ကင်းမွန် အစာသွပ်

1

“ကင်းမွန် Soondae (ဆွန်းဒယ်) (or) ကင်းမွန် အစာသွပ်”

ကိုရီးယား အစားအသောက်တွေထဲမှာ နာမည်ကြီး အစားအစာ တစ်မျိုး ဖြစ်တဲ့ ဆွန်းဒယ် (အစာသွပ်) ကို ကင်းမွန်နဲ့ ပြုလုပ်နည်းကို ပြောပြပေးမှာ ဖြစ်ပါတယ် ။ ရိုးရိုးဆွန်းဒယ် ဆိုတာ ကတော့ ဝက်သွေးနဲ့ ကောက်ညှင်း ရောပြီး အူသွတ်ထားတဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ် ။ဒါကိုမှ ဒီတစ်ခါ ကင်းမွန် ဆွန်းဒယ် ဆိုတဲ့ ကင်းမွန်ထဲကို အစာသွပ်စားရတဲ့ အစားအစာ တစ်မျိုးကို ဝေမျှပေးမှာ ဖြစ်ပါတယ် ။

ကင်းမွန် (ကျွန်မတော့ ရိုးရိုး ကင်းမွန်အပြင် cuttlefish(ကင်းမွန် အသေးစား) လို့ခေါ်တဲ့ ကင်းမွန်တစ်မျိုးကိုပါ အသင့်ပြင်ထားပါတယ် ) ၊ ပဲပြား ၊ သခွါးဖရုံ ၊ ကြက်သွန်နီ ၊ ငရုတ်ပွအနီ ၊ မုန်လာဥနီ ၊ ရှီတာကီမှို ၊ ဝက်သား ၊ ပဲပင်ပေါက် ၊ ကြက်သွန်မြိတ် ၊ ကြက်ဥ ၊ ငရုတ်ကောင်း ၊ ဆား ၊ ဒုတ်ချောင်း ...စသည် တို့ပဲ ဖြစ်ပါတယ် ။
**ပုံမှန်တော့ ကင်းမွန် ဆွန်းဒယ် ပြုလုပ်တဲ့အခါ ကြာဇံထည့်ပေးမယ့် ကျွန်မအိမ်သားတွေ စားဖို ဆိုတော့ အိမ်သားတွေ ကြိုက်တာပဲ ထည့်မယ်လို့ ဆုံးဖြတ်ထားပါတယ် ။ လူကြီးမင်းတို့လည်း ကျွန်မပြောတဲ့ ပစ္စည်းတွေထဲက မကြိုက်တာ ရှိရင် ဖယ်လိုက်လို့ရပါတယ် ။ ကို့အကြိုက် လုပ်စားမှ အရသာရှိမှာလေ ဟုတ်တယ်မလား~~

ပြုလုပ်နည်း
ကျွန်မကတော့ ကင်းမွန် ၃ကောင် ၊ cuttlefish ၅ကောင်ပြင်ဆင်ထားပါတယ် ။ကင်းမွန် ကိုင်ရတာတော့ အများစုက သိမယ် ထင်ပါတယ် ။ ဒီနေရာမှာ သတိထားစရာလေး တစ်ခုတော့ ရှိပါတယ် ။ ပုံမှန် ကင်းမွန်းကို ကိုင်တဲ့အခါ ခြေထောက်ကို ကိုင်ပြီး ဗိုက်ကို လှီးပြီး အထဲက ကလီစာတွေ ဆွဲထုတ်ပစ်လိုက်ရပါတယ်။ ။ ဒါမဲ့ ခုက အူသွတ်မှာ ဆိုတော့ ခန္တာကိုယ် တစ်ခုလုံးကို ဖြတ်ပစ်လိုက်လို့ မဖြစ်ဘူးလေ

