ဘားလမ်းရဲ့ အထင်ကရ Vedge Fine Indian Dining
အိန္ဒိယ အစားအစာချစ်သူတွေရှိလား မင်မင်တို့ကတော့ အရသာလေးလေးပင်ပင် နဲ့ အရသာရှိတဲ့ အိန္ဒိယအစားအစာလေးတွေ ကိုကြိုက်တယ်။
မင်မင်တို့လို ကြိုက်တဲ့သူတွေအတွက် Vedge fine Indian Dining ကိုညွှန်းပေးချင်တယ်။
ဒီမှာက India အစားအစာ အမျိုးအစား စုံစုံလင်လင်ကို တစ်နေရာထဲမှာရနိုင်တယ်။
Salad ကနေ Main Dish တွေအထိ တော်တော်စုံတယ်။
သတ်သတ်လွှတ်သမားတွေ အတွက်သတ်သတ်လွတ် ဟင်းပွဲတွေ အများကြီးရှိတယ်။
ဒီဆိုင်လေးမှာ နိုင်ငံခြားသားဧည့်သည်တော်တော်များများလာလေ့ရှိတယ်။
အပေါ်ထပ်မှာဆိုရင်တော့ Bar counter ရှိပြီးတော့ မွေးနေ့ပွဲတွေ Party ပွဲတွေကျင်းပလို့ရမဲ့ Private အခန်းလည်းရှိတယ်။
ဒီဆိုင်ရဲ့ လူကြိုက်များတဲ့ ဟင်းလျှာတွေဆိုရင်တော့
Dal Tadka
Paneer Tikka Masala
Chicken Agari
Mutton Rogan Josh
Jeera Pulao
တို့ပဲဖြစ်ပါတယ်။ဆိုင်နေရာကတော့ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာဖြစ်တဲ့ ဘားလမ်းမှာဖွင့်ထားတာပဲဖြစ်ပါတယ်။
India အစားအစာ ဓာတ်ကျနေပြီဆိုရင်တော့ India အစားအစာတွေကို အရသာအရှိဆုံးနဲ့ အစုံလင်ဆုံးရောင်းချပေးနေတဲ့ Edge Fine Indian Dining ကို ရောက်အောင်သွားကြည့်နော်။
ဆိုင်ဖွင့်ချိန် -မနက် ၉ နာရီ မှ ည ၁၀:၃၀
ရောင်းအားအကောင်းဆုံး – Dal Tadka,Paneer Tikka Masala,Chicken Agari ,Mutton Rogan Josh,
Jeera Pulaoစျေးနှုန်း – ၂၀၀၀ကျပ် မှ ၁၅၀၀၀ ကျပ်
အစားအစာအမျိုးအစား -Indian
ထူးခြားချက် -မွေးနေ့၊ပါတီ ကျင်းပရန်သီးသန့်အခန်းများ
လိပ်စာ – အမှတ်(၁၅၈/၁၆၈), အမှတ်(၉/၁၀), ဗဟာဗန္ဓူလပန်းခြံလမ်း၊ကျောက်တံတားမြို့နယ်၊ဆူးလေးဘုရားအနီး၊ဘားလမ်း၊AYA Bank အနောက်ဘက်၊ရန်ကုန်။
ဖုန်း – ၀၉ ၉၇၀ ၆၀၇ ၁၄၂, ၀၁ ၃၈၅ ၁၆၃
English Version
===========Shop Name – Vedge Fine Indian Dining
Opening Time – 9:00Am to 10:30 Pm
Best Seller – Dal Tadka,Paneer Tikka Masala,Chicken Agari ,Mutton Rogan Josh,
Jeera PulaoPrice Range – 2000MMK to 15000MMK
Special Feature – Private room for birthday party
Address – No.158/168,Room No. 9/10, Maharbandoola Garden street(Bar street), Kyauktada Township,Sule Pagoda,Opp City Hail, Near AYA Bank,Yangon
Phone -09 970 607 142 , 01 385 163
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.