ကြက်တောင်ပံ

ကြက်တောင်ပံကို အရိုးထုပ်ပြီ ဝက်သား အစားသွပ်ကာ ကြော်ထားတဲပ ထိုင်းစတိုင် ချက်နည်းလေးပါ။ ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်ဆင့်ပါ ဖော်ပြပေးထားတာမို့ လုပ်ရလည်း လွယ်မှာပါ။ အချိန်တိုတိုတွင်းမှာပဲ လုပ်စားနိုင်မှာမို့ ချက်နည်းကို ကြည့်ရအောင်…

 ကြက်တောင်ပံ – ၄ခု
 နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းထားပါ)
 ငရုတ်ကောင်း(အဖြူ) – ၅ခု (မညက်တညက် ထောင်းပေးပါ)
 ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
 ဝက်သား – ၅ကျပ်သား (နှုတ်နှုတ်စဉ်းပေးပါ)
  ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း ဆော့အတွက် ပါဝင်ပစ္စည်းများ
 ထိုင်းငရုတ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း
 ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၃ဇွန်း
 သကြား – စားပွဲတင်ဇွန်း ၁ဇွန်း ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်ဆင့်
1

အရင်ဆုံး ကြက်တောင်ပံ အရိုးရင်း ပတ်ပတ်လည်ရှိ အကြောများကို ဓားဖြင့် ဖြတ်လိုက်ပါ။

2

ပြီးလျှင် ဓားဖြင့် အသာလေး အောက်သို့ တွန်းသွားလိုက်ပါ။

3

လက်ဖြင့် ကြက်တောင်ပံ အသားကို အောက်သို့ ဆွဲချလို့ ရတဲ့ အလယ်လောက်ရောက်ရင် လက်ဖြင့် အသာလေး ဆွဲချလိုက်ပါ။ အသားနဲ့ အရိုးသတ်သတ်စီ ဖြစ်သွားတာကို တွေ့ပါလိမ့်မည်။

4

ထို့နောက် အရိုးကို လက်ဖြင့် အသာလေး ချိုးလိုက်လို့ ရပါပြီ။

5

အရိုးထုတ်ပြီးသား ကြက်တောင်ပံများကို ရရှိပါပြီ။

6

ကြက်တောင်ပံများကို ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ခရုဆီ(စားပွဲတင်ဇွန်း တဝက်) ဖြင့် ရောနုယ်ထားပါ။

ကြက်တောင်ပံ အစားသွပ်ကြော်နည်
7

ထို့နောက် ခွက်တစ်ခုထဲတွင် (ဝက်သား၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်ကောင်း၊ ပဲငံပြာရည်) အားလုံးကို ရောနုယ်လိုက်ပါ။

8

ပြီမှ အရိုးထုတ်ထားသော ကြက်တောင်ပံထဲသို့ နုယ်ထားသော ဝက်သားများကို အစားသွပ်ပေးပါ။

9

ပြီနောက် ဒယ်အိုးတစ်ခုထဲ ဆီများများထည့်ကာ ဆီပူလာလျှင် ကြက်တောင်ပံများကို အညှိရောင်သန်းသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။

10

ကြက်တောင်ပံများရပြီဆိုလျှင် ဆော့အတွက် ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်ခုထဲတွင် ရောနယ်လိုက်ပါ။

11

ကြက်တောင်ပံကြော်များကို ဆော့ရည်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

Credit and Ref : https://bit.ly/2GEGYwh

Ingredients

 ကြက်တောင်ပံ – ၄ခု
 နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းထားပါ)
 ငရုတ်ကောင်း(အဖြူ) – ၅ခု (မညက်တညက် ထောင်းပေးပါ)
 ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
 ဝက်သား – ၅ကျပ်သား (နှုတ်နှုတ်စဉ်းပေးပါ)
  ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း ဆော့အတွက် ပါဝင်ပစ္စည်းများ
 ထိုင်းငရုတ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း
 ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၃ဇွန်း
 သကြား – စားပွဲတင်ဇွန်း ၁ဇွန်း ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်ဆင့်

Directions