ဝက်သားကိုတော့ အရင်ဆုံး ငရုတ်ကောင်း နဲ့ ဆားနယ်ထားပါမယ် ။ပဲပင်ပေါက်ကို ဆား နည်းနည်း ထည့်ပြီး ရေဆူဆူထဲမှာ တစ်အောင့်လောက် ပြုတ်ပေးထားပါနော်။ ပြီးရင် အဝတ်စ တစ်ခုကို သုံးပြီး ရေကို တစ်စက်မှ မကျန်အောင် ညှစ်ချပေးပါ။ ရေတွေကို စစ်ချထားပြီး နုပ်နုပ်လေးတွေ လှီးထားပေးပါမယ် ။ကိုင်ပြီးတော့ ကျန်တဲ့ ကင်းမွန် ခြေထောက်တွေကို ဘယ်နေရာမှာ သုံးရပ စဉ်းစားနေတယ်မလား ... နုပ်နုပ်လေးတွေ လှီးပြီး ဆွန်းဒယ်ထဲ တစ်ခါတည်း ထည့်သွပ်မှာ ဖြစ်ပါတယ် ။ ကျွန်မက ၈ကောင်လုံးရဲ့ ခြေထောက်တွေကို ထည့်ဖို့ကျ အရမ်းများတာကြောင့် နည်းနည်းချန်ထားပြီး ramenနဲ့ကျမှပဲ ထပ်စားမယ် ဆိုပြီး သိမ်းထားလိုက်တယ် ..
ကင်းမွန် ဝက်ဥချောင်း အစာသွပ်ဖို့အတွက် ပါဝင်မယ့် အသီးအရွက်တွေကို လှီးရတာ တကယ့် အရေးပါဆုံးကိစ္စပါ။ သခွါးဖရုံ ၊ မုန်လာဥနီ ၊ ငရုတ်ပွအနီ ၊ ရှီတာကီမှို ၊ ကြက်သွန်နီ ၊ ကြက်သွန်မြိတ် ဒါတွေကို နုပ်နုပ် လှီးပြီး ဇလုံတစ်ခုထဲ အကုန် ထည့်မယ် ၊ ပြီးရင် ပဲပြားတစ်တုံး ကိုလည်း ပြုတ်ထားတဲ့ ပဲပင်ပေါက်ကို အဝတ်စထဲ ထည့်ပြီး ရေညှစ်သလို ညှစ်ချပေးပြီး ထည့်ရမယ် ။ ပြီးရင် ကြက်ဥ နှစ်လုံး နဲ့ ဆား ငရုတ်ကောင်း နည်းနည်းစီ ထည့်ပြီး မမွှေခင် ဂျုံမှုန့်ပါ နည်းနည်းလောက် ထည့်လိုက်ပါ ။
အစားအစာဆိုတာ လက်နဲ့ နယ်မှ အရသာရှိတာ မဟုတ်လား?? လက်နဲ့ အားရပါးရ နယ်ပေးပါမယ်။ ပါဝင်ပစ္စည်းတွေ ဆား နဲ့ ငရုတ်ကောင်းလည်း အကုန် နှံ့စပ်အောင် သေချာ နယ်ပေးပါမယ် ။
ဒီအထိ ပြီးပြီ ဆိုရင် ကင်းမွန် အစာသွပ် လုပ်ဖို့ ၆၀%လောက် ပြီးပြည့်စုံသွားပါပြီ ။ ကြည့်ပြီးတော့ အစာသွပ် မလုပ်ဘဲ ဒီတိုင်း ကင်းမွန်စဥကြော် တောင် စားချင်သွားတယ်
... ကင်းမွန် အစာသွပ်လုပ်တဲ့ အခါ ပါဝင်တဲ့ အစာ နဲ့
ဖက်ထုပ် အစာ နဲ့ လည်း တူတူပါပဲ ...ဒီတိုင်းဆို ဖက်ထုပ်လည်း လုပ်စားလို့ရပါသေးတယ်..
ပြီးရင် ကင်းမွန်ထဲကို ခုန အစာတွေ သွပ်ထည့်ပါမယ် ။ ထင်ထားတာထက်ကို အတော်ခက်တာ တွေ့ရပါတယ်။ ဒီနေရာမှာ အဓိက အရေးကြီးတာက အစာတွေ အများကြီး သွပ်ထည့်လို့ လုံးဝ မဖြစ်ပါဘူး ။ ကင်းမွန်က ကျက်လေ ရှုံ့လေ ဖြစ်တာကြောင့် ကင်းမွန်ရဲ့ ၄ပုံ ၃ပုံ လောက်ပဲ ထည့်ထားတာ အဆင်ပြေပါလိ့မ်မယ် ။ မဟုတ်ရင် အကုန် ထွက်ကျ ကုန်မှာ... အစာသွပ်ပြီးရင် ဒုတ်ချောင်းလေးတွေနဲ့ ပိတ်လိုက်ပါမယ် ။
ကင်းမွန်ထဲ ထည့်ပြီး ကျန်တာကို ဂျုံနည်းနည်းထပ်ထည့်ပြီး သက်သက် သိမ်းထားလိုက်ပါမယ်။ ခုန ပြောသလို ကင်းမွန် စအုကြော် လုပ်စားစား ဖက်ထုပ် လုပ်စားစား ရတယ်လေ။

