ကညွတ်၊ ဟမ်ကြော်

1

ကညွတ်၊ ဟမ်ကြော် (Ham and Asparagus Roll)
..................................................................
ဟမ်ပြားထဲကို ကညွတ်၊ မုန်လာဥနီ ထည့်လိပ်ပြီး
ခရုဆီနဲ့ ကြော်ထားတာပါ။
ဒါ့အပြင် ဟမ်ပြားထဲ ကညွတ်လိပ်ပြီး
ကင်တဲ့နည်းလည်း ရှိပါတယ်။
လုပ်ရလည်းလွယ်ပြီး စားလို့ကောင်းတာမို့
ခုပဲ တူတူလုပ်ကြည့်ရအောင်… ။

ပါဝင်ပစ္စည်းများ
..............................
၁။ ဟမ် - ၄ပြား (Sliced Ham)
၂။ ကညွတ် - စည်းဝက်(၂၀၀ ဂရမ်)
(ရင့်တဲ့အပိုင်းကို ဖယ်ပြီး ၂လက်မအရွယ် ပိုင်းဖြတ်ပါ)
၃။ မုန်လာဥနီ - ၁ဥ
(၂လက်မရွယ်အရှည်လှီးထားပြီး ရနွေးဖြင့်
၁မိနစ်ပြုတ်ပြီး ပြန်ဆယ်ထားပါ)
၄။ ဟင်းရွက်ဆီ - စားပွဲဇွန်း ၂ဇွန်း
၅။ ကြက်သွန်မြိတ် - ၁စည်း (ချည်ရန်)

ဆော့စ်ရည်တွင် ပါဝင်ပစ္စည်းများ
...........................................
၁။ ပဲငံပြာရည် - စားပွဲဇွန်း၂ဇွန်း
၂။ ခရုဆီ - စားပွဲဇွန်း ၁ဇွန်း
၃။ သကြား - စားပွဲဇွန်း တစ်ဝက်
၄။ ငရုတ်ကောင်းမှုန့် - အနည်းငယ်

ဆော့စ်ရည် လုပ်နည်း
............................
ခွက်တစ်ခုထဲ (ခရုဆီ၊ ပဲငံပြာရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ကို
ခွက်တစ်ခုထဲတွင် ရောမွှေထားပါ။

ချက်ပြုတ်နည်း
...................
၁။ အရင်ဆုံး ဒယ်အိုးထဲ ရေထည့်ပြီး ရေပွက်ပွက်ဆူလာလျှင်
ကညွတ်၊ ဆား(လက်ဖက်ရည်ဇွန်း တစ်ဝက်) ထည့်ပြီး
၃မိနစ်ခန့် တည်ထားပါ။

၂။ ပြီးလျှင် ကညွတ်များကို ပြန်ဆယ်ပြီး ရေအေးပြန်စိမ်ထားပါ။

၃။ ထို့နောက် ဟမ်ပြားထဲကို ကညွတ်၊ မုန်လာဥနီများ
ထည့်လိပ်ပေးပြီးကြက်သွန်မြိတ်jဖင့် ချည်ပေးပါ။
ထိုနည်းအတိုင်း ကျန်ဟမ်ပြားများကို လိပ်ပေးပါ။

၄။ ပြီးလျှင် ဒယ်အိုးထဲဆီ(စားပွဲဇွန်း ၂ဇွန်း) ထည့်ပြီး
ကညွတ်ထည့်ထားသော ဟမ်လိပ်များကို ၁မိနစ်ခန့်
ကြော်ပေးပါ။

၅။ ပြီးနောက် အပေါ်မှ ဆော့စ်ရည်များ လောင်းချပြီးမီးပိတ်လိုက်ပါ။

၆။ အရသာရှိသော ကညွတ်၊ ဟမ်ကြော်(Ham and Asparagus Roll)ကို
သုံးဆာင်လို့ရပါပြီ။

.............................

Crd.ဝတ်ရည်

Credit : Facebook Shares

Ingredients

Directions