ဇွန်း
၁၂။ သကြား - စားပွဲဇွန်း ၁ဇွန်း
၁၃။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၄။ ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၅။ အုန်းနို့နှစ် - ၁၀၀ ဂရမ်(စားပွဲဇွန်း၆ဇွန်းခွဲ)
၁၆။ နံနံပင် - အနည်းငယ်
(နုပ်နုပ်စဉ်းပါ)
၁၇။ ပင်စိမ်း - အနည်းငယ်
(နုပ်နုပ်စဉ်းပါ)

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်အိုးထဲ ဆီ(စားပွဲဇွန်း ၂ဇွန်း) ထည့်ပြီး
ကြက်သွန်နီ၊ ချင်း၊ စပါးလင်၊
ငရုတ်သီးစိမ်း တို့ကို ဆီသတ်ပေးပါ။

၂။ ပြီးမှ မုန်လာဥနီ၊ ပဲသီး တို့ကို ထည့်ကာ
သံပရာရည် ညှစ်ထည့်ပြီး ၂မိနစ်ခန့် ရောကြော်ပေးပါ။

၃။ ထို့နောက် အရသာအတွက် ပဲငံပြာရည်၊
ဗီနီကာ၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့် တို့ကို ထည့်လိုက်ပါ။

၄။ ပြီးနောက် မျှစ်၊ အုန်းနို့နှစ်ထည့်ကာ
သမအောင် ရောမွှေလိုက်ပါ။

၅။ မီးအသင့်အတင့်ဖြင့် ၅မိနစ်ခန့် ချက်ပြီး
အရသာ အပေါ့၊ အငန် အနေတော်လျှင် နံနံပင်၊ ပင်စိမ်းအုပ်ကာ မီးပိတ်လိုက်ပါ။

၆။ ကမ္ဘောဒီးယားစတိုင်လ် ဟင်းရွက်ကြော်ကို
ထမင်းဖြင့် တွဲဖက် စားသုံးနိုင်ပါပြီ။

Crd.ဝတ်ရည်

Credit : Facebook Shares

Ingredients

Directions