ဒါဆိုရင် ပေါင်းအိုးထဲထည့်ပေါင်းရဖို့ပဲ ကျန်ပါတော့တယ်။ ကင်းမွန် နှစ်ကောင်နဲ့ cuttlefish ၁ကောင်ပဲ အရင်စားမှာမလို့ ကျန်တာကို ရေခဲသေတ္တာထဲမှာ သိမ်းထားပါမယ် ။ ချက်ချင်း မစားဘူးရဆိုရင် ရေခဲသေတ္တာထဲမှ သိမ်းထားမှ ရပါမယ်နော်... ချက်တဲ့အခါ အတွင်းအစာတွေ ပြုတ်ထွက်ကုန်တတ်ပါတယ် ။ပေါင်းအိုကို အသင့်ပြင်ပြီး အောက်ခံရေပွက်တဲ့အခါ ဂျပန်အရက် အနည်းငယ် ထည့်ပါမယ် ။ ဆိုဂျူ ထည့်လည်းရတယ်ညrice cooking wine(ဆန်အရက် ) ထည့်လည်း ရတယ် ။ ကင်းမွန်ဟာ ရေနေသတ္တဝါထဲမှာ သိပ်မနံတဲ့ အကောင်ပေမယ့်လည်း တကယ်လို့များ နံ့ခဲ့ရင် ဆိုရင် ဒီ အရက် တွေကို ထည့်ပေးရတာပါ။
အောက်က ရေပွက်ပြီ ဆိုရင်ပေါင်းအိုးထဲကို ထည့်ပြီး မိနစ်၂၀လောက် ပေါင်းထားလိုက်ရင် ရပါပြီ ။ ဒီနေရာမှာ သေချာပေါက် မိနစ်၂၀ ပေါင်းပေးခဲတော့ ... အရမ်း နူးညံ့ပြီး အသားပါးတဲ့ ကင်းမွန် အသေးက တအားကျက်သွားပါတယ် ။ ဒါကြောင့် ကင်းမွန် အသေးနဲ့ လုပ်တဲ့ သူတွေက ၁၅မိနစ်လောက်ပဲ ပေါင်းလိုက်ပါနော်... ။
မိနစ်၂၀ပြည့်သွားပြီ ဆိုတော့ ကင်းမွန် အစာသွပ်လေး ပြီးမြောက်သွားပြီပေါ့... ပေါင်းအိုးထဲက တခါတည်း ထုတ်ပြီး ပူနေတုန်းတော့ မလှီးပါနဲ့ဦးနော် ... နည်းနည်း အအေးခံပြီးမှပဲ လှီးရမှာကလည်း အဓိက ပါပဲ... မဟုတ်ရင် အထဲက အစာတွေ အကုန်ထွက်လာမှာလေ... ၅~၇မိနစ်ထိ အအေးခံပြီးမှ လှီးရင် အကောင်းဆုံးပဲ .... ပြီးရင်လေ ကျွန်မက တစ်ကောင်ကို လှီးပြီး ကြက်ဥတစ်လုံးခလောက်ပြီး ကြက်ဥ အရည်နှစ်ပြီး ကြော်လိုက်ပါသေးတယ်
နောက်ဆုံးတော့ ကင်းမွန် soondae (ကင်းမွန်အစာသွပ်) ကို အရသာရှိစွာ သုံးဆောင်ရမယ့်
အချိန်ရောက်လို့လာပါပြီ ....

Credit : Facebook Shares

Ingredients

Directions