ကြက်ကုန်းဘောင်ကြီး
ကြက်သားရင်အုံသားကို ပါးပါးလှီးထားပြီး ဆားအနည်းငယ်၊ အချိုမှုန့်အနည်းငယ်၊ နနွင်းအနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ နယ်ထားပါ။
ကြက်သွန်နီဥကြီးတစ်လုံးကိုအခွံနွှာရေဆေးပြီး ၄စိတ်စိတ်ထားပြီးမွှာထားပါ။ ကြက်သွန်ဖြူ ၃မွှာကိုလဲအခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။ မုန်လာဥနီသေး၁ဥကို အခွံခြစ် ရေဆေးပြီး အတုံးလေးများ တုံးထားပေးပါ။ ငရုတ်သီးအခြောက်တောင့် ၂တောင့်ကို ၄ပိုင်းဖြတ်ထားပါ။ ဂျင်းလက်တစ်စစ်လောက်ကို အခွံနွှာရေဆေးပြီး ပါးပါးလှီးထားပါ။
ဒယ်အိုးထဲသို့ ဆီနှစ်ကျပ်ခွဲသားလောက် ထည့်ပါ။ ဆီပူလာလျှင် ၄ပိုင်းဖြတ်ထားသော ငရုတ်သီးအခြောက်ကို ကြော်ပြီးဆယ်ထားပါ။ မွှာထားသော ကြက်သွန်နီများကိုထည့်ပြီးမွှေပေးပါ။အနည်းငယ်နွမ်းလာလျှင် ပါးပါးလှီးထားသော ကြက်သွန်ဖြူကိုထည့် ကြက်သွန်ဖြူနွမ်းလာရင် ဆယ်ထားပါ။
ပြီးလျှင် ဒယ်အိုးထဲသို့ ပါးပါးလှီးထားသော ဂျင်းကိုထည့်ပါ။
နယ်ထားသောကြက်သားကိုထည့်ပါ။
အသားနည်းနည်းကျက်လာတဲ့အထိ ကြော်ပါ။ ၅မိနစ်လောက်ဘဲနော်။
ပြီးရင်အနည်းငယ်နွမ်း၍မွှေးလျှင် တုံးထားသော မုန်လာဥနီကိုထည့်ပါ။
၂မိနစ်လောက် ဆီသပ်ပြီးလျှင် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပေးပါ။
ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊သကြားအနည်းငယ်၊ ပဲငံပြာရေအနည်းငယ်နဲ့ ကော်မှုန့်အနည်းငယ်ကိုရေဖျော်ပြီးထည့်၊ ပြီးရင်မြည်းကြည့် လိုတာထပ်ထည့် ကြော်ပြီးဆယ်ထားတဲ့ ကြက်သွန်ဖြူ ကြက်သွန်နီများ ငရုတ်သီးအခြောက်ကိုထည့်ပါ၊
ကြက်ကုန်းဘောင်ကြီးကြော်ရပါပြီရှင်။
Credit and Ref : https://bit.ly/2GEGYwh
Ingredients
Directions