ကန်ဇွန်းရွက်အစိမ်းသုပ်

1

ကန်ဇွန်းရွက်အစိမ်းသုပ်
*****************
အသုပ်သုပ်ရန် ဆီနီဆီသတ်အတွက်...အရောင်တင်မှုန့်
လက်ဖက်စားဇွန်းတစ်ဇွန်း ထဲကိုဆီဆူဆူထမင်းစားဇွန်း၂ဇွန်းစာလောင်းထည့်ပါ။
ကြက်သွန်နီတစ်လုံးပါးပါးလှီးပြီး ဆီချက်ချက်ထားပါ။
ကြက်သွန်ဖြူဆီချက်အတွက် အလွယ်တကူပဲလုပ်ပါတယ်
လက်ဖက်ထဲထည့်သည့် ကြက်သွန်ကြော်အနည်းငယ်ထဲကို ဆီပူပူလောင်းပြီး ဆီချက်လုပ်ထားပါတယ်။
ငရုတ်သီးစိမ်းပါးပါးလှီးထားပါ။
ခရမ်းချဉ်သီးပါးပါးလှီးထားပါ။
ကြက်သွန်နီပါးပါးလှီးထားပါ။
မြေပဲလှော်အနည်းငယ်ထောင်းထားပါ။
နှမ်းလှော်တစ်ဇွန်းခန့်အသင့်ပြင်ထားပါ။
ရှောက်ရွက်ပါးပါးလှီးထားပါ နံနံပင်သုံးလဲရပါတယ်။

ငါးဖယ်ကြော်ထားတာလေးအသင့်ရှိနေလို့ငါးဖယ်လေးထည့်သုပ်ပါတယ် ငါးဖယ်မရှိလျှင် ပုဇွန်ခြောက်ထည့်ပါ။
.....
ကန်ဇွန်းရွက်အစိမ်းသုပ်ဖို့ ကန်ဇွန်းရွက်တွေစိမ်းစော်မနံအောင်အရင်လုပ်ရပါတယ်။
ကန်ဇွန်းရွက်အပင်လိုက်ကို ရေစင်စင်ဆေးပြီး၁၀မိနစ်ခန့်ဆားနှင့်ရေခဲရေထဲစိမ်ပါ ရေခဲတုန်းလေးတွေပါထည့်ရင် ပိုကောင်းပါတယ်။
ဆယ်မိနစ်ခန့်စိမ်ပြီးလျှင် အရိုးသက်သက်၊အရွက်သက်သက်နုတ်နုတ်ပါးပါးလှီးပါ လှီးပြီးလျှင် အရိုးအရွက်များကို
သံပုသီးတစ်ခြမ်းညှစ်ထည့်ထားသောရေထဲ ၅မိနစ်ခန့် စိမ်ထားပါ။
....
အချိန်စေ့လျှင် ရေစိမ်ထားရာမှဆယ်ပြီး ရေခနစစ်ပါ
ရေစစ်သွားလျှင် အဆာများအကုန်ထည့်ပြီး ငံပြာရည်၊
ဟင်းခတ်မှုန့်၊သံပုရာရည်ညှစ်ထည့်ပြီးသုပ်ပါ
အရသာတစ်မျိုးထူးလို့နှစ်သက်ကြမှာအသေအချာပါ။

#crd

Credit : Facebook Shares

Ingredients

Directions