ကန်စွန်းရွက်ဆီချက်

1

ကန်စွန်းရွက်ဆီချက်
.............................
ထူးထူးဆန်းဆန်း ဆီချက်တစ်မျိုးက ကန်စွန်းရွက်ဆီချက်ပါ။ ကန်စွန်းရွက်သတ်သတ်ကို ဆီချက်ခေါက်ဆွဲအတိုင်း လုပ်ထားတာပါ။ ဒီနည်းကိုတော့ သူငယ်ချင်းဆီက ရလာတာပါ။ သူကပြောပြတဲ့အတိုင်း ကိုယ်ကလိုက်ချက်ထားတဲ့ ဆီချက်တစ်ပွဲပါ။ ဟင်းရွက်အရသာ၊ အသားအရသာ ပေါင်းစပ်ထားပြီး အင်မတန်စားလို့ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ
..........................
• ကြက်သား (သို့) ဝက်သား - ၂၀၀ ဂရမ်
• ကြက်သွန်မြိတ်လှီးပြီးသား - အနည်းငယ်
• ပဲငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
• နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကန်စွန်းရွက် - တစ်စည်း ( ၃၀၀ ဂရမ်ခန့်) ေ>ခထားပါ
• ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၂ ဇွန်း
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
• ကြက်သွန်ဖြူ
• ဆီ

ပြုလုပ်နည်း
.................
၁။ ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ
နနွင်းမထည့်ဘဲ ဆီသတ် ထားပါ။

၂။ အသားကို ပဲငံပြာရည်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ
နှမ်းဆီဆမ်းကာ ရေခန်း ပြုတ်ထားပါ။

၃။ ပြုတ်ပြီးသားအသားကို ခပ်သေးသေးလှီးထားပါ။

၄။ ကန်စွန်းရွက်များကို ရေဆူဆူမှာ ၃ မိနစ်ခန့်ပြုတ်ကာ
ရေအေးနှင့် ပြန်ဆေးထားပါ။

၅။ ထို့နောက် ဆော့စ်ထည့်ကာ သမအောင်မွှေပါ။

၆။ သေးသေးလှီးထားသော ကြက်သား၊ ကြက်သွန်မြိတ်နှင့်
ဆီချက်များဆမ်းကာ သုံးဆောင်နိုင်ပါပြီ။

................................
Crd.evy

Credit : Facebook Shares

Ingredients

Directions