ဆိတ်သားနှပ်
ဆိတ်သားတုံးများကို ရေဖြင့် ၃ ခါ၊ ၄ ခါ ပြန်ဆေးပြီး ရေစစ်ထားပါ။ သံပရာသီးညှစ်ပြီး သေချာနယ်၍ ၁၅ မိနစ်ခန့် နှပ်ထားပါ။ အချိန်ပြည့်လျှင် ရေဖြင့် ပြန်ဆေးပြီး ရေစစ်ထားပါ။
ချင်းနှင့် ကြက်သွန်ဖြူတို့ကို သီးသန့်စီ ညက်အောင် ထောင်းထားပါ။
ငရုတ်ကောင်းစေ့ ၅ စေ့ကို ညက်အောင် ထောင်းထားပါ။
ငရုတ်သီးစိမ်းကို ညက်အောင် ထောင်းထားပါ။
နံနံပင်နှင့် ပူဒီနာရွက်တို့ကို ပါးပါးနုပ်နုပ်လှီးထားပါ။
ပျဉ်းတော်သိမ်ရွက်ကို ရေဆေးပြီး ခြွေထားပါ။
ဆိတ်သားနှပ်ထားတာ အချိန်ပြည့်လျှင် ပါဝင်ပစ္စည်း ချင်းမှ ပူဒီနာအထိ ထည့်ပြီး အသားနှင့် သေချာနှံ့စပ်စိမ့်ဝင်သွားအောင် နယ်ပေးပါ။ နောက်ဆုံးမှာ ကြက်သွန်နီကြော်ကို ခြေထည့်ပြီး ထပ်နယ်ပေးပါ။ ပြီးလျှင် အဖုံးဖုံးပြီး ရေခဲသေတ္တာအအေးထပ်မှာ ၃ နာရီခန့် နှပ်ထားပါ။
ချက်မည့်အိုးထဲ ဆီထည့်ပါ။ ဆီပူလျှင် ပျဉ်းတော်သိမ်ရွက်၊ ကရဝေးရွက်နှင့် သစ်ကြံပိုး ခေါက်တို့ကို ထည့်ပြီး ဆီသတ်ပါ။ ဖာလာစေ့နှင့် လေးညှင်းပွင့်ထည့်ပါ၊
ဆီသတ်ဟင်းခတ်များမွှေးလာလျှင် ဆိတ်သားထည့်ပြီး မွှေပေးပါ။ အဖုံးအုပ်ပြီး လုံးချက် ချက်ပါ။
ဆီပြန်ပြီး အသားတင်းလာတဲ့အခါ ငရုတ်သီးစိမ်းထောင်းထားတာကို ထည့်၍မွှေပါ။ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်၍ နှပ်ထားပါ။
ရေခန်းလျှင် ရေထပ်ထည့်ပြီး သမအောင်မွှေပေးပါ။ အဖုံးအုပ်၍ ဆိတ်သားနူးပြီး ဆီပြန်သည်အထိ မီးအေးအေးနဲ့ နှပ်ပါ။
ကြားကာလမှာ ရေခန်းသွားပါက လိုအပ်သလို ထပ်ဖြည့်ပါ။ ဆီပြန်၊ ရေခန်းပြီး အသားနူးလာတဲ့အခါ အရသာကောင်းပြီး မွှေးနေတဲ့ ဆိတ်သားနှပ်ဟင်းက သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
Credit and Ref : https://bit.ly/2GEGYwh
Ingredients
Directions