သုံးထပ်သား မုန်ညှင်းချဉ်ကြော်ဝက်သားသုံးထပ်သားနှင့် မုန်ညှင်းချဉ်ပေါင်းကို အရင်တခါကတင်ဖူးပါတယ်။ အခုကတော့ ရိုးရိုးလေးပဲကြော်စားတဲ့နည်းလေးပါ။ ဝက်သားသုံးထပ်သားမဟုတ်ပဲ အခြားကြက်သား၊ အသားချည်းဝက်သားတို့နှင့်လဲ ကြော်စားနိုင်ပါတယ်။ ဝက်သားမုန်ညှင်းချဉ်ကြော်ရင် ဟင်းချက်ဝိုင်လေးထည့်မှ အနံ့အရသာနှင့်ပြည့်စုံလို့ဟင်းချက်ဝိုင်ထည့်ပြီးချက်ကြည့်နော်။
ပျားရည် ဝက်နံရိုးကြော်ဝက်နံရိုးကြော်က တော့ ကလေးကော လူကြီးပါကြိုက်နှစ်သက်တာပါ။ ကြော်တဲ့နည်းကို တော့ မချောစု ဆီက သိပြီး အစာပလာကတော့ အိစံကိုယ်တိုင် ဆက်ထားပါတယ်။ ပျားရည်ပါထည့်ထားလို့ချိုမွှေးပြီး အ၇မ်းစားလို့ကောင်းပါတယ်။ပြုတ်စရာမလိုပဲ ချက်ချင်းကြော် ချက်ချင်းစားလို့ရတဲ့နည်းမို့လုပ်စားကြည့်ကြနော်။
၀က်နံရိုး ပဲငပိပေါင်းဝက်နံရိုး ပဲငပိပေါင်းကို dim sum ဆိုင်အတော်များများမှာ လူအများစု ကြိုက်တဲ့ တမျိုးပါ။ နံရိုးပေါင်း အိအိလေးကို မကြိုက်တဲ့သူ နည်းပါတယ်။ လုပ်နည်းက သိရင်လွယ်ကူတာမို့အိမ်မှာပဲ ပေါင်းစားလို့ရတဲ့ နည်းလေးပါ။ လုပ်စားကြည့်နော်။
1 170 171 172 173 174 184