ကန်စွန်းဥပူတင်း

1

ကန်စွန်းဥပူတင်း

ဒီတခါတော့ စားလို့လဲကောင်း အာဟာရလဲရှိ ကလေးရော လူကြီးတွေအတွက်ပါ အားရှိစေပြီး ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ကန်စွန်းဥပူတင်းလေးပါ။ ကန်စွန်းဥပူတင်းကို oven မုန့်ဖုတ်စက်နဲ့ဖုတ်လို့လဲရသလို ပေါင်းအိုးထဲထည့်ပေါင်းလို့လဲရပါတယ်။ လွယ်လွယ်ကူကူနဲ့ပြုလုပ်ရလွယ်ပြီး စားလို့လဲကောင်းတဲ့ ကန်စွန်းဥပူတင်းကိုလုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကန်စွန်းဥ - ၁၅ ကျပ်သား
၂။ ကွကျဥ - ၄ လုံး
၃။ နွားနို့- ၅၀၀ ml
၄။ သကြား - ထမင်းစားဇွန်း ၄ ဇွန်း (သို့) ၅ ဇွန်း
၅။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml )
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ မုန့်ဖုတ်စက် oven ကို 350'F (175'C) မှာ ဘာမှမထည့်ပဲ အပူပေးထားပါ။ (ပေါင်းအိုးဖြင့်ပေါင်းမည်ဆိုလျှင် ဒီအဆင့်ကိုပြုလုပ်စရာမလိုပါ။)
၂။ ကန်စွန်းဥကို နူးအိနေအောင်ပြုတ်ပါ။ ပြုတ်ထားသော ကန်စွန်းဥကို အခွံနွှာ၊ ဇကာတိုက်ပြီး ကန်စွန်းဥအနှစ်ရအောင်လုပ်ပါ။ မုန့်ဖုတ်မည့်ဘန်း (သို့) ခွက်ကို ထောပတ်သုတ်ထားပါ။
၃။ ဇလုံတခုထဲကို ကြက်ဥများထည့်ပြီးခလောက်ပါ။ ထို့နောက် နွားနို့၊ သကြား၊ ဆား နှင့် ကန်စွန်းဥအနှစ်များထည့်ရ်ျ အားလုံး တသားထဲဖြစ်သွားအောင် နာနာလေးခလောက်ပါ။ ထို့နောက် ထောပတ်သုတ်ထားသော ဘန်း (သို့)ခွက်ထဲကိုထည့်ပါ။
၄။ ၃၅၀'F (၁၇၅'C) မှာအပူပေးထားသော oven မုန့်ဖုတ်စက်ထဲမှာ ထည့်ရ်ျ ၁ နာရီဖုတ်ပါ။ (ပေါင်းအိုးဖြင့် ပေါင်းမည်ဆိုလျှင် မိနစ် ၂၀ -၃၀ ခန့်ပေါင်းပါ။)
၅။ ကန်စွန်းဥ အနံ့မွှေးမွှေးနှင့် အလွန်အရသာရှိသော ကန်စွန်းဥပူတင်းကို သုံးဆောင်နိုင်ပါပြီရှင်။
#credit See less

Credit : Facebook Shares

Ingredients

Directions