- Details – ရန်ကုန်မြို့ကြီးရဲ့ အလှကို တစ်ဝကြီးကြည့်ရင်း Chill လို့အကောင်းဆုံး “??????? ???????” 
 ညနေခင်း ရန်ကုန်မြို့ကြီးရဲ့ Sun Set အလှကို ခံစားမလား။ ချစ်သူနဲ့ Romantic ဆန်တဲ့ Date လေးတစ်ခုလုပ်မလား။ မိန်းကလေး သူငယ်ချင်းတွေနဲ့ #cocktail လေးသောက်ရင်း Girls Date လုပ်မလား။ သူငယ်ချင်းဘော်ဒါတွေနဲ့ အဖွဲ့လိုက်Cheers လုပ်ကြမလား။
 Admin ကတော့ ” ??????? ???????” မှာ cocktail လေးသောက်ရင်း သီချင်းသံငြိမ့်ငြိမ့်လေးလဲ ရန်ကုန်မြို့ကြီးရဲ့ Sun Set အလှကိုကြည့်ရတာ အကြိုက်ဆုံးပဲ။ ??????? ??????? ရဲ့ထူးခြားချက်ထဲမှာ ဆိုရင် Cocktail အမျိူးစား စုံစုံလင်လင် ရှိတာလို့ပြောရမယ်။ Cocktail တစ်ခွက်စီတိုင်းရဲ့ အပြင်အဆင် Garnishing Idea လေးတွေ တော်တော်ကောင်းတာလဲတွေ့ရတယ်။ Admin မှာခဲ့တဲ့” Rangoon signature Cocktail” ဆို Heart shape ခွက်လေးနဲ့ လှလွန်းလို့ သောက်ဖို့တောင်နှမျောတယ်။ Food Menu ဆိုရင် ??????? ???????ရဲ့ signature dishes တွေဖြစ်တဲ့ ဆိတ်လက်ဖက်ထောင်း ငါးကြွပ်ကြော်မကျည်းဆော့ ဝက်ကြွပ်ကြော် အဲ့သုံးခုစားခဲ့တယ်။”ချဉ်ချဉ်စပ်စပ်” ကြိုက်တဲ့သူတွေအတွက် ချဉ်စပ်နှပ်ထားတဲ့ လက်ဖက်ကို ဆိတ်သားမွမွလေးတွေနဲ့ မိန်းကလေးတွေ အကြိုက်ပဲ။ “ဝက်ကြွပ်ကြော်”ကလဲအခေါက်လေးတွေကပါ ကြွပ်ကြွပ်လေး ကို Sauce လေးနဲ့ နှစ်ယောက်မနဲ့ လုစားရတယ်။ ငါးကြွပ်ကြော်မကျည်းဆော့ကတော့ ငါးအကြွပ်ပေါ်မှာ ချဉ်စပ်မကျည်းအနှစ်လေးဖြန်းပြီး အနံအတွက် ရှမ်းနံနံနဲ့ပင်စိမ်းကို ပြန်အုပ်ထားတော့ အနံရောအရသာရော ပြောစရာမလိုဘူး portion က 3ယောက်လောက် အေးဆေးစားလို့ရတယ်။ အခု ??????? ???????မှာ Seasonal promotion အနေနဲ့ ညနေ 6နာရီနောက်ပိုင်း လာတဲ့ customer ဝိုင်းတစ်ဝိုင်းစီကို ‘?????? ????????’ တစ်ခွက် လက်ဆောင် အစီစဉ် ရှိတယ် ဆိုတော့ Admin ကတော့ ထပ်သွားဖို့ Ready ပဲ။- ဆိုင်အမည် -Rangoon Kitchen - ဆိုင်ဖွင့်ချိန် – မနက် ၉ နာရီ မှ ည ၁၀ နာရီ - ရောင်းအားအကောင်းဆုံး – ဆိတ်လက်ဖက်ထောင်း ငါးကြွပ်ကြော်မကျည်းဆော့ ဝက်ကြွပ်ကြော် - ထူးခြားချက် -Rooftop Bar - လိပ်စာ – (231/9လွှာ) သုမနလမ်း၊မာန်ပြေ 3 ရပ်ကွက်၊ပြေကျော်ဆန်ဆိုင် condo၊ ရန်ကုန်မြို့ - ဖုန်း – 09 675 225 985 - English Version - Shop Name -Rangoon Kitchen - Opening hours – 9am to 10pm - Best Seller -Mutton and tea-leaf salad, Krispy fish with tamarind sauce, Krispy Fried pork - Special features -Rooftop - Address -(231/9th floor) Thumana street, 3rd ward, Pyay Kyaw rice shop condo,Tharkayta,Yangon - Phone -09 675 225 985 
- No Records Found- Sorry, no records were found. Please adjust your search criteria and try again. - Google Map Not Loaded- Sorry, unable to load Google Maps API. 

















