ကန်စွန်းဥ နှမ်းကပ်ကြော်

1

အရသာ ချိုဆိမ့်နဲ့ ထိုင်းစတိုင် ကန်စွန်းဥ နှမ်းကပ်ကြော် လုပ်နည်း

ဒီတပတ် အိမ်မှာ အနားယူရနေတုန်း အရသာလည်းရှိပြီး လုပ်ရတာ နည်းနည်း လက်ဝင်မယ့် မုန့်အချိုလုပ်နည်း ဝေမျှပေးချင်ပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ မုန့်လုပ်နည်း ဆင်တူတွေ ရှိပေမယ့် အခု မုန့်လုပ်နည်းကတော့ ထိုင်းစတိုင် ကန်စွန်းဥ နှမ်းကပ်ကြော်ပါ။ အရသာလည်းရှိ၊ အာဟာရလည်းပြည့်ပြီး ကန်စွန်းဥ နှမ်းကပ်ကြော်ကို ကလေး၊ လူကြီးမရွေး အကြိုက်တွေ့ကြပါတယ်။

ထိုင်းစတိုင် ကန်စွန်းဥ နှမ်းကပ်ကြော်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ —

ကန်စွန်းဥ
ကောက်ညှင်းမှုန့်
ဆန်မှုန့်
သကြား
ဆား
Baking powder
Coconut cream
နှမ်းတို့ လိုအပ်ပါတယ်။

အရင်ဆုံး ကန်စွန်းဥကို ပေါင်းပါမယ်။ ကန်စွန်းဥကို ခရမ်းနဲ့ အဝါ နှစ်မျိုး သုံးပါမယ်။ အတုံးလေးတွေ အနေတော် တုံးပြီး မိနစ် ၃၀ လောက် ရေငွေ့နဲ့ ပေါင်းပေးပါ။ တုတ်တံလေးနဲ့ ထိုးကြည့်လို့ နူးပြီးဆိုရင် ပန်းကန်ထဲ ဖယ်ထားပါ။

ဇလုံတခုထဲမှာ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ Baking soda နဲ့ Coconut cream ထည့်၊ ပေါင်းထားတဲ့ထဲက ကန်စွန်းဥ အဝါရောင် ထည့်ပြီး ရေနွေးထဲ သကြား၊ ဆားအနည်းငယ် ထည့်မွှေထားတဲ့ ရေနဲ့ နယ်ပါ။ ရလာတဲ့ မုန့်ညက်ကို အပေါ်က ပလပ်စတစ် အုပ်ပြီး မိနစ် ၃၀ လောက် နှပ်ထားပါ။

အိုးထဲမှာ Coconut cream ၊ သကြား၊ ဆား အနည်းငယ်ထည့်ပြီး မွှေပေးပါ။ ပွက်ပွက်ဆူလာရင် ပေါင်းထားတဲ့ ကန်စွန်းဥခရမ်းရောင်ကို ထည့်မွှေပါ။ စေးသွားတဲ့ထိ မီးအေးအေးနဲ့ မွှေပါ။ ရပြီဆို အအေးခံထားပါ။

နှပ်ထားတဲ့ မုန့်ညက်ကို အနေတော် အလုံးလေးတွေ လုံးလိုက်ပါ။ မီးအေးအေးနဲ့ ကြိုထားတဲ့ ကန်စွန်းဥကိုတော့ သူ့ထက် အရွယ်သေးတဲ့ အလုံးလေးတွေ လုံးပြီး မုန့်ညက်လုံးထဲကို ဌာပနာ ထည့်လိုက်ပါ။

အားလုံးပြီးရင် နှမ်းကပ် ဆီများများနဲ့ ရွှေအိုရောင် ပြောင်းသွားတဲ့ထိ ကြော်ပေးပါ။ အရသာ ချိုဆိမ့်လေးနဲ့ အကြိုက်တွေ့ကြမယ့် ကန်စွန်းဥ နှမ်းကပ်ကြော် ရပါပြီ။

Ref: Plao Cooking
Irrawaddy lifestyle
#credit See less

Credit : Facebook Shares

Ingredients

Directions