ပင်လယ်စာ ကြာဇံသုပ်
ပဲကြာဇံ – 250 g
ပါးပါးလှီးပြီးနောက် ရေဆေးထားသော ကြက်သွန်နီ – 1 cup (250 ml)ခန့်
ခရမ်းကြွပ်သီး – ၁၀ လုံး (ပါးပါးလှီးပြီးနောက် မဲမသွားစေရန် ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲခန့် ထည့်ဖျော်ထားသော ရေထဲစိမ်ထားပါ။)
လှီးထားသော နံနံပင် – 1 cup (250 ml)ခန့်
squid – 500 g
ပုဇွန် – 500 g
ဂုံး (mussel) – 500 g
အချဉ်ရည် – လိုအပ်သလိုချင့်ချိန်ထည့်ပါ
ပဲကြာဇံ (250 g) ကို ၁ နာရီခန့် ရေစိမ်ကာ ရေပြန်စစ်ထားပါ။
ထိုကြာဇံထဲ ဆူနေသောရေ လောင်းထည့်ပြီး ၇ မိနစ်ခန့်(သို့) ကြာဇံပျော့သည်အထိ အဖုံး ဖုံးထားပါ။
ကြာဇံသားပျော့ပြီဆိုလျှင်(မပြဲစေရ) ရေအေးနှင့်ဆေးကာ ရေစစ်ထားပါ။
ခေါင်းဖြုတ် သန့်စင်ဆေးကြောကာ ရေစစ်ထားသော squid များကို ဒယ်အိုးထဲထည့်ကာ ရေ နှင့် ဆီ လုံးဝမထည့်ပဲ high heat ဖြင့် ၃ မိနစ်ခန့် အိုးပူတိုက်ပေးပါ။
ပြီးလျှင် အိုးအပူရှိန်ကြောင့် ပိုကျက်ကာ ပိုကျုံမသွားစေရန် ချက်ချင်း ဒယ်အိုးမှ ဆယ်ထုတ်ပြီး အအေးခံကာ ကြိုက်နှစ်သက်ရာပုံ လှီးထားပါ။
ပုဇွန်များကိုလည်း ဆီ နှင့် ရေ မထည့်ပဲ ၇ မိနစ်ခန့် (သို့) ကျက်ရုံ အိုးပူတိုက်လှော်ပေးပြီး မွမွလေးဖြစ်အောင် ခပ်ဖွဖွထုထားပါ။
အခွံမပါသော mussel များကိုလည်း ကျက်ရုံလှော်ပေးပါ။
(ထွက်လာသောအရည်များကို အသုပ်အတွက်လိုအပ်သော sauce လုပ်ရာတွင် သုံးပါမည်။)
အချဉ်ရည် လုပ်ရန် လိုအပ်တာလေးတွေ …
စိမ်းစားငပိ – ထမင်းစားဇွန်း ၁ ဇွန်းခန့်
ငရုတ်သီးစိမ်း – ၂၅ တောင့် (သို့) စားနိူင်သလောက်
ငရုတ်ကောင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ အတက်ကြီး – ၆ တက်
ပင်လယ်စာများ အိုးပူတိုက်ရာမှ ထွက်လာသည့် အရည် – ထမင်းစားဇွန်း ၈ ဇွန်း
သံပုရာရည် – ထမင်းစားဇွန်း ၈ ဇွန်း
မန်ကျဉ်းသီး အနှစ် – ထမင်းစားဇွန်း ၂ ဇွန်း
ငါးငံပြာရည် – ထမင်းစားဇွန်း ၁၀ ဇွန်း
သကြား – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
စိမ်းစားငပိကို ပန်းကန်ပြားထဲထည့်ကာ paper towel ဖြင့် ဖုံး၍ microwave ထဲ စက္ကန့် ၃၀ ခန့် ထည့်ပါ။ (သို့) မီးကင်ပေးပါ။
ငရုတ်ကောင်းစေ့၊ ငရုတ်သီးစိမ်း နှင့် အနည်းငယ်ပါးအောင်လှီးထားသော ကြက်သွန်ဖြူ ကို မီးအေးအေးဖြင့် အတန်အသင့် မီးကျွမ်းအောင် လှော်ပေး (သို့) ကင်ပေးပြီး စိမ်းစားငပိဖြင့် တွဲထောင်းထားပါ။
ပြီးလျှင် ကျန်ပါဝင်ပစ္စည်များထည့်ကာ ရောဖျော်လိုက်လျှင် လိုအပ်သော အချဉ်ရည် ကို ရပါပြီ။
အချဉ်ရည်လိုအပ်သလို ချင့်ချိန်ထည့်ကာ တစ်ပွဲချင်းခွဲသုပ်ပေးပါ။
အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။
Credit : Facebook Shares
Ingredients
Directions