ဝက်သား ပုံးရည်ကြီးမြန်မာ အရသာစစ်စစ် ဝက်သား ပုံးရည်ကြီးချက်လေးပါ။ ဝက်သားကို အရင်ဆုံး ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့် တို့ဖြင့် နှပ်ထားပြီမှ ချက်ထားတာမို့ နူးအိပြီး စားလို့ကောင်းပါတယ်။ ပုံးရည်ကြီး ကြိုက်သူတွေ ထမင်းမြိန်မှာ သေချာပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…
ပုဇွန်၊ နတ်နတ်သီး ဆလတ်သုပ်လတ်ဆတ်တဲ့ နတ်နတ်သီး၊ သခွာမွှေး အရသာ နှင့် ပုဇွန်ရဲ့ ချိုစိမ့်တဲ့ အရသာတွေကို ပေါင်းစပ်ထားတာမို့ အရသာစုံပြီ ထူးခြား ကောင်းမွန်တဲ့ အသုပ်တစ်မျိုးပါ။ ထို့ပြင် သံလွင်ဆီကို အသုံးပြုထားတာမို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသုပ်ဆိုလည်း မမှားပါဘူး။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူသုပ်ကြည့်ရအောင်…
ကိုရီယား စတိုင် ဝက်သားကင်ကိုရီယား စတိုင် ဝက်သားကင် လေးပါ။ ကိုရီယား ရုပ်ရှင်ကားတွေမှာ ဆလတ်ရွက်ထဲ ဝက်သားကင်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ ထည့်၊ ဆလတ်ရွက်လေးနဲ့ ထုပ်ပြီ စားတာ မြင်ပြီကတည်းက စားချင်နေတာ။ ခုမှ လုပ်စားဖြစ်တော့တယ်။ မိသားစု နဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်း တွေနဲ့ပဲဖြစ်ဖြစ် အတူလုပ်စားမယ်ဆိုရင် အရမ်းကောင်းတဲ့ ဝက်သားကင်လေးပါ။ ချက်နည်းလေး ကြည့်ရအောင်
ကြက်တောင်ပံ ကြက်တောင်ပံကို အရိုးထုပ်ပြီ ဝက်သား အစားသွပ်ကာ ကြော်ထားတဲပ ထိုင်းစတိုင် ချက်နည်းလေးပါ။ ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်ဆင့်ပါ ဖော်ပြပေးထားတာမို့ လုပ်ရလည်း လွယ်မှာပါ။ အချိန်တိုတိုတွင်းမှာပဲ လုပ်စားနိုင်မှာမို့ ချက်နည်းကို ကြည့်ရအောင်…
ဗီယက်နမ်မှာ နံမည်ကြီးတဲ့ ငါးပေါင်းဗီယက်နမ်မှာ နံမည်ကြီးတဲ့ ငါးပေါင်းပါ။ ဂျင်းနု၊ ပင်စိမ်း၊ စပါးလင် တို့နဲ့ ပေါင်းထားသည်မို့ အနံ့လေး မွှေးပြီ အရသာလည်း ကောင်းမွန်သည်။ အချိန်တိုအတွင်းမှာ လုပ်စားနိုင်သည်။ တူတူလုပ်စားရအောင်…
1 181 182 183 184