မုန့်လုံးကောက်ညင်းပေါင်းဒီမုန့်လေးကတော့ရှမ်းပြည်မှာအများဆုံးတွေ့ရပြီးချမ်းအေးတဲ့ဆောင်းတွင်းအခါမနက်ခင်းတွေမှာအများဆုံးရောင်းချတတ်ကြပါတယ်။အချို့တရုပ်ရိုးရာအနေဖြင့်စေးထွေးသည့်မုန့်လုံးကောက်ညင်းနှင့်အချိုဌာပနာထားတာမို့ချိုမြိန်ခြင်းစည်းလုံးညီညွတ်ခြင်းတို့ကိုရည်ညွှန်းပြီးလက်ထပ်မင်္ဂလာရက်မြတ်မနက်ခင်းမှာပြုလုပ်တည်ခင်းလေ့ရှိပါတယ်။ဒီမုန့်လုံးကောက်ညင်းပြုလုပ်ရာတွင်အရောင်ကိုသဘာဝပန်းခြောက်အရောင်ဖြင့်ပြုလုပ်ထားပြီးပန်းခြောက်၏မွေးရနံ့ကိုလည်းရရှိစေမှာဖြစ်ပါတယ်။ရှမ်းပြည်မှာသာတွေ့ရတဲ့ပန်းခြောက်၏အရောင်ဖြင့်ပင်ရှမ်းထမင်းဝါလည်းပြုလုပ်နိုင်ပါတယ်။အလွယ်တကူမရရှိနိုင်ပါကစားဆေးအရောင်ဖြင့်လည်အစားထိုးပြုလုပ်နိုင်ပါတယ်။
ပုဇွန်အစိမ်းသုပ်ပုဇွန်ကို ခေါင်းဖြုတ် အလယ်က ချေးကြောက်းကို ခွဲထုပ်ပြီး ရှာလကာရည်နဲ့ ၁နာရီခန့်စိမ်ထားပေးပါ။ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း .....
ပြည်ကြီးငါးအချိုချက်ပြည်ကြီးငါးကိုသန့်စင်ပါ။ အညှီနံ့ပျောက်အောင် သံပုရာရည်များများညှစ်ပြီး စပါယ်ရှယ်နယ်ပေးပါ။ ပြီးရင်ရေပြန်ဆေးချပြီး ရေစစ်ထားပါ။ ကြက်သွန်ဖြူနီထောင်းထားပါ။ ဆီထည့်ပါ။ ဆီဆူရင်ကြက်သွန်ဖြူနီထည့်ဆီသပ်။ ခရုဆီ ပဲငံပြာရည် သကြား ဆား အချိုမှုန့် ထည့်ပြီးမွှေပေးပါ။ အနံ့မွှေးပြီဆို ပြည်ကြီးငါးထည့်ပါ။ ( ရေမစစ်ထားခဲ့ရင် ရေဗလပွနဲ့ အကြာကြီးတည်.......
ပုဇွန်သံပုရာပေါင်းငါးသံပုရာပေါင်းက လူသိများပေမဲ့ ပုဇွန်သံပုရာပေါင်းက လူသိနည်းနေဆဲပါ..ထူးထူးခြားခြားလေးကို အိမ်မှာချက်ကြည့်ရအောင်..
ကင်းမွန်သံပုရာပေါင်းဂျင်းကိုထောင်းပါ။ ရလာသော ဂျင်းရည်ကို ညှစ်၍ ကင်းမွန်ပေါ်တွင်ဆမ်းပြီး ၁၅မိနစ်ခန့်ပေါင်းပေးပါ ( ထမင်းပေါင်းအိုးတွေမှာပါတဲ့ အလယ်အကန့်လေးပေါ်မှာ စတီးပန်းကန်လေးတင်ပြီးပေါင်းလို့ရပါတယ် ပေါင်းအိုးထဲမှာတော့ ရေထည့်ထားပေါ့ ) ပေါင်းပြီးလို့ထွက်လာတဲ့အရည်ကိုသွန်ပစ်ပါ။ ရေအနည်းငယ် ကြက်သားမှုန့် သကြား ပဲငံပြာရည် လှီးထားသောငရုတ်သီးများထည့်ပြီး ဆူပွက်လာသည်အထိ တည်ထားပေးပါ။ ဆူပြီဆို အအေးခံပြီးနောက် သံပုရာရည်များညှစ်ထည့်ပါ။ နောက်ဆုံးမှ ကင်းမွန်အပေါ်ကနေဆမ်းပြီးတော့ သံပုရာကွင်းလေးတွေနဲ့အလှဆင်နိုင်ပါပြီ။ နံနံပင် ပူတီနံနှစ်သက်သူများလည်း ထည့်ဝင်စားသုံးလို့ရပါတယ်နော်
မုန်ညင်းချဉ်ထမင်းကြော်စပ်စပ်မုန်ညင်းချဉ်ထမင်းကြော်စပ်စပ် •••••••••••••••••••••••••••••••••• တစ်ခါတလေပေါ့..ကြော်စားကြည့်..အရသာက.ရူးရူးရှဲရှဲချဉ်စပ်မွှေးလေးပါ... အိမ်မှာကိုယ်တစ်ယောက်တည်းပဲစားမယ့်သူမရှိတော့ဖွယ်ဖွယ်ရာရာဟင်းတွေချက်မနေတော့ဘူး... မနေ့ကကျန်တဲ့ထမင်းကြမ်းတူစားပန်းကန်တစ်လုံးလောက်ကို မုန်ညင်းချဉ် နဲ့ရောပီးကြော်စားလိုက်တယ်... အသားလေးတစ်တုံး.အသည်းလေးတစ်တုံး..ပုဇွန်လေးသုံးကောင်လောက်ရေခဲသေတ္တာထဲကထုတ်ပီးထည့်ကြော်လိုက်တယ်.. စပ်တာလေးစားချင်လို့ငရုတ်သီးတွေပါထည့်ကြော်လိုက်တာ..
1 176 177 178 179 180 184