ကကတစ်ငါးနှင့်ကြက်သားမာလာဟင်း
ကကတစ်ငါး.............(၁)ကောင်
ကြက်သား...............(၄၀)ကျပ်သားခန့်
ကြက်ရိုး..................အနည်းငယ်
မာလာဟင်းအနှစ်.......၁ထုပ်
မာလာခေါက်ဆွဲ.........၁၀ကျပ်သား
မာလာကော်ချောင်း.....၁၀ကျပ်သား
ကြက်သွန်ဖြူ.............၅တက်
ချင်းသေးသေး...........၁တက်
ဝှါးကျောင်းစေ့.. ........၁ဇွန်း(လက်ဖက်ရည်ဇွန်း)
ပဲငံပြာရည်အကြည်
ငါးငံပြာရည်
သကြား
ဟင်းခတ်မှုန့်
မိမိနှစ်သက်ရာအရွက်နှင့်မှို
ပထမဆုံးကြက်ရိုးကိုရေဆေးသန့်စင်ပြီးပြုတ်ရည်ကြည်ရအောင်ပြုတ်ထားပါ။
ငါး၊ကြက်သားတို့ကိုလည်းရေဆေးသန့်စင်ပြီးအနေတော်အတုံးများတုံးကာအရသာအနည်းငယ်နယ်ထားပါ။
မာလာခေါက်ဆွဲ၊မာလာကော်ချောင်းတွေကိုရေစိမ်ထားပါ။
မိမိနှစ်သက်တဲ့အရွက်နှင့်မှိုများကိုသန့်စင်ထားပါ။
ချင်း၊ကြက်သွန်ဖြူကိုခပ်ကြမ်းကြမ်းထောင်းပါ။
ဝှါးကျောင်းစေ့ ကိုအနည်းငယ်လှော်ပြီးမညှက်တညှက်ထောင်းထားပါ။
အိုးတစ်လုံးကိုဆီအနည်းငယ်ဖြင့်အပူပေးပြီးထောင်းထားသောကြက်သွန်ဖြူအရောကိုဆီသတ်ပါ။
အနည်းငယ်မွှေးလာလျှင်ထောင်းထားတဲ့ဝှါးကျောင်းစေ့ကိုထည့်ပေါင်းဆီသတ်ပြီးမာလာဟင်းအနှစ်ကိုရောမွှေပေးပါ။
မွှေးလာပြီဆိုရင်အရသာနယ်ထားတဲ့ကြက်သားတွေကိုထည့်ပြီးညင်သာစွာမွှေပေးပါ။
ကြက်သားအပေါ်ယံကြောတွေတင်းလာပြီဆိုရင်ကြက်ပြုတ်ရည်ထည့်ပေါင်းပေးပါ။
သကြား၊ဟင်းခတ်မှုန့်၊ငါးငံပြာရည်၊ပဲငံပြာရည်တို့ဖြင့်အရသာသွင်းပါ။
တစ်ပွက်ဆူလာပြီးကြက်သားတစ်ဝက်ကျက်လောက်အချိန်မှာမီးပြင်းကိုလျှော့ချကာအရသာနယ်ထားတဲ့ငါး တွေကိုထည့်ပေါင်းပါ။
အဖုံးပိတ်ပြီးငါးအသားနှုးညံ့သွားသည်အထိချက်ပေးပါ။မာလာခေါက်ဆွဲချောင်း၊မာလာကော်ချောင်းနှင့် အနည်းငယ်မာသောအသီးအရွက်များထည့်ပေါင်းပါ။
ငရုတ်ကောင်းမှုန့်လေးအနည်းငယ်ဖြူးလိုက်ရင်ရိုးရှင်းတဲ့မာလာငါးဟင်းလေးအဆင်သင့်ဖြစ်ပါပြီ။
အရွက်စိမ်းစိမ်းလေးများစားသုံးချင်တယ်ဆိုရင်တော့အသင့်ပြင်ထားတဲ့ယူနန်ဟော့ပေါ့အိုးထဲပြောင်းထည့်ပြီးမိမိနှစ်သက်ရာအရွက်(ကန်စွန်းရွက်၊ဂေါ်ရခါးညွှန့်၊မုန်ညှင်းစိမ်း၊ပဲရွက်၊တာအိုးရွက်(ဟချီပိုးရွက်)၊မုန်ညှင်းဖြူ)တွေကိုဟင်းရည်ဆူဆူမှာနှစ်ပြီးသုံးဆောင်နိူင်ပါတယ်။
Credit : Facebook Shares
Ingredients
Directions