ကင်းမွန်နှင့်ဝက်ဆီဖတ်ပင်စိမ်းအစပ်ကြော်

1

ဒီဟင်းပွဲမှာဝက်ဆီဖတ်ကြော်လေး အနည်းငယ်ထည့်ထားပါတယ်။ မထည့်ပဲ အသား၊ပုစွန်၊ကင်းမွန်တွေကို သီးသန့်ချည်းကြော်လဲအဆင်ပြေလှပါတယ်။

တစ်ခုရှိတာကပင်စိမ်းဟာထိုင်းပင်စိမ်း (ကဖောင်)အမျိုးအစားဖြစ်ရပါမယ်။ ဗမာပင်စိမ်းထည့်ရင်တော့ စားကောင်းမကောင်းကျွန်တော် အသေအချာအာမမခံနိူင်ပါ။

ကင်းမွန်နှင့်ဝက်ဆီဖတ်ပင်စိမ်းအစပ်ကြော်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကင်းမွန်ငါးသေး............၇ကောင်ခန့်

ပဲတောင့်ရှည်................၅တောင့်

ငရုတ်သီးစိမ်းနီ..............၅တောင့်

ဝက်ဆီဖတ်ကြော်...........အနည်းငယ်

ကဖောင်ပင်စိမ်း.............၅ပင်ခန့်

ကင်းမွန်ငါးသုံးတဲ့အတွက်တော့ ကင်းမွန်ငါးကိုသန့်စင်ပြီးရေနွေးဖျော ပေးထားရပါမယ်။

အသားသုံးမယ်ဆိုရင်တော့တိုက်ရိုက် ထည့်ကြော်နိူင်ပါတယ်။

ကြက်သွန်ဖြူ နှင့်ငရုတ်သီးစိမ်းနီကိုမညှက်တညှက်လေးထောင်းထားပါ။

ပဲတောင့်ရှည်ကိုလက်တစ်ဆစ်ခန့်လှီးဖြတ်ပြီး ကဖောင်ပင်စိမ်းတွေကိုအရွက်ခြွေထားပါ။

ဒယ်အိုးတစ်လုံးကိုဆီအနည်းငယ်ဖြင့်အပူပေးပါ။

ဆီပူလာလျှင်ထောင်းထားတဲ့ ကြက်သွန်ဖြူ နှင့်ငရုတ်သီးစိမ်းအရောကို ထည့်ဆီသတ်ပါ။

ရေနွေးဖျောထားတဲ့ကင်းမွန်နဲ့ ဝက်ဆီဖတ်တွေထည့်ပါ။

ငါးငံပြာရည်၊ခရုဆီ၊ သကြား၊ ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။

မီးရှိန်ကိုမြှင့်တင်ပြီးပဲတောင့်ရှည်တွေထည့်ပါ။

ကဖောင်ပင်စိမ်းရွက်တွေထည့်မွှေပြီး ငရုတ်ကောင်းမှုန့်လေးဖြူးပေးရုံပါပဲ။

သတိပြုရမယ့်အချက်ကတော့ ဒီဟင်းပွဲချက်တဲ့အခါပါဝင်ပစ္စည်းအားလုံးဟာ အဆင်သင့်ဖြစ်နေဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့အင်အားသုံးပြီး အမြန်ချက်ရတဲ့နည်းဖြစ်နေလို့ပါပဲ။

Credit : original chef Winnaingthein25

Credit : Facebook Shares

Ingredients

Directions