ပြည်အစားအစာ ချစ်သူများအတွက် သတင်းကောင်းလေးလာပါပြီဗျ ပြည်မြို့ရဲ့ အထင်ကရ အစားအစာတွေကို စားဖို့အတွက် ပြည်မြို့အထိသွားဖို့ မလိုတော့ပါဘူး။ Pine 24 ဆိုတဲ့ဆိုင်လေးမှာ ပြည်မြို့ရဲလက်ရာအစစ် အတိုင်းရရှိနေပါပြီဗျ။
ပြည်မြို့ရဲ့နာမည်ကြီး ပြည်ထမင်းသုတ်၊ထမင်းကြော်သုတ်၊ပြည်ပလာတာ၊ကြက်သောက်စမ်း စတဲ့ ပြည်မြို့ရဲ့နာမည်ကြီးဟင်းလျှာတွေကို ရရှိနိုင်ပြီးတော့ ထူးခြားတာတစ်ခုကတော့ အချိုမှုန့်၊အသားမှုန့် သုံးထားခြင်း လုံးဝမရှိပဲနဲ့ သဘာဝဟင်းသီးဟင်းရွက် အမှုန့်ကိုသာ အသုံးပြုထားပါတယ်ဗျ။
ကြက်သားကို လည်းမြန်မာကြက်ကိုပဲအဓိက အသုံးပြုထားပါတယ်။
ဒါအပြင် ရွှေတောင်ခေါက်ဆွဲ၊ရွှေတောင်မုန့်ဟင်းခါး စတာတွေကိုလည်း ရွှေတောင်အရသာအစစ်အတိုင်း ရရှိနေပြီဗျ။ညပိုင်းမှာဆိုရင်တော့ ဂဏန်းမဆာလာချက်၊မာလာဟင်းစတာတွေပါရနိုင်တဲ့ အတွက် အစားချစ်သူတွေအတွက်တော့သတင်းကောင်းပဲဗျာ။
ဒါကြောင့်သန့်ရှင်းလတ်ဆတ်ပြီး ပြည်မြို့ရဲ့ အစားအသောက်လက်ရာ စစ်စစ်ကိုစားချင်တယ်ဆိုရင်တော့ Pine 24 ဆိုင်လေးကိုသာ လာရောက်ခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျ။
ဆိုင်ဖွင့်ချိန် – မနက် ၇ နာရီ မှ ည၁၁နာရီ
ရောင်းအားအကောင်းဆုံး – ပြည်ထမင်းသုတ်(အရော/ရိုးရိုး)၊ ပြည်ထမင်းကြော်သုတ်၊ လက်ဖက်ရည်၊ကြက်သောက်စမ်း။
ဈေးနှုန်း – ၈၀၀ မှ ၅၀၀၀
လိပ်စာ – ၂၄(D),နာနတ်တောလမ်း၊ကမာရွတ်၊ရန်ကုန်။
Delivery – https://www.facebook.com/foodmallmm/
Ph: 9 44113 3334
English Version
Name – Pine 24
Opening Time – 7Am to 11Pm
Bestseller – Pyay rice salad,Pyay fried rice salad,Tea,Chicken clear soupPrice – 800 to 5000
Address – 24(D), Narnataw street,Kamayut Township, Yangon
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.