ချဉ်ငံစပ် မျှစ်ပဲပြုတ်သုပ်
ချဉ်ငံစပ်အရသာလေးနဲ့ရယ် ပဲပြုတ်ရဲ့ဆိမ့်ဆိမ့်အရသာလေးရယ်နဲ့ တော်တော်လေးကို စားလို့ကောင်းတယ်။ သုပ်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ
၁။ မျှစ် - ၁၅ ကျပ်သား
၂။ ပဲပြုတ် - လက် ၂ ဆုပ်စာ
၃။ ငရုတ်သီးဆီချက် - ထမင်းစားဇွန်း ၁ ဇွန်း
၄။ ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း ၁ ဇွန်း
၅။ ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၆။ ငါးငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
၇။ စိမ်းစားငပိ - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၈။ သကြား - လက်ဖက်ရည်ဇွန်း တဝက်
၉။ မန်ကျည်းမှည့်ရည် - ထမင်းစားဇွန်း ၂ ဇွန်း (သို့) ထမင်းစားဇွန်း ၃ ဇွန်း
၁၀။ ရေ - ထမင်းစားဇွန်း ၃ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ မျှစ်ကို ရေဆေးပြီး ၅ မိနစ်ခန့်ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲထည့်ပြုတ်ပြီး ရေစစ်ရျ် အအေးခံထားပါ။ ငပိကို ရေ ထမင်းစားဇွန်း ၃ ဇွန်းဖြင့် ဖျော်ထားပါ။
၂။ ဇလုံထဲကို မျှစ်နှင့် ပဲပြုတ်ထည့်၊ ဖျော်ထားသော ငပိရည်၊ မန်ကျည်းမှည့်ရည်၊ ငရုတ်သီးဆီချက်၊ ကြက်သွန်နီဆီချက်၊ ငရုတ်သီးအကြမ်းမှုန့်၊ ငါးငံပြာရည်၊ သကြားတို့ကိုထည့်ရျ် သမအောင်နယ်ပြီး သုံးဆောင်နိုင်ပါပြီရှင်။
Credit : Facebook Shares
Ingredients
Directions