ကြိုးချောင်းအာလူးချောင်းကြော်နှင့် အသားဆော့စ်
အေးခဲနေသော ကြိုးချောင်းအာလူးချောင်းကြော်နှင့် အသားဆော့စ်
(Shoe String Potato Fried with Meaty Sauce)
အာလူးချောင်းကို ကြွပ်ရွလေးကြော်ပြီး ပူပူနွေးနွေးကို အသားစုံဖြင့် လုပ်ထားသောဆော့စ်ဖြင့် ဆမ်းစားရတာ အရသာက ပြည့်ဝ တင်းတိမ်မှုကို ရရှိစေတာကြောင့် အားလုံးအတွက် သင့်တော်သော အစားအစာဖြင့် တင်ဆက်လိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
အေးခဲနေသော ကြိုးချောင်း အာလူးချောင်း - လိုသလောက်
(မိမိစားချင်သလောက် ချက်ချင်းကြော်ပါ)
အသီးအရွက်ဆီ - လိုသလောက် (အာလူးကြော်ရန်)
အသားစုံဆော့စ်လုပ်ရန် ပါဝင်ပစ္စည်းများ
သံလွင်ဆီ - စားပွဲဇွန်း ၆ ဇွန်း
အမဲသား - ၂၂၅ ဂရမ် (တောက်တောက်စဉ်း) (ဆိတ်သားသုံးလို့ရပါတယ်)
ဝက်သား - ၂၂၅ ဂရမ် (တောက်တောက်စဉ်း)
ကြက်သား - ၂၂၅ ဂရမ် (တောက်တောက်စဉ်း)
ကြက်သွန်အဝါကြီး - ၁ လုံး (နုပ်နုပ်လှီးထားပါ)
ကြက်သွန်ဖြူ - ၃ မြွှာ (နုပ်နုပ်လှီးထားပါ)
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပင်စိမ်းခြောက်မှုန့် - စားပွဲဇွန်း ၃ ဇွန်း
ပန်းသီးဝိုင် - ၁/၂ ခွက်
အသင့်လှီးသော ခရမ်းချဉ်သီးတုံးဘူး- ၂ ဘူး (အသင့်စားဘူး ၁၆၅ ဂရမ်)
ပါစတာဆော့စ် - ၁ ဘူး (အသင့်စားဘူး ၁၆၅ ဂရမ်)
ချိစ်အစုံရောမှုန့် - ၁ ခွက်
ပါမီဆန်ချိစ်မှုန့် - လိုသလောက် (မစားခင် ဖြူးစားရန်)
ပြုလုပ်နည်း
၁။ မီးအနေတော်ဖြင့် အိုးအကြီးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလျှင် တောက်တောက်စဉ်းထားသော အမဲသား၊ ဝက်သားနှင့် ကြက်သားတို့ကို ထည့်၍ ဇွန်းအမာဖြင့် သေချာဖိပြီး အသားများအားလုံး ရောအောင် သေချာမွှေပါ။ အသားများ အညိုရောင်သန်းပြီး အနံ့မွှေးလာလျှင် ရပါပြီ။
၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို အသားထဲ ရောပြီး မွှေပါ။ ၇-၁၀ မိနစ်ခန့် တည်ပြီးလျှင် ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ဆားတို့ကိုထည့်ပြီး သေချာထပ်၍မွှေပါ။
၃။ ပန်းသီးဝိုင် ထည့်ပြီး ၁ မိနစ်ခန့် ဆူလာအောင် တည်ပါ။ ဝိုင်အငွေ့များ တက်သည်အထိ တည်ပါ။
၄။ မီးမျှင်မျှင်ထားပြီး အသင့်လှီးသော ခရမ်းချဉ်သီးတုံးဘူးနှင့် ပါစတာဆော့စ်များကို အိုးထဲထည့်ပြီး သေချာနှံ့အောင် မွှေပါ။ အခြားကျန်ရှိသော ပစ္စည်းများပါ ရောပါ။ မီးကို ပူရုံပဲထားပြီး မိနစ် ၂၅ -၃၀ ခန့် ထပ်တည်ပါ၊ မကြာခဏ မွှေပေးပြီး ဆားမြည်းပါ။ လိုတာစိတ်တိုင်းကျ ထပ်ဖြည့်ပါ။ ပြီးလျှင် မီးဖိုပေါ်မှ ချထားပါ။
၅။ မီးအနေတော်ဖြင့် အကြော်အိုးထဲ ဆီထည့်ပြီး ဆီပူအောင် တည်ပါ။ ဆီပူလာလျှင် အေးခဲနေသော အာလူးချောင်းများကို လက်ဖြင့် ၂ ဆုပ်လောက်ထည့်ပြီး ကြော်ပါ။ အိုးကျပ်အောင် မထည့်ပါနှင့်။ အပူချိန်လျော့ကျစေပြီး အာလူးအကျက်နှေးကာ ကြွပ်ရွမှုလည်း ကြာရှည်တည်ရတတ်ပါတယ်။ အာလူးချောင်းများ ရွှေရောင်သန်းလာလျှင် ဆီစစ်ထားပါ။ ပြီးလျှင် ပန်းကန်မှာ ထည့်ပြီး အသားဆော့စ်ကို လိုသလောက် ဆမ်း၍ ပါမီဆန်ချိစ်ဖြူးကာ ချက်ချင်း ပူပူလေးသုံးဆောင်ပါ။
..............................
Crd.
Syi Lwin See less
Credit : Facebook Shares
Ingredients
Directions