“မိန်းကလေး တစ်ယောက်ရဲ့ ဖွင့်ဟဝင်ခံချက်ဆိုရင်တော့” “ချဉ်ငံစပ်” အရမ်းကိုကြိုက်ရပါတယ်
“ချဉ်ငံစပ်” ဆိုရင်တော့ လှည်းတန်း က “Royal Perfect ” ဆိုင်လေးကို သိထားမှ ရမယ်ဒီဆိုင်မှာက ယိုးဒယားအစားစာ”ချဉ်ငံစပ်” တွေ ၊အကင်တွေနဲ့ ဟော့ပေါ့တွေကို အဓိက ရနိုင်တယ်။
“Budget” ဆိုင်လေးလဲဖြစ်ပြီးတော့
“ဝက်ကျောရိုးချဉ်စပ်”ကroyal perfect ရဲ့ Signature…ဝက်ကျောရိုးအသားအိအိကို ချဉ်စပ်အရည်လေးနဲ့ တို့စားလိုက်ရင် ဆွေမျိုးတွေကိုအရင် စာရင်းလုပ်ထားဖို့လိုမယ်
Set လိုက်ဟော့ပေါ့တွေရပြီးတော့ အချို၊ချဉ်စပ် နဲ့ မာလာသုံးမျိုးရှိတယ်။စျေးတွေက ၇၀၀၀(သေး)/၁၀,၀၀၀(လတ်)/၁၅,၀၀၀(ကြီး) ဆိုပြီး ၃မျိုးရှိတယ်ပွဲသေး ၇၀၀၀ ဆို ၂ယောက်စာရှိပြီးတော့ ပွဲကြီးဆို ၄ယောက်စာရှိတော့ တစ်ယောက်ဘယ်လောက်မှ မကျဘူး
အမယ်တွေထပ်တိုးပြီထည့်မယ်ဆိုလည်း “၂၀၀ကျပ်” ကနေစရှိတယ်။နောက်ထပ် Royal Perfect ရဲ့ နာမည်ကြီးတဲ့ဟင်းလျှာတွေ ဆိုရင်တော့
-ရေဘဝဲလက်
-ပင်လယ်စာကွန့်ထမ်
-ဆားဘဲဥပြောင်းဖူးထောင်း
-မာလာဟင်း
-အစုံထောင်း နဲ့ အကင်တွေလဲ အစုံရတယ်မာလာရှမ်းကောသူ၊ရှမ်းကောသားတွေ အတွက်လဲ (ကြက်၊ဝက်) မာလာရှမ်းကော ကို “၅၀၀၀” / (ပင်လယ်စာ) မာလာရှမ်းကော ကို “၇၀၀၀” ဆိုပြီးရတယ်။
အင်းစိန်လမ်းမပေါ်မှာဆိုတော့ ကားပါအခက်ခဲလေးတော့ရှိတယ်။
လှည်းတန်းနားတစ်ဝိုက်ဆိုရင်တော့ Delivery Free ရှိတယ်။ဒီတော့”ချဉ်ငံစပ်” ဟင်းလျှာတွေကို ချစ်ရတဲ့သူထက် မြတ်နိုးရတယ် ဆိုရင်တော့ “Royal Perfect” ဆိုင်လေးကို ညွှန်းပေးလိုက်တယ်နော်။
ဆိုင်အမည် -Royal Perfect
ဆိုင်ဖွင့်ချိန် -မနက် ၁၀ နာရီ မှ ည ၉နာရီ
ရောင်းအားအကောင်းဆုံး -ရေဘဝဲလက်၊ပင်လယ်စာကွန့်ထမ်၊ဆားဘဲဥပြောင်းဖူးထောင်း၊မာလာဟင်း၊အစုံထောင်း၊အကင်စုံ
စျေးနှုန်း – ၁၅၀၀ ကျပ် မှ ၁၅,၀၀၀ကျပ်
အစားအစာအမျိုးအစား -ယိုးဒယားအစားစာ
ထူးခြားချက် – စျေးသက်သာခြင်း၊Air con ခန်းများနှင့် သန့်ရှင်းခြင်း
လိပ်စာ – အမှတ်(၇၂)B , အင်းစိန်လမ်းမ၊ကမာရွတ်မြို့နယ်၊ရန်ကုန်မြို့
ဖုန်း – 09 785 544 461,09 799 730 318
English Version
Shop Name – Royal Perfect
Opening Time – 10Am to 9Pm
Best Seller – Grill Octopus,Seafood curry Thai style, Corn salad with salty Egg,Mala Curry , Thai Salads
Price Range – 1500MMK to 15,000MMK
Special Feature – Very Fair Price, Aircon room clean and tidy
Address – No(72)B, Innsein street,Kamayut township, Yangon
Phone -09 785 544 461,09 799 730 318
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.