ရှုးရှဲကြက်ပေါင်သံပုရာပေါင်း
အရင်ဆုံးကြက်ပေါင်တစ်ခုလုံးကို ဆားနဲ့သံပုရာသီးအရည်ညှစ်ပြီးသမအောင်ပွတ်ပြီး ဆေးပေးရပါမယ်။
အညှီနံ့တွေပျောက်ပြီဆို ဂျင်းကိုထောင်းရလာတဲ့အရည်ကို ကြက်ပေါင်ရဲ့နေရာအနှံ့ပွတ် ကြက်သားမှုန့်လေးလည်းနေရာအနှံ့ပွတ်ပြီး ပေါင်းပေးရပါမယ်။
ထမင်းပေါင်းအိုးထဲရေထည့် ပေါင်းတဲ့အလယ်အကန့်လေးတင် စတီးပန်းကန်ပြားလေးထဲမှာမှ ကြက်ပေါင်ကိုထည့်ပြီးပေါင်းပေးရုံဘဲနော်။
ကြက်ပေါင်ပေါင်းပြီးလို့ထွက်လာတဲ့အရည်ကိုသွန်ပစ်
ကြက်ပေါင်ကိုအအေးခံ။
ထန်းလျက် နဲ့ ငရုတ်သီးအနီကိုညက်အောင်ထောင်း ( မြေပဲထည့်လျှင်ရ သို့သော်အချဉ်ပေါ့သွားမည်ဆိုး၍မထည့်တော့ပါဖူး )
ကြက်သားမှုန့် ငံပြာရည် သံပုရာရည် အချိုမှုန့် ရေနွေးအနည်းငယ်ထည့်ပြီး ဆော့စ်ဖျော်ပေးရပါမယ်။
ပြီးမှ ထောင်းထားတဲ့ ထန်းညက်နဲ့ ငရုတ်သီးတွေထည့် နံနံပင် ပူတီနံ ကြက်သွန်ဖြူလေးလှီးပြီး သမအောင်မွှေ။
ဆော့စ်ရပြီဆို ကြက်ပေါင်ပေါင်းကိုအလယ်မှာထား ဆော့စ်အရည်တွေ လောင်းချ သံပုရာကွင်းလေးတွေနဲ့အလှဆင်။
စားချင်စရာ #ရှုးရှဲကြက်သံပုရာပေါင်းလေးရပါပြီ။
ထန်းလျက်မကြိုက်ရင် သကြားအစားထိုးသုံးလို့ရတယ်နော် fri တို့ရေ…
Credit
Credit : Facebook Shares
Ingredients
Directions