ကန်ဇွန်းဥထမင်းပေါင်း

1

ကန်ဇွန်းဥထမင်းပေါင်း (Sweet Potato Rice – Gogumabap)

Sweet Potato Rice – ကန်ဇွန်းဥ ထမင်းပေါင်း ပြုလုပ်နည်းလေး ပြောပြပါမယ်။ ကိုရီးယား လိုတော့ Gogumabap လို့ ခေါ်ပါတယ် ။

ပါ၀င်ပစ္စည်းများ

ကန်ဇွန်းဥ - ၄၅၀ ဂရမ်
ဆန် - ၁ ခွက် (၂၅၀ ဂရမ်)
သီဟိုစေ့ - (အနည်းငယ်)
စလေဇီးသီးခြောက် - (အနည်းငယ်)
(ဆော့ - ပြုလုပ်ရန်)
ငံပြာရည် Soy-sauce - ၄ ဇွန်း(စားပွဲတင်ဇွန်း)
ပျားရည် - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ရှာလကာရည် - ၂ ဇွန်း (စားပွဲတင်ဇွန်း)
ကြက်သွန်မြိတ် - (အနည်းငယ်)
ကြက်သွန်ဖြူ - ၁ မွှာ
ကိုရီးယားငရုပ်မှုန့် - ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
နှမ်းဆီ - ၁ ဇွန်း (စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

ပထမဆုံး ဆန် ၁ ခွက်ကို ရေဖြင့် သုံးကြိမ်ခန့် ပြောင်အောင် ဆေးကာ ရေ ၁ခွက်နှင့် တစ်ဝက် ထည့်ကာ မိနစ် ၂၀ ခန့်စိမ်ထားပါ ။ (ဆန်ကို ထိုကဲ့သို့ ရေစိမ်ပြီးမှ ချက်ပါက ထမင်း ကျက်သွားသည့် အခါ ထမင်း အနေအထား ပိုလှပါသည်)
ထို့နောက် ကန်ဇွန်းဥ အစိမ်းကို အခွံနွှာပြီး လက်တစ်ဆစ်ခန့်အရွယ် အတုံးလေးတွေလှီးပြီး ရောထည့်ပါ ။
သီဟိုစေ့ နှင့် ဇီးသီးခြောက် အနည်းငယ်စီ ထည့်ကာ ထမင်းချက်သည့် အတိုင်းချက်ပါ ။
ထမင်းကို ရေခမ်း ချက်နိုင်သလို ထမင်းပေါင်းအိုးဖြင့်လည်း ချက်နိုင်ပါသည် ။ ကျက်သွားပါက ပန်းကန်လုံး တစ်ခုထဲသို့ ထည့်ကာ စားသုံးနိုင်ပါသည် ။
ကိုရီးယား လူမျိုးများသည့် ဆော့ပြုလုပ်ပြီး ကန်ဇွန်းဥ ထမင်းထဲသို့ ထည့်ကာ စားသုံးကြပါသည် ။
( ဆော့ - ပြုလုပ်နည်း)
ဆော့ပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းများ ဖြစ်ကြသည့် (ငံပြာရည် +ပျားရည် +ရှာလကာရည်) တို့ကို ပါဝင် အချိုးအစား အတိုင်း ထည့်ပါ ။
ကြက်သွန်မြိတ် အနည်းငယ် ပါးပါးလှီး ထည့်ပါ ။ ကြက်သွန်ဖြူကို နုပ်နုပ်စင်း ထည့်ပါ ။
ကိုရီးယား ငရုပ်သီးမှုန့် နှင့် နှမ်းဆီ ထည့်ကာ ရောမွှေပြီး ဆော့ပြု လုပ်ကာ ကန်ဇွန်းဥ ထမင်းပေါင်း ထဲသို့ လိုသလောက်မျှသာ အနည်းငယ် ထည့်ပြီး အရသာ ထူးခြားစွာဖြင့် ကိုရီးယားစတိုင် စားသုံးနိုင်ကြပါသည်။

#credit See less

Credit : Facebook Shares

Ingredients

Directions