ကင်းပုံသီးကြော်

1

ကင်းပုံသီးလေးတွေ ကြိုက်ရဲ့လားလို့ ကြော်စားရအောင် ချက်နည်းလေး မျှဝေလိုက်ပါတယ် ။

အချိုနဲ့ အခါးနှစ်မျိုးရှိပါတယ် နှစ်မျိုးလုံးကောင်းပါတယ် ။ အခါးကြောက်တဲ့သူတွေ ဝယ်တဲ့အခါ အလယ်ကပိုင်းပြီး လျှာလေးနဲ့တို့ကြည့်လို့ ခါးရင် အခါးသီးပါ ။

မခါးရင်တော့အချိုသီးပါ ။ မိုးတွင်းဆိုအခါးစားပေးရတယ်လို့ တိုင်းရင်းဆေးဆရာများအဆိုရှိပါတယ် ။

အခါးကဆေးဖက် ဝင်ပါတယ်နော် Fri တို့ရေ!!!

---ကင်းပုံသီး ၂၀ ကျပ်သားကိုရေဆေး ထက်ခြမ်းခွဲဒါးပြား ရိုက် ဒါမှမဟုတ် ၃/၄စိပ် စိပ် ထားပါ ။

---ကြက်သွန်ဖြူ ၄မွှာ /နီ ၁လုံး ပုဇွန်ခြောက်လက်တစ် ဆုပ် လောက် အားလုံးရောပြီးညက်အောင်ထောင်းပါ။

---ဆီထမင်းဇွန်း ၄/၅ ဇွန်းထည့် ပုဇွန်ခြောက် ကြက်သွန် ထောင်းထည့်ဆီသပ်ပြီး မွှေးလာမှ

ကင်းပုံသီးထည့် ဆား အနည်းငယ် ဟင်းခတ်မှုန့် ထည့်မွှေ ရေနဲနဲလေးထည့်အဖုံး အုပ်ပြီးနှပ်ထား

ဆီပြန်လာပြီးကင်းပုံသီးနူးရင် ပုဇွန်ငံပြာ ရည်အချို နဲနဲလေးထည့်မွှေပြီးချပါ ။

ရပါပြီ ။

---ထမင်းပူပူလေးနဲ့ ပူပူနွေးနွေးသုံးဆောင်ပါ ။ိ

Credit : Lae Cooking Diary

Credit : Facebook Shares

Ingredients

Directions