Details – ဒီရာသီဥတုလေးမှာ ဟော့ပေါ့ပူပူစပ်စပ်လေးစားချင်လိုက်တာ နေဦး ထုံထုံစပ်စပ်နဲ့ မာလာရှမ်းကောလေးလဲ စားချင်ပြန်သေးတယ် နှစ်ခုလုံးဆို ဘတ်ဂျတ်အခြေအနေကလဲ ရှိသေးတယ်…
ဒါတွေမပူပါနဲ့ ဟော့ပေါ့ရော မာလာရှမ်းကောရောကို ၁၀၀ ကနေ စပြီးစားလို့ရနေပြီဆိုတာ သိပြီးပြီလား? ဆိုင်လေးကတော့ စမ်းချောင်းကျားကွက်သစ်လမ်းပေါ်မှာရှိတဲ့ Red Lemon ဆိုတဲ့ဆိုင်လေးပါရှင့်။ဒီဆိုင်လေးမှာ ဟော့ပေါ့နဲ့ မာလာရှမ်းကောကို ကိုယ်တိုင်စိတ်ကြိုက်ရွှေးပြီး စားလို့ရပြီးတော့ ဈေးနှုန်းလေးကတော့ ၁၀၀ ကနေစပါတယ်နော်။ဆိုင်မှာနာမည်ကြီးပြီး စားဖို့ recommend ပေးချင်တာလေးကတော့ တုံယမ်းဟော့ပေါ့ဟင်းရည်လေးနော်။ ချဉ်ချဉ်စပ်စပ် လေးကိုမှကြိုက်တယ်ဆိုတဲ့ ချဉ်စပ်သရဲလေးတွေ အကြိုက်ဖြစ်စေရမယ်နော်။ Seafood အသဲစွဲတွေအတွက် ရေဘဝဲကြီးတွေက ဂျင်းလုံးဝမဟုတ်ဘူးနော်။
ဒီဆိုင်လေးက အချဉ်တွေပြုလုပ်တဲ့အခါမှာလဲ ဓာတုဗေဓ ပစ္စည်းတွေမသုံးပဲ သဘာဝပစ္စည်းတွေနဲ့ သေချာပြုလုပ်ထားတာဖြစ်တဲ့အတွက် အရသာကတော့ပြောစရာ မလိုတော့ဘူးနော်။ Hot Pot နဲ့မာလာရှမ်းကောတင် မဟုတ်ပဲ အခြားဟင်းလျှာလေးတွေနဲ့ အအေးတွေလဲအများကြီးရှိသေးတယ်နော်။Wifi ကလည်း Free!! ဒါကြောင့် ပောာ့ပေါ့ချင်ချင် မာလာချင်ချင် တစ်နေရာထဲမှာ ဈေးသက်သက်သာသာနဲ့ အရသာအရမ်းရှိတဲ့ Red Lemon ဆိုင်လေးကိုလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။
ဆိုင်ဖွင့်ချိန် – နေလည် ၁၁နာရီ မှ ည ၁၁နာရီ
ရောင်းအားအကောင်းဆုံး – ဟော့ပေါ့၊မာလာရှမ်းကော
ဈေးနှုန်း – ၁၀၀ မှ စသည်။
ဆိုင်လိပ်စာ – အမှတ် (၁၆),ကျားကွက်သစ်လမ်းမကြီး၊ကျောက်မြောင်းမြို့နယ်၊ရန်ကုန်မြို့။
ဖုန်းနံပါတ် – ၀၉ ၄၄၁ ၂၀၀ ၁၃၀
English Version
Name – Red Lemon
Opening Time – 11am to 11pm
Best seller – Hot Pot , Mala xio Gaw
Price range – start form 100 kyat
Address – No.16, Kyarkwathit road,Kyauk myoung township, Yangon.
Phone – 09 441 200 130
Address: အမှတ် (၁၆),ကျားကွက်သစ်လမ်းမကြီး၊ကျောက်မြောင်းမြို့နယ်၊,
Phone: 09 441 200 130No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.